နှင်းဆီပန်းတပွင့်မှသင်ခန်းစာ
လူတဦးမှပန်းအရောင်းဆိုင်ကြီးရှေ့ကားရပ်ဆင်းလိုက်သည်။ရွှာကမိခင်ကိုပန်းစည်းလေးလူကြုံပို့ဖို့ပါ။
ဆိုင်ထဲဝင်မယ်လုပ်တော့…
ဆိုင်တံခါးဘေးမှာအမျိုးသမီးငယ်လေးတဦးငိုနေတာတွေ့ရပါတယ်။
“ဘာလို့ငိုနေတာလဲသမီး?”
သမီးငယ်မှခေါင်းမော့လာပြီး“သမီးအမေကိုနှင်းဆီပန်းတပွင့်လေးဝယ်ပြီးပေးချင်တာငွေမလောက်လို့ပါ”။
ဒီစကားကိုကြားတော့အတော်သနားမိသွားပါသည်။ဆိုင်ထဲဆွဲခေါ်ဝင်ပြီးကြိုက်နှစ်သက်ရာနှင်းဆီပန်းတပွင့်ရွေးယူပြီးငွေရှင်းပေးလိုက်ပါသည်။
ရွှာကအမေအတွက်ပန်းစည်းကိုလည်းဝယ်ယူပြီးထွက်လာပါတယ်။
ကလေးမကိုလည်းကားနဲ့လိုက်ပို့ပေးဖို့မေးတော့သူ့အမေအိမ်ဝေးကြောင်းပြောလာပါတယ်၊ဒါကိုကြားမိတော့ပိုပြီးစိတ်မချလို့ ကလေးမရဲ့အမေ့အိမ်အထိပို့ပေးဖို့ဆုံးဖြတ်လိုက်ပါသည်။
ကားကိုအတန်ကြာမောင်းပြီးရွှာတခုအဝင်မှာကလေးမလေးကားကိုရပ်ဖို့တောင်းဆိုပါသည်။
“သမီး၊ဒီမှာအိမ်ခြေတောင်မရှိဘူးလေ၊သမီးအိမ်ကဘယ်မှာလဲ?”
ကလေးမလေးမှ
“ဟုတ်ကဲ့ဦးလေး၊သမီးအိမ်ကရွှာထဲမှာပါအခုကအမေ့ကိုပန်းခနသွားပေးမလို့ပါ”ပြောရင်းဆိုရင်းရွှာပြင်သင်္ချိုင်းမြေထဲသွားပြီးအုတ်ဂူတခုရှေ့မှာပန်းချခဲ့လေသည်။
အံ့ဩပြီးမေးမိပါသည်။
“ ဪ-သမီးရဲ့အမေကဆုံးသွားခဲ့ပြီလား?”
“ဟုတ်ကဲ့ဦးလေး
တလတော့ပြည့်ပါပြီ။”
ဒါနဲ့အလင်းရပြီး
စိတ်ထဲအတော်တို့ထိမိပါသည်။
ဒီသမီးလေးကသူ့အမေဆုံးပါးသွားတာတောင်ပန်းတပွင့်လေးအမှတ်တရထားဖို့ဒီလောက်အဝေးကြီးကိုခြေကျင်လျှောက်လာဝယ်တာပါလား။ငါ့မှာအမေကမသေသေးဘူး၊ငါကလူကြုံနဲ့ပါးဖို့လုပ်နေတာမဟုတ်သေးဘူးဆိုပြီး၊အပြန်လမ်းမှာပန်းဆိုင်ထဲပန်းစည်းအကြီးတခုပြန်ပြောင်းဝယ်ပါတယ်၊တခါထဲပြင်ဆင်ပြီး၅နာရီလောက်ဝေးတဲ့အမေ့အိမ်ကိုမောင်းလာခဲ့ပါတော့တယ်။
……………………ပြီး…………………..
မိတ်ဆွေ
သေသူအတွက်ဈာပနအခန်းအနားကြီးကြီးမားမားလုပ်ပေးနေတာထက်၊မသေခင်ကြီးကြီးမားမားပြုစုပါ။သေပြီးသင်္ချိုင်းဂူလှလှလေးလုပ်ပေးတာထက်၊ယခုအသက်ရှင်နေသေးတဲ့မိဘတွေကိုတတ်နိုင်တဲ့ဖက်ကကျေးဇူးဆပ်ပါလေ။မိဘမသေခင်လုပ်ကျွေးပါ၊သေမှနောင်တမရပါစေနဲ့။
ဧဖက်၆:၂-၃ မိဘကို ရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မည်အကြောင်း ဟူ၍ ကတိတော်နှင့်ဆိုင်သော ပထမပညတ်ဖြစ်၏။