မေး-ရူပါရုံဆိုတာဘာလဲ?
ဖြေ-ဘုရားသခင်ဆီမှလာတဲ့အထူးမြင်တွေ့ချက်ဖြစ်ပါတယ်၊သမ္မာကျမ်းစာထဲမှာအိမ်မက်ရူပါရုံသော်လည်းကောင်း၊နိုးနေလျက်နဲ့တခုခုကိုမြင်တွေ့ခြင်းသော်လည်းကောင်းဘုရားသခင်ကပေးတတ်ပါတယ်။ဒီရူပါရုံနဲ့စိတ်ခံစားမှုကိုတော့မရောထွေးစေလိုပါ၊ယနေ့ခေတ်အချိန်မှာဘုရားသခင်ဟာလူတွေကိုရူပါရုံပေးရင်သမ္မာကျမ်းစာနဲ့ကိုက်ညီသောအရာမျိူးသာဖြစ်နေတယ်ဆိုတာတော့သိထားရပါမယ်။ယနေ့ဘုရားသခင်ကမိမိကိုရူပါရုံပေးမြင်တယ်ဆိုတာသေချာဖို့ဒီကိုယ်မြင်တဲ့အရာကိုကျမ်းစာအားဖြင့်သော်လည်းကောင်း၊ဆုတောင်းအဖြေရှာခြင်းအားဖြင့်သော်လည်းကောင်း၊လက်တွေ့စစ်ဆေးခြင်းအားဖြင့်သော်လည်းကောင်းသက်သေရှာပြီးလုပ်ဆောင်သွားရမှာဖြစ်ပါတယ်။မဟုတ်ရင်လူတိုင်းငါရူပါရုံမြင်တယ်ဆိုပြီးလက်လွတ်စပယ်ပြောနေကြတဲ့ခေတ်မှာရှုပ်ထွေးကုန်ပါလိမ့်မည်။
Ye Ming(ပတ္တမြားမြေ)