• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

မိဘကိုဒီစကား(၁၀)ခွန်းမပြောပါနဲ့တော့

ဆရာရဲမင်း

10 月 17, 2024

မိဘကိုဒီစကား(၁၀)ခွန်းမပြောပါနဲ့တော့

၁။”ဟုတ်ပြီဟုတ်ပြီ၊သိပါပြီလို့၊ပြောနိုင်လိုက်တာ၊မပြီးဘူး”
(ဖေမေရဲ့မပြီးနိုင်တဲ့အမှာစကားတွေဟာသားသမီးကိုချစ်လို့ဆိုတာနားလည်ပါ။)

၂။”ဟဲလို၊ဘာကိစ္စရှိလို့လဲ?ဘာမှမရှိရင်ဖုန်းချပြီ”
(မိဘဖုန်းဆက်လာတာဟာသားသမီးနဲ့စကားပြောချင်လို့၊သတိယလို့ဆိုတာနားလည်ပါ။)

၃။”ပြောပြလဲနားလည်မှာမဟုတ်ဘူး၊မမေးနဲ့တော့!”
(သင့်ရဲ့စိတ်ရှည်ခြင်းကသင့်သူငယ်ချင်း၊လုပ်ဖော်ကိုင်ဖက်၊နောက်ဆုံးတစိမ်းလူကိုတောင်ပေးခဲ့ပြီး၊မိဘကိုတော့မပေးနိုင်တာဘာကြောင့်လဲ?)

၄။”မလုပ်ပေးနဲ့လို့ဘယ်နှစ်ခါပြောပြီးပြီလဲ၊ကြည့်လေအကုန်အလွဲအချော်တွေ”
(သားသမီးကိုကူညီနိုင်မလားဆိုပြီးချစ်လို့လုပ်မိတာ၊မိဘကိုအသုံးမကျတဲ့သူတွေလို့မမြင်ပါနဲ့)

၅။”ဟာ…ဒါတွေခေတ်မမှီတော့ဘူးဖေမေရ၊”
(မိဘပေးတဲ့အကြံတွေကသင့်အတွက်မသင့်တော်ဘူးဆိုရင်တောင်၊ရိုရိုသေသေပြန်ဖြေပေးပါ)

၆။”ငါ့အခန်းကိုမရှင်းနဲ့မရှင်းနဲ့လို့ပြောပြီးသား၊ခုကြည့်ငါ့ပစ္စည်းရှာမတွေ့တော့ဘူး”!
(ကိုယ့်အခန်းကိုယ်ရှင်းတာကောင်းပါတယ်၊ဒါပေမဲ့မိဘရဲ့စိတ်ရင်းကိုလည်းမစော်ကားမိစေပါနဲ့။)

၇။”ငါဘာစားမလဲငါသိတယ်၊လာမထည့်ပေးနဲ့တော့”
(သားသမီးပြန်လာထမင်းအတူစားတာကိုမိဘနှစ်သက်သလိုသားသမီးပန်းကန်ထဲသူချက်ထားတဲ့ဟင်းထည့်ပေးလိုက်ရတာပိုနှစ်သက်ကြတယ်၊ဒါဟာသင့်ကိုချစ်လို့၊ဒါကြောင့်အေးဆေးစားပါ)

၈။”ဟင်းကျန်တွေမစားပါနဲ့လို့ပြောထားပြီးပြီ၊ဘာလို့စကားနားမထောင်တာလဲ?
(လူကြီးတွေကနှမျောတတ်တဲ့စိတ်ရှိတာနားလည်ပေးပါ၊နောက်နောင်ဟင်းအကျန်မရှိအောင်သတိထားချက်စားပေါ့ကွယ်)

၉။ “ငါသိတယ်၊ငါသိတယ်၊ရပြီမပြောနဲ့တော့”
(မိဘတွေကသင့်ကိုစိတ်မချလို့ပါ။လူကြီးစကားနှလုံးမသွင်းရင်နောင်တရတတ်တယ်မို့လား)

၁၀။”ဒီအထုပ်တွေဘာလို့ယူလာပြန်ပြီလဲ၊မယူတော့ဘူးလို့ပြောထားတယ်လေ၊အလကားဒီမှာပုံကုန်ပြီ”
(မိဘတွေကသင့်ကိုစားစေချင်သုံးစေချင်တဲ့စေတနာနဲ့ပါ၊မရိုင်းမိပါစေနဲ့)

သတိ!
လူတိုင်းအိုလာမင်းလာတဲ့တနေ့
မုချရှိတယ်ဆိုတာမမေ့ပါနဲ့၊ခုလက်ရှိသင့်မိဘတွေရဲ့အခြေနေဟာသင်တနေ့ဧကန်ဖြစ်လာမဲ့အနေထားပါဘဲ။
ဒါကြောင့်ချစ်သောမိတ်ဆွေ…
မိခင်များနေ့ဖခင်များနေ့မှရိုသေခြင်းမဟုတ်ဘဲမိဘကိုထာဝရရိုသေလုပ်ကြွေးနိုင်ကြပါစေ။

ကျမ်းချက်
မိဘကိုရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မည်အကြောင်းဟူ၍ ဂတိတော်နှင့်ဆိုင်သော ပဌမပညတ်ဖြစ်၏။(ဧဖက် ၆:၂-၃)