မဟာသောကြာကြီးနေ့(Good Friday)
2022ခုနှစ်4လပိုင်း15ရက်နေ့ဟာဝါတွင်းရက်၄၀ရဲ့နောက်ဆုံးအပတ်ဖြစ်တဲ့မဟာသောကြာကြီးနေ့ပါ။ဓမ္မသစ်ကခရစ်ဝင်4ကျမ်းရဲ့မှတ်သားချက်အရ၊ယေရှုခရစ်ေတာ်ကိုဂျူးလူမျိုးကစွပ်စွဲ ပြီးရောမစစ်သားတွေကနေကားစင်တင်သတ်ခဲ့တာပါ။အဲဒီနေ့ကိုအသင်းတော်များအနေနဲ့မဟာသောကြာကြီးနေ့(Great Friday)လို့ခေါ်တွင်ကြသလို၊ ကောင်းသောသောကြာနေ့(Good Friday)၊ သန့်ရှင်းသောသောကြာနေ့(Holy Friday)၊ အမဲရောင်သောကြာနေ့(Black Friday)နဲ့နူတ်ဆိတ်သောနေ့ဆိုပြီးလဲခေါ်ကြတယ်။ဒီနေ့မှာယေရှုခရစ်တော်မှအပြစ်သားအားလုံးအတွက်လက်ဝါးကပ်တိုင်မှာအသေခံခဲ့တဲ့နေ့ဖြစ်ပါတယ်။ဂေါလဂေါသဆိုတဲ့ကရာနီတောင်ကုန်းကကားတိုင်ပေါ်မှာမနက်၉နာရီကနေမွန်းလွဲ၃နာရီထိနာရီပေါင်း၆နာရီရိုက်ထားခြင်းခံခဲ့ရပြီးအသက်ထွက်သွားခဲ့ရကြောင်းသမ္မာကျမ်းစာမှာဖော်ပြထားပါတယ်။အဓိကအဖြစ်အပျက်အနေနဲ့အချက်ငါးချက်ဖော်ပြပါရစေ။
၁။သေမိန့်ကျစေခြင်း(မဿဲ ၂၇ :၁၆-၂၆)
ဂျူးထုံးစံအရနှစ်တိုင်းရဲ့ပသခါပွဲအချိန်မှာ မြို့ဝန်မင်းဟာပြည်သူတွေအလိုရှိတဲ့အကျဉ်းသားတစ်ယောက်ကိုလွတ်ရပါတယ်။သခင်ယေရှုအဖမ်းခံရပြီးစီရင်တဲ့နေ့ခါပသခါပွဲနေ့ရဲ့ဒုတိယပွဲနေ့ပါ။ဒါကြောင့်ပိလတ်မင်းကလူတွေကိုဗာရဗ္ဗနဲ့ခရစ်တော်ဘယ်သူ့ကိုလွတ်ပေးရမလဲမေးတဲ့အခါလူတွေကဗာရဗ္ဗကိုလွတ်ပေးပါ၊ယေရှုကိုကားစင်တင်သတ်ပါလို့တောင်းဆိုခဲ့ကြပါတယ်။
၂။ရဲမတ်တွေမှကဲ့ရဲ့ခြင်း(မဿဲ ၂၇ :၂၇-၃၁)
သေမိန့်ချပြီးနောက်၊စစ်သူရဲတွေကယေရှုကိုနီမောင်းသောအဝတ်ခြုံစေပြီး၊ဆူးပင်နှင့်ရက်ေသာဦးရစ်ကို ခေါင်းပေါ်ဆောင်းစေပါတယ်၊ကျူတလုံးကိုလည်းလက်ထဲကိုင်ထားခိုင်းပြီးဒါဟာယုဒရှင်ဘုရင်ပါတဲ့ဆိုပြီးပျက်ရယ်ကြပါတယ်။ကိုယ်တော်ကို တံတွေးနှင့်ထွေးကြပြီး၊ကျူလုံးနဲ့ခေါင်းကိုရိုက်နက်ခဲ့ကြပါတယ်။
၃။လက်ဝါးကပ်တိုင်မှာရိုက်ခြင်း(မဿဲ ၂၇ :၃၂-၄၄)
ယေရှုကိုလက်ဝါးကားတိုင်မှာသံနဲ့ရိုက်ပြီး၊ယေရှုရဲ့အိင်္ကျီကိုရဲမတ်တွေစာရေးတံချပြီးယူကြပါတယ်။ယေရှုရဲ့ခေါင်းထိပ်ရင်းမှာယုဒရှင်ဘုရက်ဆိုပြီးဆိုင်းဘုတ်ရေးကပ်သရော်ခဲ့ပါတယ်။ယေရှုရဲ့ဘယ်ညာဘေးနှစ်ဖတ်ဆီမှာဓားပြတစ်ယောက်ဆီကားစင်တင်ထားခဲ့ပါတယ်။ကားစင်တင်ထားခံရတဲ့အချိန်မှာလူတွေအားလုံးဟာသူ့ကိုဘုရားမှန်ရင်ကိုယ့်ကိုကိုယ်ကယ်ပါဆိုပြီးသရော်ကြပါတယ်၊နောက်ဆုံးဘေးတဖက်ကဓားပြတစ်ယောက်တောင်အဲလိုသရော်ပါတယ်၊ဒီချိန်မှာနောက်ထပ်ဓားပြတဦးကတော့ယေရှုကိုလက်ခံယုံကြည်ခဲ့လို့ကယ်တင်ခြင်းရခဲ့ပါတယ်။
၄။ယေရှု၏အသက်ထွက်ခြင်း(မဿဲ ၂၇:၄၅-၅၆)
နေ့လည်မွန်းတည့်အချိန်မှစပြီးမွန်းလွဲသုံးချက်တီးအချိန်ထိ မြေတပြင်လုံးမှောင်မိုက်အတိဖြစ်ခဲ့ပါတယ်။ယေရှုကလည်းကားတိုင်ပေါ်မှာစကားတော်7ခွန်း ပြောပြီးအသက်ထွက်သွားပါတော့တယ်။ယေရှုအသက်ထွက်သွားတာနဲ့ဗိမာန်တော်ကုလားကာနှစ်ခြမ်းကွဲပြီးမြေငလျင်လှုပ်ကျောက်တွေပါကွဲပြားကြပါတယ်၊သင်္ချိုင်းတွင်းတွေလဲပွင့်ပြီးသန့်ရှင်းသူအလောင်းတွေထကြတယ်လို့ကျမ်းစာမှာဖော်ပြထားပါတယ်။ယေရှုကိုစောင့်နေတဲ့တပ်မှူးမှအစစစ်သူရဲများတွေဟာဒီအရာကိုြမင်တွေ့ရတဲ့အခါမှာတော့အလွန်ထိတ်လန့်ပြီး…စင်စစ်ဤသူဟာဘုရားသခင်၏သားတော်မှန်ပါလားလို့ပြောကြပါတော့တယ်။ယေရှုအသက်ထွက်တဲ့နေ့ကပသခါပွဲဒုတိယေန့ဖြစ်တဲ့အတွက်ဂျူးလူမျိုး တွေကဥပုသ်နေ့ထိယေရှုအလောင်းကားတိုင်ပေါ်မရှိကောင်းဆိုပြီးပိလတ်မင်းဆီသွားပြီးကားတိုင်ပေါ်ကလူတွေရဲ့အရိုးတွေကိုရိုက်ချိုးပြီးမှသာလျှင်အလောင်းကိုယူဆင်းလာဖို့တောင်းဆိုကြပါတယ်၊ဒီတော့စစ်ရဲမတ်တစ်ဦးသွားပြီးအဦးဆုံးဓားပြနှစ်ေယာက်ရဲ့အရိုးတွေကိုရိုက်ချုိးလိုက်ပါတယ်၊ယေရှုကိုရိုက်ချိုးမယ်လုပ်တော့ယေရှုသေနေတာ မြင်ပြီးမလုပ်ခဲ့တော့တာပါ။ဒါပေမဲ့ရဲမတ်တစ်ဦးကတော့သေမသေပိုသေချာအောင်သူကိုင်ထားတဲ့လှံတံနဲ့ယေရှုရဲ့နံကိုထိုးလိုက်ပါတယ်၊တခါထဲဘဲရေနဲ့သွေးစီးကျလာပါတယ်၊ဒီအရာဟာဓမ္မာကျမ်းကစကားပြည့်စုံစေဖို့ပါဘဲ၊ဆာလံကျမ်း ၃၄:၂၀သူ၏အရိုးရှိသမျှတို့ကို စောင့်ရှောက်တော်မူသည်ဖြစ်၍၊ တစ်ချောင်းမျှ မကျိုးမပဲ့ရ။
၅။ယေရှုကိုင်္သဂြိုလ်ခြင်း(မဿဲ ၂၇:၅၇-၆၁)
ယေရှုသေပြီးအလောင်းကိုယူဆင်းလာပြီးတဲ့ညအချိန်မှာ၊ယေရှုရဲ့တပည့်တော်ထဲကအရိမသဲမြို့သားဖြစ်တဲ့ယောသပ်ဆိုတဲ့သူဌြေးကီးတဦးဟာပိလတ်မင်းဆီကနေယေရှုအလောင်းကိုင်္သဂြိုလ်ဖို့တောင်းယူသွားခဲ့ပါတယ်။ယောသပ်ဟာ ယေရှု အလောင်းတော်ကိုဖြူစင်သောပိတ်ချောနဲ့ပတ်ရစ်ပြီးကျောက်၌ ထွင်းသောမိမိသင်္ချိုင်းတွင်းသစ်ထဲမှာင်္သဂြိုလ်ခဲ့ပါတယ်။
နိဂုံး
မဟာသောကြာကြီးနေ့ရဲ့ဝတ်ပြု ခြင်းမှာယုံကြည်သူအားလုံးလိုလိုအရောင်ရင့်တဲ့အဝတ်အစားဝတ်ကြပါတယ်၊များသောအားဖြင့်အမဲရောင်ကိုဝတ်ကြတာပါ။မနက်စောစောဝတ်ပြုခြင်းအစီစဉ်မှာအထူးသဖြင့်ဟေရှာယအနာဂတ္တိကျမ်းအခန်းကြီး၅၂နဲ့၅၃ကိုဖတ်ရှုကြပြီးခရစ်တော်ယေရှုဟာလူသားအားလုံးရဲ့အပြစ်တွေအတွက်ကားတိုင်ပေါ်မှာအသေခံခြင်းကိုအောက်မေ့ခြင်းပါ။ယနေ့ဒီအရာကိုယုံကြည်လက်ခံသောသူတိုင်းအကျိုးသက်ရောက်ခံစားရမည်ဖြစ်ကြောင်းပြန်လည်ဆင်ခြင်တာပါ။နေ့လည်ပိုင်းမှာတခါဝတ်ပြုကြပြီးပွဲတော်မင်္ဂလာဝတ်ကိုပြုလုပ်ကြပါတယ်။တချို့အသင်းတော်မှာယံုကြည်သူတွေစုပြီးဒီနေ့တရက်လုံးအစာရှောင်ဆုတောင်းကြပါတယ်။တချို့နေရာတွေမှာတော့ဂိုဏ်းပေါင်းစုံဝတ်ပြုခြင်းတွေရှိကြပါတယ်။တချို့နိုင်ငံတွေမှာယုံကြည်သူတွေဟာယေရှုလျှောက်ခဲ့တဲ့လမ်းအတိုင်းကားတိုင်ထမ်းပြီးအရိုက်ခံသရုပ်ဆောင်မှုတွေလုပ်ကြပါတယ်၊အထူးသဖြင့်ယေရှုပေးဆပ်ခဲ့ခြင်းကိုအောက်မေ့ခြင်းတမျိုးပါ။အနောက်နိုင်ငံအများစု တော့ဒီမဟာသောကြာနေ့နဲ့ရှင်ပြန်ထမြောက်ရာနေ့ကိုအစိုးရရုံးပိတ်ရက်အဖြစ်သတ်မှတ်ထားကြပါတယ်။