• 周四. 4 月 23rd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အမေသို့တမ်းခြင်း (မိခင်များနေ့အမှတ်တရ)

ဆရာရဲမင်း

10 月 17, 2024

အမေသို့တမ်းခြင်း (မိခင်များနေ့အမှတ်တရ)

လောကမှာသားသမီးမရှိတဲ့မိခင်ရှိမယ်၊
ဒါပေမဲ့မိခင်မရှိတဲ့သားသမီးဆိုတာမရှိပါဘူး။
လူတိုင်းမိခင်မဟုတ်ပေမဲ့၊
မိခင်ဆိုတာလူတိုင်းမှာရှိခဲ့မယ်။
ရှေးဆိုရိုးတခုရှိတယ်”ဘုရားသခင်ကလူတွေကိုပြုစုဖို့မအားလို့လူတွေအတွက်အမေကိုပေးခဲ့တာတဲ့”။လူတိုင်းသေချာစဉ်းစာတတ်ရင်အမေဆိုတာထာဝစဉ်အနိုင်းမဲ့သင့်ကိုချစ်နေသူပါ။အမေဟာသင်ဘယ်သွားသွား၊ဘယ်ရောက်ရောက်၊သင့်ကိုတစ်တတနဲ့၊သူ့အချစ်ကရယူခြင်းလုံးဝမရှိဘဲပေးဆပ်နေတဲ့အချစ်။သင့်အမေဟာပညာရှိဖြစ်ချင်ဖြစ်မယ်၊တော်သူorညံ့သူဖြစ်ချင်ဖြစ်မယ်၊ရုပ်ဆိုးသူorအဆင်းလှသူဖြစ်ချင်ဖြစ်မယ်၊အမိုက်ကောက်သူorသူဌေးမဖြစ်ချင်ဖြစ်မယ်၊ဒါပေမဲ့အမေတိုင်းရဲ့အချစ်ကတော့အတူတူပါဘဲ။

အလုပ်ပြုတ်မှာစိုးလို့သင့်bossကိုသင်ကြောက်ရတယ်၊ပါဆယ်ထုပ်အတွက်သင့်ကာစတန်မာကိုသင်ကြောက်ရတယ်၊အိမ်ထောင်ရေးအတွက်သင့်အိမ်ထောင်ဖက်ကိုသင်ကြောက်နေရတယ်၊ဒါပေမဲ့အမေအိုကိုတော့သင်မကြောက်ဘူး…အမေအိုရှေ့မှာဒေါသထွက်တယ်၊ခေတ်မမှီဘူးပြောတယ်၊ဒီလောက်ရုပ်ဆိုးတာသူများရှေ့မှာငါ့အမေမပြောနဲ့လို့ကျိမ်းဘူးမယ်၊အော်ဟောက်တယ်၊နောက်ဆုံးအမေအိုရှေ့မှာပစ္စည်းရိုက်ခွဲပြခဲ့တယ်…..ဒါဟာအမေကတော့သင့်ကိုလုံးဝမုန်းမသွားဘူးဆိုတာ၁၀၀%သင်သိနေလို့လား?

အမေဆိုတာထာဝရပေးဆပ်သူပါ၊ကိုးလလွယ်ပြီးဆယ်လမှာဖွားဒါကအစပေါ့၊မွေးလာရင်ပြုစုပျိုးထောင်၊သားသမီးပညာရှိအောင်အမေ့ရဲ့အလှ၊အမေ့ရဲ့အချိန်၊အမေ့ရဲ့ငွေကြေး….တခြားကအများကြီးပေးဆပ်ခဲ့ရပြီလေ။။ဒါကြောင့်လဲနာမည်ကြီးစကားပုံတခုရှိခဲ့တာထင်ပါတယ်”အောင်မြင်ကျော်ကြားတဲ့ယောင်္ကျားလေးတွေရဲ့နောက်ကွယ်မှာမိန်းကလေးတယောက်ရှိစမြဲ”တဲ့!ဒီမိန်းကလေးဟာအမေအိုကြီးဘဲဖြစ်ကြောင်းသမိုင်းသက်သေထူခဲ့ပါပြီ။


မာသာမိခင်ကျေးဇူးရှင်အတွက်ကဗျာတွေစာတွေဘယ်လောက်ဘဲရေးဖွဲ့ပါစေ၊ရေးမကုန်ဖွဲ့မကုန်ပါ။ဒီလောက်ကြီးမားတဲ့မိခင်ကိုသက်ရှိထင်ရှားတုန်း
1.လုပ်ကြွေးပါ၊
2.ရိုသေပါ၊
3.အချိန်ပေးဂရုစိုက်ပါ။
မိခင်မရှိတော့မှနောင်တမရပါစေနဲ့။
…………………………………………….
မေလဒုတိယပတ်တနင်္ဂနွေနေ့တွင်ကျရောက်မည့်မိခင်များနေ့မှအမေများအားလုံးကိုဂုဏ်ပြုရေးသားပါသည်။