သမ္မာဟောင်းယောသပ်အသက်တာမှခရစ်တော်ပုံရိပ်
ဓမ္မဟောင်းယောသပ်ကယေရှုကိုပုံဆောင်တယ်လို့တော့အတိကျကျမ်းစာမှာမပြောထားပေမဲ့ယောသပ်အသက်တာကိုကြည့်ရင်ယေရှုအသက်တာကိုထပ်ဟပ်စေတာတော့အမှန်ပါဘဲ။
၁။ယောသပ်=အဖေ့အချစ်တော်ဖြစ်တယ်။
ယေရှု=ခမည်းတော်ရဲ့ချစ်သားဖြစ်တယ်။
၂။ယောသပ်=အဖေ့စကားကိုနာခံတယ်။
ယေရှု=ခမည်းတော်စကားကိုနာခံတယ်။
၃။ယောသပ်=နေလကြယ်တွေရဲ့ဝတ်ပြုခြင်းခံရတာဟာသူ့မိဘနဲ့အကိုတွေတချိန်ကျရင်သူ့ရှေ့ပြပ်ဝပ်ရမဲ့သဘောပါ။
ယေရှု=ဒူးမှန်သမျှသူ့ရှေ့ထောက်ရမယ်၊ဒီအထဲဘိုးဘေးအာဗြံဟံအပါအဝင်ပေါ့။
၄။ယောသပ်=သူ့စကားကိုသူ့အဖေကနှလုံးထဲမှတ်ထားတယ်။
ယေရှု=သူ့စကားကိုမယ်တော်မာရိကနှလုံးထဲမှတ်ထားတယ်။
၅။ယောသပ်=အဖေကသူ့အကိုတွေကိုရှာဖို့လွတ်လိုက်တယ်။
ယေရှု=ခမည်းတော်ကလူတွေကိုရှာဖို့လွတ်တယ်။
၆။ယောသပ်=အကိုတွေရဲ့အပြစ်ကိုအဖေဆီတင်ပြပြီးအပြစ်ဆိုတာဖော်ပြတယ်။
ယေရှု=လူတွေရဲ့အပြစ်ကိုဝိညာဉ်တော်ဘုရားချပေးခဲ့ပြီးကိုယ့်အပြစ်ကိုယ်သိစေတယ်။
၇။ယောသပ်=သူ့အကိုတွေသူ့ကိုမချစ်ကြဘူး၊သူ့ကိုသေကြောင်းကြံကြတယ်။
ယေရှု=ယုဒလူတွေသူ့ကိုလက်မခံဘူး၊ကားစင်တင်သတ်ကြတယ်။
၈။ယောသပ်=အကိုရင်းတွေရဲ့ရောင်းစားခြင်းခံရတယ်။
ယေရှု=တပည့်ရင်းရဲ့ရောင်းစားခြင်းခံရတယ်။
၉။ယောသပ်=ခါနန်ကနေအီဂျစ်ကိုထွက်ခွာလာခဲ့ရတယ်။
ယေရှု=ကောင်းကင်ရွှေပြည်ကနေလောကထဲထွက်လာတာပါ။
၁၀။ယောသပ်=သခင်မရဲ့မြူစွယ်စုံစမ်းခြင်းခံရတယ်။
ယေရှု=ရက်၄၀အစာရှောင်ပြီးစာတန်စုံစမ်းခြင်းခံရတယ်။
၁၁။ယောသပ်=ထောင်ထဲကနေစပြီးအမြင့်ဆုံးနေရာပေးခံရတယ်။
ယေရှု=သေပြီးရှင်ပြန်ထမြောက်တယ်။အမြင့်ဆုံးနေရာစိုးစံတယ်။
၁၂။ယောသပ်=သူ့ကိုရောင်းဖို့စပြောသူကယုဒဖြစ်တယ်။
ယေရှု=ယုဒဖြစ်တဲ့တပည့်တော်ကရောင်းစားတယ်။
၁၃။ယောသပ်=ပေါတိဖာဆီကျွန်ခံတယ်။
ယေရှု=သူလာတာလူတွေရဲ့အစေခံဖို့ဖြစ်တယ်။
၁၄။ယောသပ်=အပြစ်မရှိဘဲအပြစ်ရှိသူနဲ့တတန်းထဲထောင်နန်းစံရတယ်။
ယေရှု=အပြစ်မရှိပေမဲ့အပြစ်ရှိတဲ့လူနဲ့အတူကားစင်တင်ခံရတယ်။
၁၅။ယောသပ်=ဘွဲ့နာမသစ်ကဇာဖဏာသဖာဏ(လောကကယ်တင်ရှင်)ဖြစ်တယ်။
ယေရှု=သူ့နာမည်ရဲ့အဓိပ္ပာယ်ကလူသားများကိုအပြစ်မှကယ်ချွတ်မည့်သူဖြစ်တယ်။
၁၆။ယောသပ်= နိုင်ငံအုပ်အရာရတဲ့အချိန်အသက်၃၀ဖြစ်တယ်။
ယေရှု=လူတိုင်းအတွက်ဧဝံဂေလိစဟောတာအသက်၃၀ဖြစ်တယ်။
၁၇။ယောသပ်=လူတွေရဲ့ငတ်ပြတ်ခြင်းကိုအစာသိုလှောင်ပြီးထောက်မတယ်။
ယေရှု=လူတွေအားလုံးရဲ့အသက်မုန့်ဖြစ်တယ်။
၁၈။ယောသပ်=သူ့အကိုတွေကိုရန်မတုန့်ပြန်ဘဲခွင့်လွတ်ခြင်းပေးခဲ့တယ်။
ယေရှု=သူ့ကိုပြစ်တင်သူရန်သူအားလုံးကိုခွင့်လွတ်ရုံမကဆုတောင်းပေးခဲ့တယ်။
၁၉။ယောသပ်=ညီအကိုတွေအတွက်သုံးကြိမ်ငိုခဲ့တယ်။
ယေရှု=သုံးကြိမ်ငိုခဲ့ဘူးတယ်။
၂၀။ယောသပ်= သမ္မာကျမ်းစာထဲမှာသူ့အမှား(အပြစ်)ကိုမဖော်ပြထားဘူး။
ယေရှု=၁၀ဝ%လူသားဖြစ်ခဲ့ပေမဲ့၁၀ဝ%အပြစ်မရှိ(မလုပ်)ခဲ့ဘူး။
၂၁။ယောသပ်=သူ့အသက်တာဟာဣသရေလတမျိုးသားလုံးငတ်ပြတ်မှုကိုကယ်တင်ဖို့ဘုရားပြင်ဆင်တာဖြစ်တယ်။
ယေရှု=တလောကလုံးရဲ့လူတွေကိုကယ်တင်ဖို့ဘုရားသခင်ကပြင်ဆင်တာဖြစ်တယ်။