အထင်မသေးလိုက်ပါနဲ့ !
👉နှိမ့်ကျနေတဲ့သူတွေကိုအထင်မသေးလိုက်ပါနဲ့၊
သူတို့အားဖြင့်ဘုရားကသင့်ကိုဖေးမတတ်စေချင်လို့ပါ။
👉ဆင်းရဲနေတဲ့သူတွေကိုအထင်မသေးလိုက်ပါနဲ့၊
သူတို့အားဖြင့်ဘုရားကသင့်ကိုပေးလှူတတ်စေချင်လို့ပါ။
👉ဒုက္ခရောက်နေတဲ့သူတွေကိုအထင်မသေးလိုက်ပါနဲ့၊
သူတို့အားဖြင့်ဘုရားကသင့်ကိုဂရုဏာရှိစေချင်လို့ပါ။
👉ပျော့ညံ့တဲ့သူတွေကိုအထင်မသေးလိုက်ပါနဲ့၊
သူတို့အားဖြင့်ဘုရားကသင့်ကိုကူညီတတ်စေချင်လို့ပါ။
👉ပညာမဲ့တဲ့သူတွေကိုအထင်မသေးလိုက်ပါနဲ့၊
သူတို့အားဖြင့်ဘုရားကသင့်ကိုအလင်းပြတတ်စေချင်လို့ပါ။
👉စိတ်ဓာတ်ကျနေတဲ့သူတွေကိုအထင်မသေးလိုက်ပါနဲ့၊
သူတို့အားဖြင့်ဘုရားကသင့်ကိုနှစ်သိမ့်တတ်စေချင်လို့ပါ။
👉သင့်ကိုမုန်းသောသူတွေကိုအထင်မသေးလိုက်ပါနဲ့၊
သူတို့အားဖြင့်ဘုရားကသင့်ကိုခွင့်လွတ်တတ်စေချင်လို့ပါ။
ဒါကြောင့်ကိုယ်ကလူတွေကိုအထင်သေးနေတဲ့ချိန်ဘုရားနဲ့ဝေးနေပြီဆိုတာသတိထားပါမိတ်ဆွေ။
ကျမ်းချက်
ယုံကြည်ခြင်း၌ သီလကို၎င်း၊
သီလ၌ ပညာကို၎င်း၊
ပညာ၌ ကာမဂုဏ်ချုပ်တည်းခြင်းကို၎င်း၊
သည်းခံခြင်း၌ ဘုရားဝတ်ကိုပြု၍ မွေ့လျော်ခြင်းကို၎င်း၊
ထိုမွေ့လျော်ခြင်း၌ ညီအစ်ကိုစုံမက်ခြင်းကို၎င်း၊
ညီအစ်ကိုစုံမက်ခြင်း၌ ချစ်ခြင်းမေတ္တာကို၎င်း၊
အလွန်ကြိုးစားအားထုတ်၍ ထပ်ဆင့်ကြလော့။
အကြောင်းမူကား၊ ထိုပါရမီတို့သည် သင်တို့၌ ရှိ၍ ကြွယ်ဝလျှင်၊
ငါတို့သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌ မပျင်းရိစေခြင်းငှါ၎င်း၊
အကျိုးမဲ့ မဖြစ်စေခြင်းငှါ၎င်း၊ ပြုပြင်တတ်ကြ၏။(၂ပေ ၁း၅-၈)
Ye Ming(ပတ္တမြားမြေ)