ဖခင်များနေ့အတွက်ကျမ်းချက်(၁၅)ချက်
Ye Ming(ပတ္တမြားမြေ)
၁။သားသမီးကိုဘုရားပေးဆုဟုခံယူသောဖခင်
(ဆာလံကျမ်း။ 127:3 ဖွားမြင်သော သားသမီးတို့သည် ထာဝရဘုရားဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏။)
၂။သမ္မာတရားနှင့်အညီဆုံးမသွန်သင်သောဖခင်
(ဧဖက်ဩဝါဒစာ6:4 အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ သခင်ဘုရား၏ အလိုတော်နှင့်ညီသော ဆုံးမ သွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့။)
(တရားဟောရာကျမ်း8:5၊သုတ္တံကျမ်း 22:6 )
၃။လက်တွေ့အလုပ်နှင့်စံပြသောဖခင်
(တရားဟောရာကျမ်း 6:6-7 ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။)
၄။သမ္မာတရား၌ပျော်မွေ့စေလိုသောဖခင်
(၃ယော1:4 ငါ၏သားသမီးတို့သည် သမ္မာတရား၌ ကျင်လည်သည်ကို ငါကြား၍ ဝမ်းမြောက်ခြင်းထက် သာ၍ ဝမ်းမြောက်ခြင်းမရှိ။)
၅။ထာဝရဘုရားကိုသာဝတ်ပြုစေလိုသောဖခင်
(ယောရှုမှတ်စာ 24:15 ငါနှင့် ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ဝတ်ပြုမည်)
၆။လိုအပ်ချက်ကိုထောက်ပံ့သောဖခင်
(ရှင်လုကာခရစ်ဝင်11:11 သင်တို့တွင် အဘဖြစ်သောသူ၌ သားသည် မုန့်ကိုတောင်းလျှင် အဘသည် ကျောက်ကိုပေးမည်လော့။ ငါးကိုတောင်းလျှင် ငါးအစား၌ မြွေကိုပေးမည်လော့။)
၇။အမှုတော်ဆောင်တာကိုအားပေးတဲ့ဖခင်
(ရှင်မဿဲခရစ်ဝင်4:21-22 ထိုမှလွန်ပြန်လျှင် အခြားသောညီအစ်ကိုနှစ်ယောက်၊ ဇေဗေဒဲ၏သားယာကုပ်နှင့် ယောဟန်တို့သည် သူတို့အဘနှင့်အတူ လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကို မြင်၍ ခေါ်တော်မူ၏။ ထိုသူတို့သည်လည်း ချက်ချင်း အဘနှင့် လှေကို စွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။)
(ကမ္ဘာဦးကျမ်း၂၂:၁-၁၉)
၈။သနားစုံမတ်တတ်သောဖခင်
(ဆာလံကျမ်း 103:13 အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။
)
၉။ဘုရားကိုချစ်ကြောက်ဖို့သတိပေးတတ်တဲ့ဖခင်
(သုတ္တံကျမ်း3:11-12 ငါ့သား၊ ထာဝရဘုရားဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကိုစစ်ဆေးတော်မူသောအခါ စိတ်မပျက်စေနှင့်။ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသောသူကို ဒဏ်ခတ်တော်မူတတ်၏။)
(ဟေဗြဲဩဝါဒစာ12:5 )
၁၀။ရယူခြင်းထက်အမြဲပေးဆပ်နေတတ်သောဖခင်
(၂ကော12:14 MSB
ယခု ငါသည် သင်တို့ထံသို့ တတိယအကြိမ်လာရန် အသင့်ရှိ၏။ သို့သော် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်မဟုတ်။ အကြောင်းမူကား ငါသည် သင်တို့၏ဥစ္စာများကို အလိုရှိသည်မဟုတ်။ သင်တို့ကိုသာအလိုရှိ၏။သားသမီးတို့သည် မိဘတို့အတွက် စုဆောင်းရသည်မဟုတ်ဘဲ မိဘတို့ကသာ သားသမီးတို့အတွက် စုဆောင်းရ၏။)
၁၁။သားသမီးအိမ်ထောင်ရေးအတွက်ထမ်းပိုးညီစေသောဖခင်
(ကမ္ဘာဦးကျမ်း24:3-4 ငါနေသောခါနာန်အမျိုးသမီးတို့တွင်၊ ငါ့သားဖို့ မယားကိုမရွေးမယူဘဲ၊ ငါ့ပြည်ငါ့အမျိုးသားချင်းတို့ထံသို့သွား၍၊ ငါ့သားဣဇာက်အဖို့ မယားကိုယူရမည်)
၁၂။ဘုရားသခင်နှင့်အတူသွားလာတတ်သောဖခင်
(ကမ္ဘာဦးကျမ်း 5:22 မသုရှလဖွားမြင်သောနောက်၊ ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာ၍၊ သားသမီးများကို မြင်လေ၏။)
၁၃။သားသမီးအတွက်ဆုတောင်းပေးတတ်သောဖခင်
(ရှင်မာကုခရစ်ဝင် 5:22-23 ထိုအခါ ယာဣရုအမည်ရှိသော တရားဇရပ်မှူးသည် လာ၍ ကိုယ်တော်ကိုမြင်လျှင်၊ ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊ အကျွန်ုပ်၏ သမီးငယ်သေလုပါပြီ။- သို့သော်လည်း ကိုယ်တော်သည်ကြွ၍ သူ့ကို ကယ်တင်ခြင်းငှာ သူ၏အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု များစွာတောင်းပန်၏။)
၁၄။သားသမီးပြန်လာမှာကိုအမြဲမျှော်နေသောဖခင်
(ရှင်လုကာခရစ်ဝင်15:17-22 ထ၍ အဘထံသို့ သွားလေ၏။ သွား၍ ဝေးသေးသောအခါ အဘသည် သူ့ကိုမြင်လျှင်၊ သနားသော စိတ်ရှိသည်နှင့် ပြေးသွား၍ သား၏လည်ပင်းကို ပိုက်ဖက်လျက် နမ်းရှုပ်လေ၏။)
၁၅။သားသမီးတွေအဖေကိုရိုသေပါ။
(ဧဖက်ဩဝါဒစာ 6:1-3 သားသမီးတို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကား ကိုနားထောင်ခြင်းအမှုသည် တရားသောအမှု ဖြစ်၏။- မိဘကို ရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မည်အကြောင်း ဟူ၍ ကတိတော်နှင့်ဆိုင်သော ပထမပညတ်ဖြစ်၏။)
ထွက်မြောက်ရာ20:12၊သုတ္တံကျမ်း 23:22