တိတ်ဆိတ်သောနေ့(ဗုဒ္ဓဟူး)
ဒီနေ့ဟာသန့်ရှင်းသောအပတ်ရဲ့၄ရက်မြောက်နေ့ဖြစ်ပါတယ်။ခရစ်ဝင်လေးကျမ်းလုံးမှာဒီနေ့ယေရှုဘာလုပ်ခဲ့လဲဆိုတာမဖော်ပြထားပါဘူး၊ရှင်ယောဟန်ခရစ်ဝင်၁၂:၃၆မှာရှာတွေ့တဲ့အစအနလေးကေတာ့”တိမ်းရှောင်လိုက်တယ်”လို့ဆိုပါတယ်။ဒါကြောင့်အသင်းေတာ်များအနေနဲ့ဒီနေ့ရက်ကိုတိတ်ဆိတ်ရာနေ့လို့ခေါ်တွင်ခဲ့တာပါ။ဒီနေ့မှာယေရှုဘာလုပ်ခဲ့လဲဆိုတာကျမ်းစာမှာမဖော်ပြထားပေမဲ့ဆုတောင်းခြင်းနဲ့ခမည်းတော်ဆီခွန်အားယူခြင်းကတော့ေသချာပေါက်ြပုလုပ်မှာဖြစ်ကြောင်းသိနိုင်ပါတယ်။ဒီနေ့ရက်အားဖြင့်ကျွန်ုပ်တို့သိနိုင်တာကယေရှုခရစ်တော်ဟာမနားတမ်းအလုပ်လုပ်တဲ့သူမဟုတ္ဘူးဆိုတာပါဘဲ၊သူဟာနားချိန်သိတဲ့သူဖြစ်သလို၊အထူးသဖြင့်အရေးကြီးအချိန်မျိုးမှာတောင်စိတ်ငြိမ်ငြိမ်လေးနဲ့အနားယူပြီးခမည်းတော်ဆီချဉ်းကပ်မိသဟာယဖွဲ့တတ်တဲ့သူပါ။ဒီအပြုအမူလေးဟာဒီနေ့ကျွန်တော်တို့အတွက်အများကြီးသင်ခန်းစာရစေပါတယ်။
ချစ်သောညီကိုမောင်နှမတို့၊ယနေ့ကျွန်ပ်တို့ရဲ့အသက်တာမှာအလုပ်တွေများနေပြီးမအားနိုင်ဘဲဖြစ်နေပါသလား?စားဝတ်နေရေးအတွက်၊ကိုယ့်အိမ်မက်အတွက်၊ကိုယ့်ပန်းတိုင်အတွက်နဲ့အလုပ်ထဲနှစ်မျော်နေပြီးဘုရားသခင်ကိုမေ့နေပြီလား?ကျမ်းစာဖတ်ဖို့၊ဆုတောင်းဖို့၊ဘုရားကိုချဉ်းကပ်ဖို့အချိန်မပေးနိုင်ဘဲဖြစ်နေပြီလား?တနေ့၂၄နာရီမှာဖုန်းပွက်တာဘဲအချိန်ကုန်နေပြီးဆုတောင်းဖို့ကျမ်းစာဖတ်ဖို့၊ဘုရားနဲ့မိသဟာယဖွဲ့ဖို့အချိန်မပေးနိုင်ခဲ့တာဘယ်လောက်ကြာပြီလဲ?ကုန်ကုန်ပြောရရင်တပတ်တခါအလုပ်နားပြီးအသင်းတော်သွားဖို့တောင်ပုံမှန်ရဲ့လား?ဒါကျွန်ပ်တို့အတူဆင်ခြင်ရမဲ့အရာပါ။ယနေ့သခင်ယေရှုခရစ်တော်ရဲ့အနားယူခြင်းအားဖြင့်ကျွန်ပ်တို့လဲဘုရားသခင်ရှေ့မှာအနားယူပြီးငြိမ်ဝပ်ချမ်းသာရဖို့လိုအပ်ပါပေတယ်။အနားယူခြင်းဟာပိုဝေးသောခရီးကိုသွားဖို့အတွက်ဖြစ်ပါတယ်၊ကောင်းသောအနားယူခြင်းဟာအလုပ်ကိုပိုကောင်းအောင်လုပ်ဖို့ပါ။ဒီနေ့ကျွန်ုပ်တို့ဘဝမှာဘယ်လောက်ဘဲအလုပ်များနေပါစေ၊အနားယူပြီးဘုရားဆီချဉ်းကပ်ဖို့တော့မမေ့ပါနဲ့။
ဟေရှာယအနာဂတ္တိကျမ်း ၃၀:၁၅မှာဒီလိုဖော်ပြထားတာ တွေ့ပါတယ်၊”သင်တို့သည် ပြောင်းလဲ၍ ငြိမ်ဝပ်စွာနေလျှင်၊ ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ငြိမ်ဝပ်စွာနေခြင်း၊ ယုံကြည်ခြင်းအားဖြင့် ခွန်အားအစွမ်းကို ရကြလိမ့်မည်။ “ဒီနေရာမှာဖော်ပြထားတဲ့ငြိမ်ဝပ်စွာနေခြင်းဟာယုံကြည်ခြင်းအားဖြင့်ဘုရားသခင်ဆီချဉ်းကပ်ခြင်းပါ၊ညီကိုမောင်နှမတို့၊တကယ်တမ်းတော့ယေရှုဟာသင်နဲ့ကျွန်ုပ်ထက်အလုပ်များပါတယ်၊ဒါပေမဲ့အချိန်ယူပြီးဆုတောင်းခွန်အားယူတာတွေ့ရမှာဖြစ်တယ်၊ယနေ့ကျွန်ပ်တို့ကော?ဘုရားသခင်ကတပတ်မှာခြောက်ရက်အလုပ်လုပ်ခိုင်းပြီးကျန်တရက်ထဲကနာရီပိုင်းလေးကိုအနားယူခိုင်းတာ၊သူ့ဆီလာကိုးကွယ်ချီးမွမ်းခိုင်းတာကိုယုံကြည်များစွာကမနားနိုင်ကြဘူး။နားကြတယ်ဆိုပေမဲ့လဲဘုရားဆီမလာကြဘူး။၂၄နာရီတနေကုန်အလုပ်လုပ်ခွင့်ပေးထားပါတယ်၊ဒါပေမဲ့တနေကုန်အချိန်ထဲမှာမှအချိန်အနည်းငယ်ယူပြီးဘုရားဆီချဉ်းကပ်ခိုင်းတာယနေ့ယုံကြည်သူတွေမလုပ်ချင်ကြဘူး။ငြိမ်ဝပ်ချမ်းသာခြင်းလိုချင်ရင်အနားယူတတ်ပါညီကိုမောင်နှမတို့၊မှန်သောအနားယူခြင်းဟာခရစ်တော်နဲ့မိသဟာယဖွဲ့ခြင်းဖြစ်ပါတယ်။
Ye Ming(ပတ္တမြားမြေ)