• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အမြဲတမ်းတည်နေတဲ့ချစ်ခြင်း

ဆရာရဲမင်း

11 月 16, 2024

အမြဲတမ်းတည်နေတဲ့ချစ်ခြင်း

တခါတုန်းက
ဆရာကြီးချားစ်ပါဂျင်(Charles Spurgeon)ဟာရွာကသူငယ်ချင်းဆီအလည်သွားပါတယ်။
ရွာကသူငယ်ချင်းဟာသူ့ဂိုဒေါင်ထိပ်မှာလေတိုက်ရာ‌ရွေ့တတ်တဲ့ပန်ကာငယ်လေးတခုထောင်ထားပြီး၊အဲဒီပန်ကာပေါ်မှာGod is love (ဘုရားသခင်ဟာချစ်ခြင်း)လို့ရေးထိုးထားပါသတဲ့။
ဒါကိုဆရာကြီးချားစ်ပါဂျင်တွေ့သွားပြီးသူငယ်ချင်းကိုမေးပါတယ်
“ဘာလို့ဒီစာကိုဒီလိုအမြဲရွေ့လျားနေတဲ့အရာပေါ်ရေးကပ်ထားရတာလဲ?ဘုရားရဲ့မေတ္တာကအမြဲတမ်းရွေ့လျားနေတယ်၊မတည်ငြိမ်ဘူးလို့ခံယူတာလား”ပေါ့။
ဒါကိုသူငယ်ချင်းက
“မဟုတ်ပါဘူးကွာ၊ငါခံယူတာက ငါ့ဘဝမှာလေမုန်တိုင်း(အခက်ခဲ)ဘယ်လောက်ကျရောက်‌နေပါစေ၊ဘုရားရဲ့မေတ္တာဟာအမြဲငါ့ဆီကမကွာဘဲရှိနေတယ်ဆိုတာငါကိုယ်ငါအမြဲသတိရစေဖို့ပါ”ဟု၍ပင်။

မှန်ပါတယ်မိတ်ဆွေ
သင်အခက်ခဲဘယ်လောက်ကြုံတွေ့နေပါစေဘုရားရဲ့မေတ္တာကဒီအရာတွေကြောင့်ဝေးကွာသွားမှာမဟုတ်ပါဘူး။ဘုရားသခင်သင့်ကိုထာဝရချစ်နေတယ်ဆိုတာအမြဲသတိရပါ။

(ရောမ၈:၃၈-၃၉အ​ကြောင်း​မူ​ကား၊ သေ​ခြင်း​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ ကောင်း​ကင်​တ​မန်​ဖြစ်​စေ၊ အ​ထွဋ်​အ​မြတ်​ဖြစ်​စေ၊ အာ​ဏာ​တန်​ခိုး​ဖြစ်​စေ၊ မျက်​မှောက်​အ​ရာ​ဖြစ်​စေ၊ နောင်​လာ​လ​တ္တံ့​သော​အ​ရာ​ဖြစ်​စေ၊အ​မြင့်​ဖြစ်​စေ၊ အ​နိမ့်​ဖြစ်​စေ၊ ဤ​အ​ရာ​မှ​စ၍ အ​ဘယ်​နိ​မ္မိ​တ​အ​ရာ​မျှ​သည်၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ခံ​ရ​သော​ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​နှင့် ငါ​တို့​ကို မ​ကွာ​စေ​နိုင်​ဟု ငါ​သည်​သ​ဘော​ကျ​လျက်​ရှိ၏။)အာမင်။