• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အွန်လိုင်းပေါ်ကခရစ်ယာန်အုပ်စု(၈)မျိုး

ဆရာရဲမင်း

3 月 22, 2025

အွန်လိုင်းပေါ်ကခရစ်ယာန်အုပ်စု(၈)မျိုး

၁။သမ္မာကျမ်းစာကိုမှားယွင်းစွာအနက်ပြန်ပြီးမှန်တယ်ထင်နေတဲ့အဖွဲ့။မှန်တယ်ထင်နေလို့ဘယ်သူ့ကိုမှဂရုမစိုက်ဘဲအမှားကိုဆက်ဟောနေတဲ့အဖွဲ့။

၂။မှားယွင်းစွာဟောနေတဲ့ဆရာ/မ တွေရဲ့ဖန်တွေ၊ကိုယ့်ဆရာ/မ‌ တွေမှားနေတာကိုမှားနေမှန်းမသိဘဲကာဗာလုပ်ပေးနေတဲ့ခရစ်ယာန်အဖွဲ့။ဆရာစွဲ-ဆရာထိဓားကြည့်အုပ်စု။

၃။အမှားကိုမှားကြောင်းတအားဝေဖန်ထောက်ပြနေချင်တဲ့အုပ်စု၊ဧဝံဂေလိနဲ့လူကိုခွန်အားပေးဖို့သူတို့မလုပ်တတ်ဘူး၊စားပြီးအိပ်ပြီးသူများအမှားကိုဘဲရှာပြီးလိုက်ဝေဖန်ထောက်ပြနေတဲ့အဖွဲ့။ကြက်ဥထဲအရိုးမွှေရှာနေတဲ့အဖွဲ့၊လိုတာထက်ကိုလွန်ကဲပြီးတိုက်ခိုက်တဲ့အဆင့်ထိ‌ရောက်‌နေမှန်းမသိရောက်နေတဲ့အဖွဲ့ပါ။

၄။မှားတာကိုလည်း‌ထောက်ခံ၊မှန်တာကိုလည်းထောက်ခံပြီး၊လူတကာသင့်မြတ်အောင်ပေါင်းတဲ့အဖွဲ့၊ဘယ်သူ့အမှားကိုမှမပြောဘဲအကုန်အားပေးနေတဲ့အဖွဲ့။အမုန်းမခံရလေအောင်လေတိုက်ရာယိမ်းတဲ့အုပ်စု။

၅။ဘာမှမပြောဘဲငြိမ်နေတဲ့အဖွဲ့။မသိတာမဟုတ်၊အမြဲစောင့်ကြည့်နေတယ်၊ဘာမှမပြောဘဲငြိမ်နေတာ။ပြောရင်လူမုန်းများမှာစိုးလို့နဲ့မှားသွားမှာစိုးလို့မပြောရဲဘဲငြိမ်နေတဲ့အဖွဲ့၊ပရိသတ်ပေါ့။

၆။လူတိုင်းအမှားမကင်းဘူးဆိုပြီးအမှားတိုင်းကိုမေတ္တာနဲ့ခွင့်လွတ်ရမယ်ဆိုတဲ့အဖွဲ့။မဝေဖန်နဲ့၊မစီရင်နဲ့၊ခွင့်လွတ်ပါဆိုနေကြပေမဲ့တဖက်ကအမှားထောက်ပြနေသူတွေကိုတော့ခွင့်မလွတ်နိုင်တဲ့သဘော၊စီရင်နေတဲ့သဘောမှာရှိတယ်။

၇။မှားမှန်ကိုသေချာပိုင်းခြားဖို့လေ့လာတယ်၊မတူညီတဲ့ဆရာတွေကိုမေးမြန်းတယ်။ဆုတောင်းပြီးဆင်ခြင်သုံးသပ်တယ်။လေတိုက်ရာမယိမ်းဘူး၊သမ္မာတရားပေါ်သာရဲရဲရပ်တည်တယ်။သူများကိုတိုက်ခိုက်ဝေဖန်ဖို့ထက်ကိုယ်တိုင်မှန်ကန်စွာလေ့လာခံယူတယ်။

၈။ပညာရှင်ဆန်ဆန်ထောက်ပြတတ်တဲ့အဖွဲ့၊တိုက်ခိုက်တာမလုပ်ဘူး၊ငြင်းခုန်တာမလုပ်ဘူး။ ခေါင်းဆောင်တွေမှားရင်ဆုတောင်းပေးတယ်၊ရဲရဲသတိပေးတယ်။လူတွေလမ်းမလွဲအောင်ချပြတယ်။သတိ‌ပေးပြီးလက်မခံရင်ဆက်မပြောတော့ဘူး၊ဆုဘဲဆက်တောင်းပေးတယ်။ပြီးရင်ဧဝံဂေလိနဲ့တရား‌ ဟောလုပ်စရာရှိတာဆက်လုပ်တယ်။

သင်ကောဘယ်အုပ်စုကလဲ?နောက်ထပ်ဘာအုပ်စုရှိသေးလဲကောမန့်မှာရေးခဲ့လို့ရပါတယ်။
ယုံကြည်သူ‌တွေ၇-၈အုပ်စုထဲပါနေဖို့အရေးကြီးတယ်။
ကျွန်တော်ကိုယ်တိုင်အုပ်စု၇-၈ထဲရောက်ဖို့ဆုတောင်းနေရတယ်။