• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ယေရှုသည်အပြစ်ကင်းသန့်ရှင်းပါသလား?

ဆရာရဲမင်း

10 月 12, 2024

ယေရှုသည်အပြစ်ကင်းသန့်ရှင်းပါသလား?

ယေရှုခရစ်သည်အပြစ်မရှိပါ၊သန့်ရှင်းသောလူသား၁၀၀%ဖြစ်သလိုသန့်ရှင်းသောဘုရား၁၀၀%ဖြစ်ပါတယ်။ဒါမှလဲသူကကယ်တင်ခြင်းပေးနိုင်မှာပါ၊အပြစ်ရှိခဲ့ရင်လူသားအားလုံးအပြစ်အတွက်အပြစ်ဖြေရာယဇ်ဖြစ်နိုင်မည်မဟုတ်ပါ။ထိုကြောင့်ယေရှုခရစ်အပြစ်ကင်းကြောင်းအရေးကြီးကျမ်းချက်တချို့ကိုတင်ပေးလိုက်ပါတယ်။

ဟေဗြဲဩဝါဒစာ ၄:၁၅ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသော ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသော စုံစမ်းနှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။

ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၅:၂၁အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင် သည်အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည်ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။

ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၃:၅ကိုယ်တော်သည် ငါတို့၏အပြစ်များကို ဆောင်သွားခြင်းငှါ ထင်ရှားပေါ်ထွန်းတော်မူသည်ကို သင်တို့ သိကြ၏။ ကိုယ်တော်၌လည်း အပြစ်မရှိ။

ရှင်ပေတရုဩဝါဒစာ ပဋ္ဌမစောင် ၂:၂၂ထိုသခင်သည် ဒုစရိုက်ကိုမပြု၊ နှုတ်တော်၌လည်း မုသာကိုရှာမတွေ့၊ ကဲ့ရဲ့ခြင်းကို ခံရသောအခါ ပြန်၍မကဲ့ရဲ့။

ရှင်ပေတရုဩဝါဒစာ ပဋ္ဌမစောင် ၁:၁၉အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေး တော်မြတ်နှင့်ရွေးတော်မူသည်ကို သိမှတ်ကြလော့။

ဆိုတော့
ယေရှုအပြစ်ရှိတယ်ဆိုတဲ့ကျမ်းပိုဒ်လုံးဝလုံးဝရှာမတွေ့ပါ။တချို့ဆရာတွေကယေရှုခရစ်ဟာမာရိကနေဇာတိအပြစ်ပါလာတယ်ဘာညာသွန်သင်နေခြင်းကိုယုံကြည်သူများသေချာဆန်းစစ်ကြပါ။ကားတိုင်ပေါ်မှာကျမှလူသားအားလုံးရဲ့အပြစ်ကိုသူတယောက်ထဲခံသွားခဲ့လို့အပြစ်အကြီးဆုံးသူအဖြစ်အသေခံပြီးလူသားအားလုံးအတွက်စတေးခဲ့တာပါ။