သမ္မာကျမ်းစာမှယောသပ်(၁၃)ဦး
ယောသပ်ဆိုတဲ့အဓိပ္ပာယ်ဟာတိုးပွားခြင်းပါ(ကမ္ဘာ၃၀:၂၄)။သမ္မာကျမ်းစာထဲမှာယောသပ်ဆိုတဲ့လူ၁၃ယောက်လောက်တွေ့ရပါတယ်။အကယ်လို့စာဖတ်သူများအနေနှင့်ဒီ၁၃ဦးထက်များသောယောသပ်များတွေ့ရှိပါကကောမန့်တွင်ကျမ်းချက်နှင့်တကွဖော်ပြနိုင်ပါသည်။
၁။မာရိခင်ပွန်းလောင်းယောသပ်
ရှင်မဿဲခရစ်ဝင် ၁:၁၆အရသူဟာယာကုပ်ရဲ့သားဖြစ်တယ်။ရှင်လုကာခရစ်ဝင် ၃:၂၃မှာယောသပ်အဘဧလိလို့ဆိုထားတာကမာရိဖက်ကအမျိုးကိုရေတွက်နေတာမို့ဧလိဟာယောသပ်ရဲ့ယောက္ခထီးဖြစ်တယ်လို့ဆိုရပါမယ်။
၂။ယေရှု၏တပည့်တော်ယောသပ်
တမန်တော်၁၂ပါးထဲကတော့မဟုတ်ပါဘူး၊ရှင်မဿဲခရစ်ဝင် ၂၇:၅၇အရသူဟာ အရိမသဲမြို့ကသူဌေးသား ယောသပ်ပါ။ယေရှုအလောင်းကိုပိလတ်မင်းဆီကနေတောင်းပြီးသူဝယ်ထားတဲ့သင်္ချုငိ်္င်းဂူသစ်ထဲမှာသင်္ဂြိင်္လ်ပေးခဲ့သူပါ။
၃။ယေရှု၏ညီတော်ယောသပ်
မြန်မာယုသဒန်သမ္မာကျမ်းစာမှာယောသေလို့ဘာသာပြန်ပါတယ်၊မူရင်းကျမ်းမှာအခြားယောသပ်နာမည်တွေနဲ့စကားလုံးတူတူဘဲမို့လက်ရှိဘာသာပြန်ကျမ်းအသစ်တွေမှာတော့ယောသပ်လို့သုံးလာကြပါပြီ။သူကတော့ယေရှုရဲ့မွေးရင်းညီတော်ပါ၊သူ့အကြောင်းကျမ်းစာမှာအထူးတလည်မပါရှိပါဘူး(မသဲ၁၃:၅၅၊မာကု၁၅:၄၇)။
၄။ဗာရှဗလို့ခေါ်တဲ့ယောသပ်
သူ့ကိုယုတ္တုလို့လဲခေါ်ပါတယ်။တမန်တော်ယုဒရှကာယုတ်ဖောက်ပြန်ပြီးသူ့နေရာကိုပြန်လည်ဖာထေးဖို့မဿိနဲ့အတူယာထားခံရသူလဲဖြစ်ပါတယ်(တမန်၁:၂၃)။
၅။ဗာနဗလို့ခေါ်တဲ့ယောသပ်
ဒီလူကိုလည်းယုဒသန်ဘာသာပြန်ကျမ်းမှာယောသေလို့ရေးထားပါတယ်။ဒါပေမယ့်သူ့မူရင်းစကားလုံးနာမည်ကကအခြားယောသပ်နဲ့တူတူဘဲမို့နောက်ပိုင်းဘာသာပြန်ကျမ်းတွေမှာယောသပ်လို့ပြုပြင်ရေးသားလာကြပါတယ်။ဗာနဗဆိုတာပေါလုကိုဖော်ဆောင်လက်ခံသူဖြစ်ပြီးသာသနာခရီးမှာအင်တိုက်အားတိုက်ပါဝင်ခဲ့သူပါ။သူ့အကြောင်းကျမ်းစာမှာအများကြီးရေးမှတ်ထားပါတယ်(တမန်၄:၃၆၊၉:၂၇၊၁၁:၂၄၊၁၀:၂၅-၃၀၊၁၃:၁-၅၀၊၁၄:၁-၂၇၊၁၅:၁၂-၄၁)။
၆။သခင်ယေရှုဆွေစဉ်မျိုးဆက်ထဲကယောသပ်၁
ရှင်လုကာခရစ်ဝင် ၃:၂၄ ဧလိအဘ မဿတ်၊ မဿတ်အဘ လေဝိ။ လေဝိအဘ မေလခိ၊ ပေလခိဘ ယန္န၊ ယန္နအဘ ယောသပ်၊
၇။သခင်ယေရှုဆွေစဉ်မျိုးဆက်ထဲကယောသပ်၂
ရှင်လုကာခရစ်ဝင် ၃:၂၆ ဧသလိအဘနဂ္ဂဲ၊ နဂ္ဂဲအဘ မာအတ်၊ မာအတ်အဘ မတ္တသိ၊ မတ္တသိအဘ ရှေမိ၊ ရှေမိအဘ ယောသပ်၊ ယောသပ်အဘ ယုဒ၊ ယုဒအဘယေဟန္န
၈။သခင်ယေရှုဆွေစဉ်မျိုးဆက်ထဲကယောသပ်၃
ရှင်လုကာခရစ်ဝင် ၃:၃၀ လေဝိအဘရှိမောင်၊ ရှိမောင်အဘယုဒ၊ ယုဒ အဘယောသပ်၊ ယောသပ် အဘယောနန်၊ ယောနန်အဘ ဧလျောတိမ်၊ ဧလျာကိမ် အဘမေလေ၊
၉။သမ္မာဟောင်းကယာကုပ်သားယောသပ်
ဣသရေလသား၁၂ယောက်ရှိတဲ့ထဲ၁၁ယောက်မြောက်သားပါ။အကိုတွေမနာလိုမှုကြောင့်အီဂျစ်ကိုရောင်းစားခံရပေမဲ့ဘုရားချီးမြောက်လို့တိုင်းပြည်အုပ်ချုပ်သူအထိဖြစ်ခဲ့ပါတယ်။သူ့အကြောင်းကိုသမ္မာကျမ်းစာမှာအရှည်ကြီးရေးမှတ်ထားပါတယ်(ကမ္ဘာအခန်းကြီး၃၀မှ၅၀)။
၁၀။ဣသခါမအမျိုးယောသပ်
မောရှေကနေခါနန်ပြည်ကိုလေ့လာဖို့စေလွတ်လိုက်တဲ့ဣသရေလခေါင်းဆောင်၁၂ယောက်ထဲကပါ။(တောလည်ရာကျမ်း ၁၃:၇)။
၁၁။အာသပ်သားယောသပ်
ဒါဝိဒ်မင်းကဘုရားသခင်ကိုချီးမွမ်းဖို့အဆိုအတီးအဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။အဲဒီထဲမှာယောသပ်ဆိုသူလဲပါဝင်နေတာတွေ့ရပါတယ်(ရာဇဝင်ချုပ်၂၅:၂၊၉)။
၁၂။ယစ်ပရောဟိတ်ယောသပ်
ရှာလသေလသား ဇေရုဗဗေလနဲ့အတူယေရုစလင်ကိုပြန်လာတဲ့လူတွေထဲကယစ်ပရောဟိတ်အကြီးအကဲတွေထဲကတစ်ယောက်ပါ(နေဟမိမှတ်စာ ၁၂:၁၄)။
၁၃။တပါးအမျိုးသားမိန်းမကိုယူသောယောသပ်
ဣသရေလလူတွေနိုင်ငံသိမ်းပိုက်ခံရပြီးသူ့ကျွန်ကျရောက်နေတဲ့အချိန်မှာယောသပ်ဆိုသူတယောက်ထပ်မံတွေ့ရပါတယ်။သူကတော့တပါးအမျိုးသားမိန်းမကိုယူခဲ့တယ်လို့ကျမ်းစာကဆိုထားပါတယ်(ဧဇရမှတ်စာ ၁၀:၄၁-၄၄)။