ဓမ္မ၊သမ္မာ၊ပဋိညာဉ်အဓိပ္ပာယ်
ဓမ္မဆိုတာပါဠိစကားလုံးပါ။
အဓိပ္ပာယ်က “ဖြစ်လေ့ဖြစ်ထရှိသောသဘောသဘာဝ”၊“ဟုတ်မှန်သောသဘော”၊“တရားခြင်း”ကိုဆိုလိုပါတယ်။ဆန့်ကျင်ဖက်“အဓမ္မ”ဆိုတာတော့ပုံမှန်မဟုတ်သော၊မတရားခြင်းပေါ့ဗျာ။နဂိုကဗုဒ္ဓဘာသာအသုံးပြုကြတော့ဓမ္မကိုဗုဒ္ဓတရားလို့နားလည်ရပါတယ်။ဒါကိုဆရာယုဒသန်ကခရစ်ယာန်ကျမ်းစာဘာသာပြန်တဲ့အခါဒီစကားလုံးကိုဖန်ဆင်းရှင်ရဲ့တရားလို့ယူသုံးတာဖြစ်ပါမယ်။ဥပမာဓမ္မဆရာလို့ဆိုရင်ဟုတ်မှန်သောတရားကိုဟောသူ(သို့မဟုတ်)ဖန်ဆင်းရှင်ရဲ့တရားကိုဟောသူပေါ့ဗျာ။အမှန်တော့ကျွန်တော်တို့ဖတ်နေတဲ့ဓမ္မဟောင်း၊ဓမ္မသစ်ဆိုတာမူရင်းစကားလုံးအရဖွင့်ဆိုရင်ပဋိညာဉ်ဟောင်းပဋိညာဉ်သစ်လို့အဓိပ္ပာယ်သက်ရောက်ပါတယ်။
ပဋိညာဉ်ဆိုတာကိုထပ်ဖွင့်ဆိုရရင်လူ နှစ်ဦးသို့မဟုတ်နှစ်ဦးထက်ပိုတဲ့သူတွေဟာအကြောင်းကိစ္စတစ်ခုခုနဲ့စပ်လျဉ်းပြီးတစ်ဦးအပေါ်တစ်ဦးအပြန်အလှန်ဆောင်ရွက်ပေးကြဖို့သဘောတူညီထားတဲ့ကတိကဝတ်ဖြစ်ပါတယ်။ဒါကြောင့်ဓမ္မဟောင်းနဲ့ဓမ္မသစ်ဆိုတာဘုရားသခင်နဲ့လူကြားမှာပြုထားတဲ့ကတိကဝတ်သဘောတူညီချက်လို့ဆိုရင်လည်းမမှားပါဘူး။ဓမ္မအဓိပ္ပာယ်အရဖန်ဆင်းရှင်ရဲ့တရားတော်လို့ခံယူလည်းမမှားပါဘူး။
သမ္မာဆိုတာလဲပါဠိစကားလုံးပါဘဲ
အဓိပ္ပာယ်က“မှန်ကန်သော”လို့သက်ရောက်တယ်။တနည်းအားဖြင့်အမှန်တရားပါဘဲ။မတူတာကခရစ်ယာန်ဘာသာမှာဒီအမှန်တရားကလူတွေသတ်မှတ်တဲ့အရာကိုပြောတာမဟုတ်ဘဲဘုရားသတ်မှတ်တဲ့အရာကိုမှသမ္မာတရား(မှန်ကန်သော)လို့သတ်မှတ်တာပါ။ဒါကြောင့်အမှန်တရားနဲ့သမ္မာတရားတူလားမေးရင်စကားလုံးအရအဓိပ္ပာယ်ကအတူတူပါဘဲ၊ဒါပေမယ့်စံချိန်မှာတော့ဘုရားကိုမူတည်သလားလူတွေခံယူထားတဲ့စံချိန်မှာမူတည်သလားဘဲကွာမှာပါ။
(အမှားပါသွားရင်ကျနော်ဆရာရဲမင်း၏အားနည်းချက်သာဖြစ်သည်ဟုဝန်ခံပါသည်။)
ကိုးကား
၁။ဥပဒေဗဟုသုတ
၂။ဝီကီပီးဒီးယား
၃။ဝစ်ရှင်နရီ
၄။သမ္မာကျမ်းစာ