မေး-မာရာနသာ(Maranath)ဆိုတာဘာလဲ?
ဖြေ-ဒီစကားလုံးကအာရမိ(Aramaic)ဘာသာစကားဖြစ်ပါတယ်။အဓိပ္ပာယ်က သခင်ဘုရားကြွလာတော်မူပြီ(မည်)လို့သက်ရောက်ပါတယ်။ဒီစကားလုံးကမြန်မာကျမ်းစာတွေမှာတော့မတွေ့ရပေမယ့်အင်္ဂလိပ်ကျမ်းစာနဲ့လက်ရှိခရစ်ယာန်လောကမှာမကြာခဏသုံးနေတတ်ကြတဲ့စကားလုံးဖြစ်ပါတယ်။အထူးသဖြင့်ခရစ်ယာန်သမိုင်းထဲကရောမခေတ်ကာလမှာယုံကြည်သူတွေအင်မတန်ညှင်းဆဲခံနေရတဲ့အခါမှာ၊ကနဦးယုဒလူမျိုးတွေလို” shalom ” (ငြိမ်သက်ခြင်းရှိပါစေ)လို့အချင်းချင်းနူတ်မဆက်နိုင်တော့ဘဲ၊ဒီဆင်းရဲနှိပ်ဆက်ခြင်းထဲကနေယေရှုတဖန်ပြန်လာမယ်ဆိုတဲ့မာရာနာသာ(Maranath)စကားလုံးနဲ့အားပေးနှင့်သိမ့်နူတ်ဆက်လာကြတာပါ။သဘောကတော့အားမငယ်ပါနဲ့ငါတို့သခင်ယေရှုပြန်လာလိမ့်မည်(သို့)ပြန်လာနေပြီဆိုပြီးအချင်းချင်းအားပေးခဲ့ကြတာပါ။ယနေ့ခရစ်ယာန်တွေလဲဒီစကားလုံးသုံးတိုင်းသခင်ပြန်လာမယ်ဆိုတာအမြဲဆင်ခြင်နှလုံးသွင်းဖို့လိုအပ်ပါတယ်။
(၁ကော၁၆:၂၂၊ဗျာ၂၂:၂၀)
Ye Ming(ပတ္တမြားမြေ)