• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ကျမ်းစာမှအကြွေးဆိုင်ရာသွန်သင်ချက်

ဆရာရဲမင်း

11 月 18, 2024

ကျမ်းစာမှအကြွေးဆိုင်ရာသွန်သင်ချက်

၁။ယုံကြည်သူများအတိုးစားလို့ရပေမယ့်၊ယုံကြည်သူချင်းနဲ့ဆင်းရဲသားများအပေါ်အတိုးမစားရပါ။
(တရား၂၃:၁၉-၂၀သင်၏​အ​မျိုး​သား​ချင်း၌ အ​တိုး​ယူ၍၊ ငွေ၊ စား​စ​ရာ၊ အ​သုံး​အ​ဆောင်​ကို မ​ချေး​မ​ငှား​ရ။ တစ်​ပါး​အ​မျိုး​သား၌ အ​တိုး​ယူ၍ ချေး​ငှား​ရ၏။
ထွက်မြောက်ရာ၂၃:၂၅ငါ့​လူ​ဖြစ်​သော ဆင်း​ရဲ​သား​အိမ်​နီး​ချင်း​အား သင်​သည်​ငွေ​ကို​ချေး​လျှင်၊ အ​တိုး​စား​သော​သူ​ကဲ့​သို့ သူ​၌​မ​ပြု၊ အ​တိုး​ကို​မ​တောင်း​ရ။)

၂။တတ်နိုင်တဲ့ဖက်က‌နေ၊တကယ်လိုအပ်နေသူကိုပြန်ဆပ်လာဖို့မမျှော်လင့်ဘဲချေးဌားပါ၊ကူညီပါ။ဒါကကောင်းကြီးဖြစ်စေတယ်လို့ကျမ်းစာကဆိုပါတယ်။
(ဆာလံကျမ်း37:21ဖြောင့်မတ်သောသူမူကား၊ သနားသောစိတ်ရှိ၍ပေးတတ်၏။
မဿဲ၅:၄၂တောင်း​သော​သူ​အား ပေး​လော့။ ချေး​ငှား​လို​သော​သူ​ကို​လည်း မ​ငြင်း​မ​ပယ်​နှင့်။
လုကာ၆:၃၅တစ်​စုံ​တစ်​ခု​ကို​ရ​မည်​ဟု မျှော်​လင့်​ခြင်း​မ​ရှိ​ဘဲ ချေး​ငှား​ကြ​လော့။ ထို​သို့​ပြု​လျှင် သင်​တို့​အ​ကျိုး​ကြီး​လိမ့်​မည်။)

၃။အကြွေးယူသူများအနေနဲ့လည်းမေတ္တာကလွဲလို့ဘာအကြွေးမှမတင်စေနှင့်(ငွေကြွေးအပါအဝင်)လို့ကျမ်းစာထဲသွန်သင်ထားတာမို့အကြွေးကြာကြာမတင်စေပါနဲ့။
(ရောမ၁၃:၈အ​ချင်း​ချင်းချစ်​ခြင်း​မေ​တ္တာ​မှ​တစ်​ပါးအ​ဘယ်​ကြွေး​မျှမ​တင်​စေ​နှင့်။)

၄။အကြွေးယူသူအနေနဲ့၊အကြွေးယူတာအကျင့်ပါသွားရင်တသက်လုံးသူ့ကျွန်ကနေမလွတ်မြောက်ဘဲဖြစ်နေနိုင်တာမို့အကြွေးယူဝာာအကျင့်မပါစေဘဲဘုရားသခင်ကိုကိုးစားတာပိုကောင်းပါမယ်။
(သုတ္တံ၂၂:၇ ချေး​ငှား​ယူ​သော​သူ​သည် ချေး​ငှား​ပေး​သော​သူ၌ ကျွန်​ဖြစ်၏။)

၅။ခရစ်ယာန်မှန်ရင်ရှိတဲ့အကြွေးကိုကျေအောင်ဆပ်ရမယ်လို့ကျမ်းစာကဖော်ပြပါတယ်၊အကြွေးယူပြီးဆပ်နိုင်ရက်သားနဲ့မဆပ်သူဟာဘုရားဆီမလာထိုက်ကြောင်းကျမ်းစာကဖော်ပြပါတယ်။
(ရှင်မဿဲ ၅:၂၆လျော်​ပြစ်​ငွေ​ရှိ​သ​မျှ​ကိုမ​လျော်​မီ​တိုင်​အောင် ထောင်​ထဲ​က​မ​ထွက်​ရ​ဟု ငါ​အ​မှန်​ဆို၏။)

၆။အကြွေးယူပြီးမဆပ်ချင်တဲ့သူကိုကျမ်းစာကမတရားသောသူလို့ဆိုထားပါတယ်။
(ဆာလံကျမ်း37:21မတရားသောသူသည်ချေးငှား၍မဆပ်ဘဲနေတတ်၏။)

၇။အကြွေးယူသူနဲ့အကြွေးပေးသူကြားမှာကိုယ်ကအာမခံပေးတာမလုပ်မိဖို့ကျမ်းစာကသတိပေးထားပါတယ်။အ‌ကြွေးယူသူကမဆပ်နိုင်ရင်အာမခံထားတဲ့ကိုယ်ကဆပ်နေရမှာမို့ပါ။
(သုတ္တံ၂၂:၂၆-၂၇လက်​ဝါး​ချင်း​ရိုက်​သော​လူ​စု​နှင့် သူ့​ကြွေး​ကို အာ​မ​ခံ​သော လူ​စု​ထဲ​သို့ မ​ဝင်​နှင့်။ သင်၌​ပေး​ရန်​မ​ရှိ​လျှင်၊ သင့်​အိပ်​ရာ​ကို အ​ဘယ်​ကြောင့် ယူ​သွား​စေ​ချင်​သ​နည်း။)

အကြွေးပေးသူအနေနဲ့
ဆင်းရဲသားနဲ့လိုအပ်နေတဲ့ယုံကြည်သူချင်းဆိုရင်၊ပြန်ရဖို့မမျှော်ဘဲပေးနိုင်မှသာပေးသင့်ပါတယ်။မိမိတတ်နိုင်တဲ့အတိုင်းအတာထဲကကူညီရင်ရပါပြီ။အတိုးစားဖို့အနေနဲ့လုပ်ရင်တော့စာရွက်စာတမ်းတွေသေချာလုပ်ပြီးချေးဌားပါ။ပြဿနာရှိလာရင်ရုံးထိတက်လို့ရသေးလို့ပါ။

အကြွေးယူသူအနေနဲ့
ကျမ်းစာမှာအကြွေးယူတာကိုအပြစ်လို့မ‌ပြောထားပေမယ့်၊အားမပေးထားပါ၊ဘုရားကိုသာအားကိုးပါ။အကယ်၍အကြွေးယူထားမိရင်တောင်ကျေအောင်ဆပ်ပါ။မဆပ်ချင်ဘဲနေသူဟာမတရားသောသူဖြစ်သွားနိုင်တာမို့အထူးသတိပြုပါ။အကြွေးဆပ်နိုင်ရက်သားနဲ့မဆပ်ဘဲနေသူဟာဘုရားကိုတောင်မကိုးကွယ်ထိုက်သူလို့ကျမ်းစာကဆိုထားပါတယ်။