• 周日. 4 月 19th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဝိညာဉ်တော်ကလူကိုပစ်လဲစေသလော?

ဆရာရဲမင်း

10 月 9, 2024

ဝိညာဉ်တော်ကလူကိုပစ်လဲစေသလော?

လက်ရှိခရစ်ယာန်အသင်းတော်အများထဲမှာ၊ဝတ်ပြုစည်းဝေးလုပ်ချိန်တရားဟောဆရာကဆုတောင်းပေးလိုက်တာနဲ့ဝိညာဉ်တော်ဆင်းသက်လို့ဆိုပြီးလဲကျသွားတာကြုံဘူး၊တွေ့ဘူး၊မြင်ဘူး၊ကြားဘူးကြမှာပါ။ဆိုတော့ဒီအရာတွေဟာသမ္မာကျမ်းစာမှာပါသလား?မပါဘူးလား?ဒါနဲ့ပတ်သတ်ပြီးသမ္မာကျမ်းစာကဘယ်လိုသွန်သင်ထားသလဲဆိုတာအရေးကြီးပါတယ်။

ဒါနဲ့ပတ်သတ်ပြီးဝိညာဉ်တော်ဘုရားဆင်းသက်ပြည့်ဝလို့ပါပြောတဲ့သူတွေက၊သူတို့ရဲ့အခြေပြုကျမ်းများသောအားဖြင့်
၁ရာ ၁၉:၂၃-၂၄
ဒံယေလ ၁၀:၇-၉
တမန်တော် ၂:၁-၄၂
တမန်တော် ၉:၄
ဗျာဒိတ် ၁:၁၇
….တို့ဘဲဖြစ်ပါတယ်။နောက်ထပ်ကျမ်းချက်တွေလဲရှိနိုင်ပါသေးတယ်၊cmtမှာဖော်ပြမေးမြန်းနိုင်ပါတယ်။ခုတော့အပေါ်ကကျမ်းချက်ငါးခုကိုအနည်းကျဉ်းရှင်းပြပါမယ်။

၁ရာ ၁၉:၂၃-၂၄ မှာပြောထားတဲ့ရှောလု
အပေါ်ဘုရားသခင်၏ဝိညာဉ်တော်သက်ရောက်စေခြင်းဟာဒါဝိဒ်ကိုကယ်တင်ဖို့အတွက်အဓိကပါ။ယုံကြည်သူတစ်ယောက်အပေါ်ဝိညာဉ်တော်သက်ရောက်တဲ့ပုံစံမျိုးမဟုတ်ပါ။ဘယ်ယုံကြည်သူမှလဲရှောလုလိုဖြစ်ချင်ကြမယ်မထင်ပါဘူး။ဝိညာတော်သက်ရောက်ပြီးရှောလုသူ့ရှေ့လျှောက်အသက်တာကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါလိမ့်မယ်။

ဒံယေလ ၁၀:၇ ကဒံယေလရဲ့အဖြစ်အပျက်နဲ့ တမန်တော် ၉:၄ ကပေါလုရဲ့အဖြစ်အပျက်၊ဗျာဒိတ် ၁:၁၇ကယောဟန် တို့ရဲ့အဖြစ်အပျက်တွေဟာ…ဝိညာဉ်တော်ပြည့်ဝလို့ဆင်းသက်လို့ဖြစ်တဲ့အနေထားမဟုတ်ပါ။အပြစ်သားအနေနဲ့သန့်ရှင်းသောဘုရားတန်ခိုးကိုထိတွေ့ရလို့မခံမရပ်နိုင်ဘဲလဲကျသွားခြင်းဖြစ်ပါတယ်၊လူတစ်ယောက်ယောက်ကဆုတောင်းပေးမှဖြစ်တာမဟုတ်ပါ၊လဲကျသွားချိန်မှာလဲအသိညာဏ်ရှင်းလင်းနေပါတယ်။ဆိုတော့မည်သူမဆို(ဝိညာဉ်တော်ဆင်းသက်စရာမလို)ဘုရားရဲ့သန့်ရှင်းခြင်းနဲ့တွေ့ရင်သေလုမတက်ဖြစ်မှာဧကန်ပါ။

တမန်တော် ၂:၁-၄၂ ကိုပြောရရင်တော့
ပစ်လဲမကျသွားပါ။အဓိကဝိညာဉ်တော်ကလူတွေနားမလည်တာကိုနားလည်အောင်ဆိုပြီးတော့အမျိုးမျိုးသောဘာသာစကားဆိုတဲ့ဆုကျေးဇူးကိုချပေးခဲ့တာဘဲဖြစ်ပါတယ်။ခုခေတ်လူတွေကျတော့နားလည်နေပြီးသားလူတွေအများကြီးရှေ့မှာလုံးဝနားမလည်နိုင်တဲ့အမျိုးမျိုးသောဘာသာစကားပြောနေကြတာသမ္မာကျမ်းစာနဲ့လုံးဝလွဲတာဘဲ။

တမန်တော်ဝထ္ထု ၅:၁ ကိုကိုးကားပြီးဝိညာဉ်တော်ဆင်းသက်ရင်လဲကျတတ်တယ်လို့ပြောသူတချို့လဲရှိပါသေးတယ်၊အာနနိနှင့်ရှိဖိရေ လဲကျသွားတာဟာယုံကြည်သူပေါ်မှာဝိညာဉ်တော်ဆင်းသက်ပြည့်ဝခြင်းနဲ့လုံးဝမတူပါ၊သူတို့ဟာဝိညာဉ်တော်ကိုပြစ်မှားလို့သေခြင်းခံရတာ၊တနည်းအားဖြင့်လဲကျသွားပြီးပြန်မထလာနိုင်တဲ့သူတွေပါ၊ဒါမျိုးကိုလက်ရှိယုံကြည်သူများလဲလိုလားမည်မဟုတ်ပါလေ။

ဆိုတော့နိဂုံးအနေနဲ့ပြောရမယ်ဆိုရင်ဝိညာဉ်တော်တို့ထိလို့ကိုယ့်အပြစ်ကြောင့်ခြေမခိုင်ဘဲငိုကြွေးတဲ့သူရှိကောင်းရှိပါလိမ့်မယ်၊ဒါပေမဲ့တရားပွဲမှာမှလဲကျတာမျိုးမဟုတ်ရပါ၊ဘယ်ဆရာကဆုတောင်းပေးမှဖြစ်တာမျိုးလဲအသေမဟုတ်ပါ၊ဝိညာဉ်တော်အလုပ်လုပ်ခြင်းဟာကာယကံရှင်ရဲ့နှလုံးသားနဲ့သာအဓိကဆိုင်ပါတယ်၊တရားပွဲမှလဲကျခြင်းမျိုးဆိုရင်အမှားကြီးမှားတာပါဘဲ၊ဝိညာဉ်တော်ကအဲလိုတရားပွဲမျိုးမှာဘဲကန့်သတ်ကျဆင်းတာမဟုတ်ပါ၊ဆုတောင်းသူတိုင်းအဆင့်အတန်းမခွဲဘဲတက်ရောက်ပါတယ်။သမ္မာကျမ်းစာအရပြောရရင်ဝိညာဉ်တော်ပြည့်ဝတဲ့သူတစ်ဦးဟာရှေ့လျှောက်အသက်တာမှာဝိညာဉ်တော်နဲ့အတူရည်ရှေအသက်ရှင်သူဖြစ်ပါတယ်။ခေတ္တပစ်လဲကျခြင်းမျိုးမဟုတ်။ဝိညာဉ်တော်ဆင်းသက်လာပြီလက်ခံကြပါဆိုပြီးနောက်ပစ်လဲကျသွားပြီးရီခြင်း၊ငိုချင်း၊အကြောဆွဲခြင်း၊ယူပါရုံရသလိုလိုပြောခြင်းကျမ်းစာမှာလုံးဝလုံးဝမရှိပါ။ဝိညာဉ်တော်ပြည့်ဝခြင်းရဲ့သက်သေဟာတရားပွဲမှာမှဖြစ်တာမဟုတ်၊မိမိအသက်တာမှာ ဂလာတိဩဝါဒစာ ၅:၂၂-၂၄ ကအကျိုးများရှိပြီးပုံသက်သေကောင်းအဖြစ်အသက်ရှင်သောသူသာလျှင်ဝိညာဉ်တော်ပြည့်ဝသူများသာဖြစ်ကြပါတယ်။

နောက် ရောဂါပျောက်ဖို့အတွက်ကိုယ့်ယုံကြည်ခြင်းနဲ့ဘုရားအလိုတော်ကသာအဓိကပါ။ကိုယ့်ယုံကြည်ပြီးဘုရားအလိုတော်ရှိရင်ပျောက်ပါလိမ့်မယ်၊ဘုရားအလိုတော်ကအခြားရှိသေးရင်ကျေးဇူးတော်လုံလောက်စွာနဲ့ဆက်အသက်ရှင်ရမှာပါဘဲ။ဘယ်တရားပွဲသွားဆုတောင်းခံမှပျောက်မယ်လို့အတည်မပြုစေချင်ပါ၊ဆုတောင်းခံတာကောင်းပါတယ်၊ဒါပေမဲ့ပျောက်စေတာဘုရားပါ၊ဆုတောင်းပေးသူမဟုတ်။ရောဂါမပျောက်လဲအလိုတော်အတိုင်းအသက်ဆက်ရှင်ရမှာပါ၊ရောဂါမပျောက်လို့ယုံကြည်ခြင်းမရှိဘူးမပြောစေလို၊ရောဂါပျောက်ရင်လဲတနေ့သေရမှာပါ၊ရောဂါကုသပေးခြင်းနိမိတ်အားဖြင့်ထာဝရကိုပိုတောင့်တစေချင်တာလေးကသာဘုရားအလိုတော်ပါ။ခေတ္တဘဝအားဖြင့်ထာဝရကိုတော့မလဲလိုက်ကြပါနဲ့။

ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၄:၁ချစ်သူတို့၊ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကိုစုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့ သွားကြပြီ။