• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

မိသဟာယနေ့(ကြာသပေ‌တေး)

ဆရာရဲမင်း

10 月 23, 2024

မိသဟာယနေ့(ကြာသပေ‌တေး)

ဒီနေ့ဟာသန့်ရှင်းသောအပတ်ရဲ့ပဥ္စမနေ့ဖြစ်ပါတယ်။ဒီနေ့မှာပသခါပွဲဖြစ်ပြီးယေရှုခရစ်တော်ဟာတပည့်တော်တွေနဲ့အတူရှိနေပါတယ်။သူတို့နဲ့အတူမိသဟာယဖွဲ့ပြီးနောက်ဆုံးညစာစားခြင်း၊သံလွင်တောင်သွားသောလမ်းမှာတခါမိသဟာယပြုခြင်း၊တပည့်တော်တွေအတွက်ဆုတောင်းပေးခြင်းနဲ့ဂေသရှေမာန်ဥယျာဉ်ထဲဆုတောင်းပြီးအဲဒီမှာအဖမ်းခံခြင်းတို့ပါဝင်ပါတယ်။ဒါကြောင့်ဒီနေ့ကိုအသင်းတော်များကမိသဟာယနေ့လို့ခေါ်ဆိုခဲ့ကြသလိုပွဲတော်မင်္ဂလာနေ့လို့လဲခေါ်ကြပါတယ်။ဒီနေ့ကျွန်တော်တို့အတူတကွဒီအဖြစ်ပျက်လေး တွေကိုဆင်ခြင်ကြည့်ကြရအောင်။

၁။နောက်ဆုံးညစာ
ရှင်မဿဲ၂၆:၁၇-၂၉အရပသခါပွဲနေ့မှာယေရှုခရစ်တော်ဟာတပည့်တော်တွေနဲ့အတူနောက်ဆုံးညစာစားခဲ့ပါတယ်။ဒီချိန်မှာတပည့်တော်တွေဟာဘယ်သူကအကြီးဖြစ်ကြောင်းငြင်းခုန်လာကြလို့ယေရှုခရစ်တော်ကသူတို့ကိုခြေဆေးကြော ပေးခဲ့ပါတယ်၊အထူးသဖြင့်အချင်းချင်းစိတ်နှိမ့်ပြီးအစေခံဖို့စံပြခဲ့ပါတယ်(လုကာ၂၂:၂၄၊ယောဟန်၁၃:၂- ၂၀)။ဒါဟာလဲယနေ့ယုံကြည်သူအားလုံးအထူးသင်ယူရမဲ့စံနမူနာဘဲဖြစ်ပါတယ်။ဆက်လက်ပြီးမသဲ၂၆: ၂၀-၂၅မှာယုဒရှကာယုတ်သစ္စာဖောက်မည်ဖြစ်ကြောင်းကြိုတင်ဟောကြားခဲ့ပါတယ်၊ပြီးနောက်ညစာစားပွဲရဲ့အဆုံးမှာမုန့်နဲ့စပျစ်ရည်အားဖြင့်ပွဲတော်မင်္ဂလာဝတ်ကိုထူပေးခဲ့ပါတယ်(မသဲ၂၆:၂၆-၂၉၊ မာကု၁၄:၂၂-၂၅၊ လုကာ၂၂:၁၄-၂၀)။အဲဒီနေ့ကစပြီးယနေ့ထိအသင်းတော်တိုင်းမှာပွဲတော်မင်္ဂလာဝတ်ကိုပြုလုပ်ကြပြီးယေရှုခရစ်တော်ရဲ့ပေးဆပ်မှုနဲ့ပြန်လည်ကြွလာခြင်းကိုမေျာ်လင့်နေကြရတာပါ။

၂။သံလွင်တောင်သွားလမ်းမှမိသဟာယ
ညစာစားပြီးနောက်၊မသဲ၂၆:၃၀အရယေရှုခရစ်တော်နဲ့တပည့်တော်တို့ဟာသံလွင်တောင်ကိုလာခဲ့ကြပါတယ်၊လမ်းမှာယေရှုခရစ်တော်ကတပည့်တော်တွေကိုသူ့ကြောင့်စိတ်ပျက်ရလိမ့်မယ်လို့ပြောခဲ့ပါတယ်၊ဒါကိုပေတရုက၊ရှိသမျှလူတွေစိတ်ပျက်ကြရင်လဲ အကျွန်ုပ်ကတော့စိတ် အလျှင်းမပျက်ပါလို့ပြောပါတယ်။ဒါပေမဲ့ယေရှုကငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ကြက်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင်ငါ့ကိုငြင်းပယ်လိမ့်မည်လို့မိန်တော်မူခဲ့ပါတယ်။တကယ်လဲေနာက်ပိုင်းအရေးကြုံလာခဲ့တဲ့အခါပေတရုကနေသုံးကြိမ်တိုင်တိုင်ယေရှုတပည့်မဟုတ်ကြောင်းြငင်းဆိုခဲ့ပါတယ်။(မသဲ၂၆:၃၀-၃၅)။ဆက်လက်ပြီး(ရှင်ယောဟန်၁၃:၃၁-၃၅)အရယေရှုခရစ်တော်ကပညတ်သစ်ကိုပေးခဲ့ပါတယ်၊ဒီပညတ်သစ်ကတော့အချင်းချင်းချစ်ကြဖို့ပါ။ယနေ့ယုံကြည်သူကြားထဲမှာအလိုအပ်ဆုံးပညတ်တခုလဲဖြစ်ပါတယ်။ပြီးနောက်ယေရှုကတပည့်တော်‌ တွေကိုစိုးရိမ်စိတ်မရှိကြဖို့အားပေးခဲ့ပြီး၊ယေရှုကသူသာလျှင်လမ်းခရီး၊သမ္မာတရား၊အသက်ဖြစ်ကြောင်း၊သူ့ကြောင့်မဟုတ်ရင်ဘယ်သူမှခမည်းတော်ဆီမေရာက်နိုင်ကြောင်းပြောပြီးယုံကြည်ခြင်းနဲ့ရှေ့လျှောက်ကြဖို့မှာကြားခဲ့ပါတယ်(ရှင်ယောဟန်၁၄:၁-၁၄)။ထိုနောက်ယေရှုကငါသည်မှန်သောစပျစ်နွယ်ပင်ဖြစ်ပြီးသင်တို့ဟာအကိုင်းအခက်ဖြစ်ကြောင်းနဲ့ငါသွားပြီးရင်သန့်ရှင်းသောဝိညာဉ်တော်လာမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်(ရှင်ယောဟန်၁၅၊၁၆)။

၃။တပည့်တော်များအတွက်ဆုတောင်း
(က)မကောင်းသော အမှုအရာနှင့်ကင်းလွတ်စေပါ၊သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ( ရှင်ယောဟန်၁၇:၁၅-၁၇)။
(ခ)ငါတို့သည် တလုံးတဝတည်းဖြစ်သကဲ့သို့၊ သူတို့ကိုလဲဖြစ်စေပါ(ရှင်ယောဟန်၁၇:၂၁-၂၃)။
(ဂ)ကိုယ်တော်သည်အကျွန်ုပ်ကိုချစ်တော်မူသောမေတ္တာသည် သူတို့၌ရှိစေပါ(ရှင်ယောဟန်၁၇:၂၆)။

၄။ဂေသရှေမန်ဥယျဉ်ကဆုတောင်း
ခွက်ခါးကိုကြုံသောအခါယေရှုကခမည်းတော်အလိုရှိသည် အတိုင်း ဖြစ်ပါစေလို့ဆုတောင်းခဲ့ပါတယ်(မသဲ၂၆:၃၉)။အချိန်ရောက်တာနဲ့ယုဒရှကာယုတ်ရဲ့သစ္စာဖောက်အနမ်းနဲ့အဖမ်းခံခဲ့ရတဲ့အခါေပတရုကရဲမတ်တစ်ယောက်ရဲ့နားကိုခုတ်ဖြတ်လိုက်လို့ယေရှုကုသေပးခဲ့ရပါသေးတယ်၊ပြီးနောက်ယေရှုကဓားကိုကိုင်သောသူရှိသမျှတို့သည် ဓားဖြင့် ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်လို့မိန့်မှာခဲ့ပါတယ်(မသဲ၂၆:၄၇-၅၆)။ယေရှုကိုဖမ်းသွားပြီးနောက် ယဇ်ပုရော ဟိတ်မင်း ကယာဖထံအိမ်ကိုခေါ်ဆောင်သွားြပီးအဦးဆုံးစစ်ဆေးကြပါတယ်။တပည့်တော်တွေကလည်းယေရှုအဖမ်းခံရလို့အကွဲကွဲအပြားပြားပြေးကုန်ကြပါတော့တယ်။ပေတရုကတော့ယေရှုနောက်ကိုအဝေးတနေရာကနေတိုးတိုးတိတ်တိတ်လိုက်လာချောင်းပါတယ်(မသဲ၂၆:၅၇-၆၈)။
အဲဒီမှာဘဲလူစုထဲကလူတချို့ကေပတရုကိုမှတ်မိလာပြီးမင်းကယေရှုတပည့်မဟုတ်ဘူးလားဆိုပြီး မေးတာကိုပေတရုကကြက်မသွန်မှီသုံးကြိမ်တိုင်တိုင်ငြင်းဆိုခဲ့ပါတယ်(မဿဲ၂၆:၆၉-၇၅)။

ယေရှုခရစ်တော်ဒီနေ့ပြုခဲ့တဲ့အရာတွေအများကြီးဟာယနေ့ကျွန်ုပ်တို့အတွက်စံပြနမူနာအဖြစ်တည်နေဆဲပါဘဲ။လက်တွေ့ခံယူပြီးအသက်ရှင်သွားကြပါစို့လေ။

Ye Ming(ပတ္တမြားမြေ)