• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အချိန်မရွေးသေသွားနိုင်တယ်

ဆရာရဲမင်း

10 月 25, 2024

အချိန်မရွေးသေသွားနိုင်တယ်

စဥ်းစားဖူးလား?အခုသေသွားရင်ငါဘယ်ရောက်မလဲ?ငါခရစ်တော်ကိုတွေ့ဖို့အဆင်သင့်ဘဲလား?ငါမသေခင်ဘာတွေလုပ်ဖို့လိုသေးလဲ?မိမိကိုယ်ကိုယ်ဆင်ခြင်ရင်းအားလုံးကိုလည်းခွန်အားပေးချင်တယ်။
မသေခင်လုပ်ရမယ့်အရေးကြီးဆုံးအရာလုပ်ပါ။
၁။ယေရှုကိုယုံကြည်ပြီး၊ထာဝရအသက်ကိုသေချာစေပါ။
၂။ရန်ငြိုးပြေစေပါ။ချီနှောင်ထားသူကိုခွင့်လွတ်ပါ။သူတပါးကိုကူညီပေးကမ်းပါ။
၃။အမှုတော်မြတ်မှာအချိန်ရှိတုန်းပါဝင်ပါ။(အချိန်လုပြီးပါဝင်သင့်ပါတယ်)ပေးလှူပါဝင်သင့်တာပါဝင်ပါ။
ငါခုဘဲသေသွားရင်ငါရှိတဲ့အရာအကုန်ထားခဲ့ရမှာ၊ငါဒါတွေကိုဘုရားအမှုတော်မြတ်အတွက်ပေးလှူဖို့တွန့်တိုခဲ့လေသလား?ဆင်ခြင်ကြည့်ပါ။
၄။မိသားစုကိုချစ်ပါ၊တန်ဖိုးထားပါ။မိဘကိုအချိန်ရတုန်းကျေးဇူးဆပ်ပါ။မိသားစုအတူသွားလည်ပါ။ငါအခုသေသွားရင်ငါလုပ်ချင်ရက်သားနဲ့မလုပ်ခဲ့ရတာဘာလဲတွေးပါ၊အပြစ်ကလွဲလို့ရဲရဲလုပ်ပါ။
ကျနော်တို့ဟာမနက်ဖြန်ဘာလုပ်မယ်၊နောက်နေ့ဘယ်သွားမယ်ပြင်ဆင်‌ထားတတ်ကြတယ်။ဒါပေမဲ့သတိထားမိလား?လူ့အသက်ဟာအခိုးအငွေ့လိုပါ၊နေ့မြင်ညပျောက်ပါ။အချိန်မ‌ရွေးသေသွားနိုင်တယ်။မိမိအသက်ကိုမိမိမပိုင်ကြောင်းအထူးဆင်ခြင်မိစေပါ။ကျနော်အချိန်မရွေးသေသွားနိုင်သလိုသင်လဲသေသွားနိုင်ပါတယ်။သမ္မာသတိရှိရှိအသက်ရှင်ကြပါ။‌
ငါအခုသေသွားခဲ့ရင်ဆိုတဲ့အတွေးနဲ့အသက်ရှင်ပါ၊
အရေးကြီးတာတွေသင်လုပ်တတ်လာလိမ့်မယ်။
ချစ်သင့်တာကိုသင်ချစ်တတ်လာလိမ့်မယ်။
ပေးလှူသင့်တာကိုရက်ရောလာလိမ့်မယ်။
ရန်ငြိုးရှိသူကိုသင်ခွင့်လွတ်လာနိုင်လိမ့်မယ်။
တမလွန်အတွက်ဦးစားပေးလာတတ်လိမ့်မယ်။
မိသားစုနဲ့ကိုယ့်အပေါ်ကောင်းတဲ့သူကိုတန်ဖိုးထားတတ်လာမယ်။
သေတော့မယ့်အချိန်လေးမှငါအရေးကြီးတာဘာမှမလုပ်ခဲ့ရသေးပါလားဆိုပြီးနောင်တမရမိပါစေနဲ့။
ရှင်ယာကုပ်ဩဝါဒစာ4:14
နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ။ သင်တို့ အသက်သည် အဘယ်သို့သောအရာ ဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏။
ဝိညာဉ်တော်အလင်းပေးပါစေ၊အာမင်။
မူရင်း-ဆရာရဲမင်း