အိပ်ပျော်သွားတာကိုဝမ်းနည်းမလွန်စေချင်
ကျနော့အဖေညညအိပ်ပျော်သွားရင်ကျနော်တမူထူးခြားပြီးဝမ်းမနည်းနေပါဘူး။သူပြန်နိုးလာမှာသိနေလို့ပါ။
ကျနော်လည်းညညအိပ်ယာဝင်ရမှာမကြောက်ပါဘူး၊ပင်ပန်းထားတာအနားယူပြီး၊ခွန်အားအပြည့်နဲ့ပြန်နိုးလာမှာမို့လိုလိုလားလားအိပ်ယာဝင်တာပါ။
ဒီလိုပါဘဲ
ယုံကြည်သူတွေသေတာဟာခေတ္တအိပ်ပျော်နေတာပါ၊“အိပ်ပျော်တယ်”ဆိုတာသေခြင်းကိုကြောက်လို့သုံးနေတဲ့စကားမဟုတ်သလို၊ပုံဆောင်ချက်စကားလုံးလည်းမဟုတ်ပါ။တကယ့်အိပ်ပျော်ခြင်းဖြစ်ပါတယ်။ဒါကြောင့်သေသွားသူအတွက် ခေတ္တခွဲခွာရလို့ဝမ်းနည်းရပေမယ့်၊မျော်လင့်ချက်မရှိတော့သလိုဝမ်းနည်းမလွန်စေချင်ပါ။တချိန်ကျရင်ပြန်တွေ့ကြမှာမို့ဖြစ်ပါတယ်။
အာဒံကြောင့်သေရမယ်ဆိုပြီးလူသားတိုင်းကျိန်ခြင်းခံခဲ့ရပေမယ့်၊ယေရှုခရစ်တော်ကိုယုံကြည်ခြင်းကြောင့်သေခြင်းကိုအောင်မြင်ခဲ့ပါပြီ။အာမင်။
ဒါဆိုရင်ယုံကြည်သူတွေဘာလို့သေနေရသေးတာလည်းလို့မေးကောင်းမေးနိုင်ပါမယ်၊အဖြေကရှင်းပါတယ်၊သေတာမဟုတ်တော့ဘဲ၊ခေတ္တအိပ်နေတာပါ။အိပ်တယ်ဆိုကတည်းကပြန်နိုးလာပါလိမ့်မယ်။အာမင်။
၁သက်၄:၁၃-၁၄
ညီအစ်ကိုတို့၊ သင်တို့သည် မျှော်လင့်ခြင်းမရှိသောအခြားသူများကဲ့သို့ ဝမ်းနည်းခြင်းမရှိကြမည့်အကြောင်း အိပ်ပျော်သောသူတို့နှင့်ပတ်သက်၍ သင်တို့မသိဘဲနေရန် ငါတို့အလိုမရှိ။ အကြောင်းမူကား ယေရှုသည် အသေခံပြီးနောက် ထမြောက်တော်မူသည်ဟု ငါတို့ယုံကြည်ကြလျှင် ဘုရားသခင်သည် ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း ထိုကဲ့သို့ပင် ထိုသခင်နှင့်အတူခေါ်ထုတ်တော်မူလိမ့်မည်။(မြန်မာ့စံမီဘာသာပြန်ကျမ်း) 收起