အမေရဲ့ပေးဆပ်ခြင်းကျေးဇူးများ
၁။အမေဟာ- အဖေ့ရဲ့ဇနီး နေရာမှာအမြဲပေးဆပ်နေသူပါ။
၂။အမေဟာ- အဘိုးအဘွားရဲ့ချွေးမနေရာကနေအမြဲပေးဆပ်နေပါ။
၃။အမေဟာ-သားသမီးအတွက်ကလေးထိန်းပမာအမြဲပေးဆပ်သူပါ။
၄။အမေဟာ-သားသမီးအတွက်အိမ်ဖော်ပမာဝယ်ခြမ်း၊ချက်ပြုတ်၊ကျွေးမွေး၊သိမ်းကြုန်း၊ဆေးကြော လျှော်ဖွတ်ပေးပြီးအမြဲပေးဆပ်နေသူပါ။
၅။အမေဟာ-သားသမီးအတွက်နိုးစက်ပမာအမြဲစောစောထပြီးလာနိုးပေးနေသူပါ။
၆။အမေဟာ-မိသားစုအတွက်မညဉ်းညူဘဲဝေလျာဝိစ္စအကုန်အစင်အမြဲကုန်းလုပ်နေတတ်သူပါ။
၇။အမေဟာ-သားသမီးအတွက်ကျောင်းဆရာတစ်ယောက်လိုအမြဲသွန်သင်လမ်းပြပေးနေတတ်သူပါ။
၈။အမေဟာ-သားသမီးအတွက်လုံခြုံရေးတစ်ယောက်လိုအမြဲကာကွယ်စောင့်ရှောက်ပေးတတ်သူပါ။
၉။အမေဟာ-သားသမီးအတွက်ဆရာဝန်တစ်ယောက်ပမာသားသမီးကျန်းမာရေးကိုအမြဲဂရုစိုက်တတ်သူပါ။
၁၀။အမေဟာ-သားသမီးအတွက်ဘုရားပေးတဲ့အလင်းပမာသားသမီးကယ်တင်ခြင်းရဖို့၊ဘုရားတရားမမေ့ဖို့အမြဲဆုတောင်းပေးနေတတ်သူပါ။
၁၁။အမေဟာ-သားသမီးအတွက်သူရဲကောင်းပမာ၊ရှေ့ကနေမားမားရပ်တည်ပြီးရင်ဆိုင်ပေးနေတတ်သူပါ။
၁၂။အမေဟာ-သားသမီးအတွက်ပြောလို့မကုန်တဲ့ဆုံးမစကားတတွတ်တွတ်ရှိနေသူပါ။
အမေဟာ-သားသမီးအတွက်… ဆက်ပြီးပြောလို့မကုန်တဲ့ဘုရားပေးဆုလာဒ်ပါဘဲ။အမေးကျေးဇူးပြန်ဆပ်တတ်တဲ့သားသမီးများဖြစ်ကြပါစေ။
သားမြေးရှိသောမုတ်ဆိုးမဖြစ် လျှင်၊ထိုသားမြေးတို့သည်ရှေ့ဦးစွာဘု ရားဝတ်ကိုရည်မှတ်လျက်၊မိမိအိမ်ကို ပြုစု၍မိဘဘိုးဘွား၌ကျေးဇူးဆပ်ခြင်း ငှါသင်ကြစေ။ထိုအမှုသည်ဘုရားသခင် နှစ်သက်တော်မူသောအမှုဖြစ်၏။ (၁တိ ၅:၄ )