• 周三. 6 月 10th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဝတ်ပြုစည်းဝေးမှာဘုရားကိုမထီမဲ့မြင်ပြုသူများ

ဆရာရဲမင်း

2 月 27, 2025

ဝတ်ပြုစည်းဝေးမှာဘုရားကိုမထီမဲ့မြင်ပြုသူများ

၁။ဘုရားဝတ်ပြုဖို့ဘုရားကျောင်းရောက်လာပေမဲ့ဝတ်ပြုချိန်ဖုန်းကိုသာငုံ့ပြီးပွတ်နေသူများ။(ဘုရားလာရှိခိုးတာမဟုတ်ဘဲဖုန်းလာပွတ်တာ၊ကောင်းကြီးလာယူတာမဟုတ်ဘဲကျိန်ခြင်းလာယူတာ)။

၂။အားလုံးဝတ်ပြုနေချိန်ဖုန်းသံအကျယ်ကြီးဖွင့်ထားပြီးဖုန်းပြောနေသူများ။(ဘုရားထက်ကြီးတဲ့သူဖုန်းဆက်လာလို့လားမသိ)။ဒီအထဲအမှုတော်တောင်တွေတောင်ပါသေး။

၃။ဘုရားဝတ်ပြုသွားတိုင်းဖုန်းသံကိုတမင်တကာဖွင့်ထားတတ်သူများ။ (ဘုရားထက်အရေးကြီးတဲ့ကိစ္စဖုန်းဝင်လာရင်မကိုင်မိမှာစိုးလို့ဖြစ်မယ်)။ဝတ်ပြုတုန်းဖုန်းကထထအော်တော့အလန့်တကြားဖြစ်။ဒီအထဲအမှုတော်တောင်တွေအပါအဝင်။

၄။ဝတ်ပြုချိန်တိုင်းအမြဲအချိန်နောက်ကျပြီးသာရောက်လာတတ်သူများ။(လေယာဉ်စီးဖို့ဆိုရင်တော့ဘယ်လောက်ဝေးဝေးနှစ်နာရီကြိုရောက်ဘဲ)။

၅။ဝတ်ပြုနေချိန်တိုင်းအမြဲစကားကျယ်လောင်စွာပြောဆိုနေကြသူများ။(ဘုရားဝတ်ပြုဖို့လာတာမဟုတ်စကားစမီပြောဖို့သာလာတာ)။

၆။ဝတ်ပြုနေချိန်တိုင်းအမြဲဝင်လိုက်ထွက်လိုက်လုပ်တတ်သူများ။(ဘုရားတရားကသူ့အထဲကဝိညာဉ်ဆိုးကိုမငြိမ်မသက်ဖြစ်နေစေတာလားမသိ-ဆင်ခြင်)

၇။ဝတ်ပြုစည်းဝေးသာလာတာအတင်းတုပ်ဖို့နဲ့အမုန်းပွားဖို့ရောက်လာကြသူများ။(လူကိုယ်တိုင်ဘုရားဆီရောက်လာပေမဲ့ပါးစပ်ကအပြစ်ပြုတုန်း)

၈။ဝတ်ပြုနေချိန်တိုင်းအမြဲအိပ်ငိုက်အိပ်မောကျပြီးရှိုက်သံပါထွက်နေတတ်သူများ။(ဘုရားကျောင်းမှာဘဲအိပ်ပျော်လို့-အိပ်ဖို့လာတာ)

၉။ဘုရားကျောင်းမှာမိမိတာဝန်ကျတဲ့အရာပြီးသွားရင်ဖုန်းထွက်ပွတ်နေတတ်သူများ။(ဥပမာ-ဝေါရှစ်လီတာနဲ့တီးဝိုင်းအဖွဲ့ကသူတို့ဦးဆောင်တာပြီးရင်ဝတ်ပြုဆက်မပါဘဲအပြင်မှာဖုန်းထိုင်ပွတ်နေတာလက်တွေ့)

ဖုန်းနဲ့ကျမ်းစာကြည့်တာ၊မှတ်စုမှတ်တာ၊သီချင်းစာသားကြည့်တာကို ပြောနေတာမဟုတ်ဘူး၊ဝတ်ပြုချိန်၂နာရီ လေးမှာတောင်တချိန်လုံးဖုန်းဂိမ်းနဲ့တခြားဆိုရှယ်ဘဲချက်တင်လုပ်နေတာကိုပြောတာ။ထပ်ပြောချင်တာကတပတ်၇ရက်ဖုန်းစိတ်ကြိုက်ပွတ်ပါ၊ဝတ်ပြုချိန်၂နာရီလေးတော့ဘုရားနဲ့သာအာရုံပြုပါ။နောင်တမရဘဲဒီတိုင်းဝတ်ပြုစည်းဝေးဆက်ပါနေရင်ကောင်းကြီးမင်္ဂလာမဖြစ်ဘဲကျိန်ခြင်းအမင်္ဂလာသာဖြစ်နေပါလိမ့်မယ်။
ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။

၁ ကော၁၁:၁၇ တစ်​ဖန်​တုံ၊ သင်​တို့​သည် အ​ကျိုး​ကို ပြု​စု​ခြင်း​ငှာ စည်း​ဝေး​ကြ​သည်​မ​ဟုတ်။ အ​ကျိုး​ကို နည်း​စေ​ခြင်း​ငှာ စည်း​ဝေး​ကြ​သည်​ဖြစ်၍၊ ငါ​သည် ပ​ညတ်​ထား​စဉ်​တွင် သင်​တို့​ကို မ​ချီး​မွမ်း​ရ။
ဂလာတိ၆:၇ အ​လွဲ​မ​ယူ​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​တော်​မ​မူ။ လူ​သည် မျိုး​စေ့​ကြဲ​သည်​အ​တိုင်း အ​သီး​အ​နှံ​ကို​ရိတ်​ရ​လိမ့်​မည်။

မူရင်း-ဆရာရဲမင်း