• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဖခင်များနေ့ပြုလုပ်ပုံများ

ဆရာရဲမင်း

10 月 16, 2024

ဖခင်များနေ့ပြုလုပ်ပုံများ
Ye Ming(ပတ္တမြားမြေ)

၁။အမေရီကန်
ဖခင်များနေ့တနင်္ဂ‌နွေမှာဖခင်သက်ရှိသေးတဲ့သားသမီးတွေဟာနှင်းဆီပန်းအနီရင်ထိုးထားရကြပြီး၊ဖခင်ဆုံးပါးသွားတဲ့သားသမီးတိုင်းမှာတော့နှင်းဆီပန်းအဖြူကိုရင်ထိုးထားကြရပါတယ်။ဖခင်များနေ့ရဲ့မနက်စာကိုသားသမီးတွေကဘဲမိဘ တွေကိုချက်ပြုပ်‌ကြွေးရပါတယ်။ပြီးတော့ဖခင်များနေ့အမှတ်တရလက်ဆောင်ပေးကြပါတယ်။

၂။ဂျပန်
ဖခင်များနေ့မှာဖခင်ကိုဘယ်လိုကျေးဇူးတင်ကြောင်းစာသေချာရေးသားပြီးအသံကျယ်ကျယ်နဲ့ဖခင်‌ ရှေ့ဖက်ပြကြရတယ်လို့သိရပါတယ်။ဖခင်ကိုလက်ဆောင်တွေပေးကြပြီး၊အထူးသဖြင့်ဖခင်များနေ့မှာဖခင်ကိုသားသမီးတွေကရေချိုးဂျီးတွန်းပေးကြရတာလဲယဉ်ကျေးမှုတခုလို့ဆိုကြပါတယ်။

၃။ဂျာမနီ
ဂျာမနီမှာတော့ဘီယာကြိုတ်တတ်တဲ့ဖခင်အတော်များတာမို့၊ဖခင်များနေ့မှာဖခင်တိုင်းတိုင်းကိုမိခင်နဲ့သားသမီးတိုင်းကဘီယာအဝတိုက်ကြတယ်လို့ဆိုပါတယ်။အဲဒီနေ့မှာဖခင်တွေကိုဘေးမဲ့ပေးရတဲ့သဘောပါ။(ယုံကြည်သူတွေကိုတော့ဒီလိုလိုက်လုပ်ဖို့မတိုက်တွန်းပါ)။

၄။ပြင်သစ်
ဖခင်များနေ့မှာသားသမီးတွေကိုယ်တိုင်လုပ်ထားတဲ့ပန်းချီ၊လက်မှု၊တခုခုကိုအမှတ်တရအဖြစ်ပေးကြရတယ်လို့ဆိုပါတယ်။

၅။နယ်သာလန်
ဖခင်များနေ့မှာသားသမီး‌တွေကအဖေအိပ်ယာအထိအစားအသောက်ယူသွားရပြီးအတူတကွစားသုံးရတယ်လို့ဆိုပါတယ်။လက်ဆောင်ကိုလည်းအဖေ့အိပ်ယာအထိသွားပေးရတဲ့ဓလေ့ပါ။

၆။စပိန်
ဖခင်များနေ့မှာသားသမီးတွေကဖခင်ကိုအောက်မေ့ကျေးဇူးတင်ရသည်သာမက၊စပိန်ဘာသာလိုJose(ဂျိုးဇက်-ယောသပ်)အမည်ရှိတဲ့သူတိုင်းကိုလည်းနူတ်ဆက်ရပါသေးတယ်။ဘာလို့လည်းဆိုတော့သူတို့နိုင်ငံရဲ့ဖခင်များနေ့ဟာယေရှုခရစ်ရဲ့မွေးစားဖခင် ယောသပ်ကိုအောက် မေ့သတိရရင်း၃လ၁၉ရက်မှာသတ်မှတ်ထားတာမို့ပါ။

၇။ခရစ်ယာန်အသင်းတော်များ
ဖခင်များနေ့မှာအသားသမီးတွေကဖခင်ကိုလက်ဆောင်ပေးကြပါတယ်၊အသင်းတော်မှာဖခင်တွေကိုပလ္လင်နေရာယူခိုင်းသလို၊တချို့ကမိခင်တွေကိုသီးသန့်နေရာယူခိုင်းတာလဲရှိပါတယ်။အသင်းတော်ကလည်းဖခင်အားလုံးကိုလက်ဆောင်ပေးကြပါတယ်။ လောကဖခင်ရဲ့ကျေးဇူးကိုအောက်မေ့ရင်း‌ ကောင်းကင်အဖဘုရားသခင်ကိုသာ၍ကိုးကွယ်ကြပါတယ်။

စာဖက်သူများအနေနဲ့မိမိအသင်းတော်(သို့မဟုတ်)မိသားစုမှာဖခင်များနေ့ပြုလုပ်ပုံများကို‌ကောမန့်မှာလိုရင်းတိုရှင်းဖော်ပြနိုင်ပါတယ်။