• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဘုရားပေးလက်ဆောင်

ဆရာရဲမင်း

10 月 12, 2024

ဘုရားပေးလက်ဆောင်
🎁🎁🎁🎁🎁🎁🎁
၁။ဘုရားကသင့်ကိုအသိတရားပေးထားပြီ၊သင်ဒီအသိတရားတိုင်းလုပ်ဆောင်နေပြီလော?
၂။ဘုရားကသင့်ကိုကျမ်းမာခြင်းပေးထားပြီ၊သင်ကိုယ့်ကျမ်းမာရေးဂရုစိုက်နေပြီလော?
၃။ဘုရားကသင့်ကိုသူငယ်ချင်းတွေပေးထားပြီ၊သင်စိတ်ဖြူစင်စွာနဲ့ပေါင်းသင်းနေပြီလော?
၄။ဘုရားကသင့်ကို၁ရက်၂၄နာရီအချိန်ပေးခဲ့ပြီ၊သင်အကောင်းဆုံးအသုံးချနေပြီလော?
၅။ဘုရားကသင့်ကိုချမ်းသာမူပေးခဲ့ပြီ၊သင်မရှိဆင်းရဲသားကိုပေးကမ်းပြီလော?
၆။ဘုရားကသင့်ကိုအာဏာပေးထားပြီ၊သင်အများအတွက်အကျိုးပြုပြီလော?
၇။ဘုရားကသင့်ကိုစိမ်းလန်းသောသဘာဝကြီးကိုပေးခဲ့ပြီ၊သင်ကာကွယ်စောင့်ရှောက်ခဲ့ပြီလော?
၈။ဘုရားကသင့်ကိုချစ်ခြင်းပေးခဲ့ပြီ၊သင်ကိုယ်နှင့်စပ်ဆိုင်သောသူကိုကိုယ်နှင့်အမျှချစ်ပြီလော?
၉။ဘုရားကသင့်ကိုမတူညီတဲ့ဆုကျေးဇူးပေးခဲ့ပြီ၊သင်အကောင်းဆုံးဆပ်ကပ်ပြီလော?
၁၀။ဘရားကသင့်ကိုမိဘ၊အိမ်ထောင်ဖက်၊သားသမီး၊မိသားစုပေးခဲ့ပြီ။သင်သူတို့အတွက်တာဝန်ဝတ်တရားကျေပြီလော?
၁၁။ဘုရားကသင့်ကိုသားတော်ယေရှုပေးခဲ့ပြီ၊သင်ဧဝံဂေလိဝေငှပြီလော?
၁၂။သခင်ယေရှုကသင့်ကိုအသက်ပေးခဲ့ပြီ၊သင်ယေရှုဘုရားကိုဘာများပေးခဲ့ပြီလဲ ?

မိတ်ဆွေ……
ကျွန်ုပ်တို့ဟာများသောအားဖြင့်
ဘရားသခင်ဆီတောင်းတာများနေတတ်ပြီး၊ကိုယ့်ကိုဘုရားပေးထားတဲ့အရာတွေ့မေ့နေတတ်ပါတယ်၊ယနေ့ဘုရားပေးထားသောဆုလတ်တွေကိုကျေးဇူးတော်ချီးမွမ်းလျက်၊အသက်တာမှာကောင်းဆုံးအသုံးပြုနိုင်ကြပါစေ။

Ye Ming(ပတ္တမြားမြေ)