• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဘုရားသားသမီးများအတွက်နှစ်သိမ့်စာ

ဆရာရဲမင်း

10 月 12, 2024

ဘုရားသားသမီးများအတွက်နှစ်သိမ့်စာ

1.ကျွန်တော့မှာဆင်းရဲလို့အဆင့်မြင့်အကောင်းစားအစားစာတွေမစားနိုင်ခဲ့ပေမဲ့၊ကောင်းကင်ကကျတဲ့ဝိညာဉ်မန္နမုန့်ကိုနေ့စဉ်စားသုံးနေရပြီ။

2.ကျွန်တော့မှာအဝတ်စားအကောင်းစားကြီးတွေမဝတ်နိုင်ပေမဲ့၊ယေရှုခရစ်အသွေးတော်အားဖြင့်သန့်ရှင်းသောဝတ်လုံကိုဝတ်ခဲ့ရပြီ။

3.ကျွန်တော့မှာဥစ္စာကြွယ်ဝမူမရှိပေမဲ့၊ဘုရားသခင်ကကောင်းကင်ဘဏ်အကောက်တခုဖွင့်ပေးခဲ့ပြီ။ယေရှုခရစ်နာမအားဖြင့်တောင်းနိုင်တဲ့အရာပေါ့။

4.ကျွန်တော့မှာနာမည်ကြီးသမ္မတတွေရဲ့ဖုန်းကိုဝင်အောင်မဆက်နိုင်ခဲ့ပေမဲ့၊အရာခပ်သိမ်းကိုတတ်နိုင်တဲ့ထာဝရဘုရားကိုတော့အချိန်မရွှေးဆက်သွယ်နိုင်ခဲ့ပြီ။

5.ကျွန်တော့မှာအဆင့်မြင့်ဘွဲ့တွေမယူနိုင်ခဲ့ပေမဲ့၊သန့်ရှင်းတော်မူသောဘုရားကိုသိကျွမ်းခွင့်ရရှိခဲ့ပြီ။

6.ကျွန်တော့မှာမည်ကိုကမ္ဘာသူဌေးစာရင်းဝင်အောင်သမိုင်းစာမျက်နှာဝင်အောင်မလုပ်
နိုင်ခဲ့ပေမဲ့၊ကောင်းကင်နိုင်ငံရဲ့အသက်စာရင်းမှာမှတ်တမ်းတင်နိုင်ခဲ့ပြီ။

7.ကျွန်တော့မှာထိပ်တန်းနာမည်ကြီးပုဂ္ဂိုလ်တွေနဲ့အစီးဝေးထိုင်ခွင့်မရှိခဲ့ပေမဲ့၊ဘုရင်တကာဘုရင် အရှင်တကာအရှင်ဘုရားတကာဘုရားသခင်နဲ့နေ့တိုင်းစကားပြောခွင့်ရခဲ့ပြီ။

8.ကျွန်တော့မှာနောက်လိုက်အစေခံတွေမရှိခဲ့ပေမဲ့၊ထာဝရဘုရားရဲ့ကောင်းကင်တမန်တော်တွေကိုယ်တိုင်လာပြီးကွယ်ကာစောင့်ရှောက်တာခံရပြီ။

9.ကျွန်တော့မှာဖျားနာရင်အကောင်းဆုံးဆေးရုံကဆရာဝန်နဲ့မပြနိုင်ခဲ့ပေမဲ့၊ကောင်းကင်နိုင်ငံကဆရာဝန်သခင်ယေရှုခရစ်ရဲ့ကုသခြင်းခံခဲ့ရပြီ။

10.ကျွန်တော့မှာသူငယ်ချင်းဆိုလို့သိပ်မရှိခဲ့ပေမဲ့၊အရင်းနီးဆုံးနဲ့ကျနော့ကိုထာဝရအချစ်ဆုံးဖြစ်တဲ့ယေရှုခရစ်ကိုလက်ခံရရှိခဲ့ပြီ။
ဟာလေလုယာ။အာမင်။

Ye Ming(ပတ္တမြားမြေ)