• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

နိုင်းယှဉ်အထင်သေးမှုမရှိစေနှင့်

ဆရာရဲမင်း

11 月 18, 2024

နိုင်းယှဉ်အထင်သေးမှုမရှိစေနှင့်

၁။အခြားသူကို ဒီဆရာလိုနေ့တိုင်းတရားဟောနေနိုင်လို့လား?ဆိုပြီးမနိုင်းယှဉ်မိပါစေနဲ့၊ဘုရားထားတဲ့နေရာချင်းမတူလို့ပါ၊မိမိကျရာနေရာမှာသစ္စာရှိဖို့သာလိုပါတယ်။နေ့တိုင်းတရားဟောနေနိုင်သူဟာ တော်တတ် နေလို့မဟုတ်၊ဘုရားသူ့ကိုပေးထားတဲ့ဆုကျေးဇူးပါ။

၂။အခြားသူကို ဒီဆရာလိုလူဘယ်နှစ်ယောက်ကိုပြောင်းလဲလာအောင်လုပ်ပြီးပြီလဲ?ဆိုပြီးမနိုင်းယှဉ်မိပါစေနဲ့။လူကိုပြောင်းလဲစေတာဆရာတွေမဟုတ်ပါဘူး၊သန့်ရှင်းသောဝိညာဉ်တော်ဘုရားသာဖြစ်ပါတယ်။မိမိကျရာနေရာမှာသာသစ္စာရှိရှိဆက်ကပ်ပါ။

၃။အခြားသူကို ဒီဆရာတွေလိုလမ်းပေါ်ထွက်ပြီးတရားဟောရဲလို့လား?ဆိုပြီးမနိုင်းယှဉ်မိပါစေနဲ့။ဧဝံဂေလိဟောခြင်းကလမ်းပေါ်ထွက်မှဟောလို့ရတာမဟုတ်ပါဘူး၊အဲလိုလုပ်ကိုလုပ်မှရမယ်လို့မသတ်မှတ်ပါနဲ့၊မိမိကျရာကဏ္ဍမှာသစ္စာရှိရှိသာပါဝင်ပါ။

၄။အခြားသူကို ဒီဆရာလိုရှိတာအကုန်ရောင်းပြီးပေးကမ်းရဲကြလို့လားဆိုပြီးမနိုင်းယှဉ်မိပါစေနဲ့။အမှုတော်ဆောင်တိုင်းက ရောင်းစရာပစ္စည်းရှိသူတွေမဟုတ်တာမို့ပါ၊မိမိပိုင်ဆိုင်ထားတဲ့အထဲကဘုရားအတွက်သစ္စာရှိရှိပါဝင်နေရင်လုံလောက်ပါပြီ။

၅။အခြားသူကိုဒီဆရာလိုကျမ်းစာမူရင်းနဲ့ကျွမ်းကျင်စွာရေးသားဟောပြောတတ်လို့လားဆိုပြီးတဖက်သားကိုအထင်မသေးမိပါစေနဲ့။အမှုတော်မြတ်မှာဆက်ကပ်ခြင်းဟာတော်ဖို့တတ်ဖို့အဓိကမကျပါဘူး၊သစ္စာရှိသောငယ်သားကောင်းဖြစ်ဖို့သာလိုပါတယ်၊ကျန်တာဘုရားပြင်ဆင်ပေးပါလိမ့်မယ်။

၁ရာ၁၆:၇ထာ​ဝ​ရ​ဘု​ရား​က၊ သူ၏​မျက်​နှာ၊ သူ၏​အ​ရပ်​ကို မ​ကြည့်​မ​ရှု​နှင့်။ သူ့​ကို ငါ​ပယ်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​မြင်​သ​ကဲ့​သို့ မြင်​တော်​မူ​သည်​မ​ဟုတ်။ လူ​သည် အ​ဆင်း​သ​ဏ္ဌာန်​ကို​ကြည့်​ရှု​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား နှ​လုံး​ကို​ကြည့်​ရှု​တတ်​သည်​။