သမ္မာကျမ်းအရအလုပ်လုပ်ရခြင်းအကြောင်းရင်း(၇)ချက်
၁။ဘုရားသခင်ခိုင်းတဲ့အမိန့်မို့ပါ။
လူတွေအလုပ်လုပ်နေရတာအပြစ်လုပ်ပြီးကျိန်ခြင်းခံနေရလို့မဟုတ်ပါ။အပြစ်မရှိခင်အလုပ်ရှိပြီးဖြစ်ပါသည်။
(ကမ္ဘာ၁:၂၇-၂၈ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်းပြီးလျှင်၊ အချင်းတို့၊ များပြားစွာမွေးဖွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့ဟုမိန့်တော်မူ၍၊ သူတို့ကိုကောင်းချီးပေးတော်မူ၏။)
ကမ္ဘာ၃:၁၉အရချွေးထွက်မှ အစာကိုစားရမည်။ဆိုတာအလုပ်မှာမ ပျော်ဘဲပင်ပန်းစွာလုပ်နေရခြင်းကိုဆိုလိုပါတယ်။(ကမ္ဘာ၃:၁၇-၁၉)
၂။စားဝတ်နေရေးအတွက်မို့ပါ
(၂သက်၃:၁၀အလုပ်မလုပ်ချင်သောသူမည်သည်ကား၊ အစာကိုလည်း မစားစေနှင့်ဟု ပညတ်ထားကြပြီ။)
(၁တိ၅:၈မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်းတရားကို ငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ ယုတ်မာ၏။)
၃။အမှုတော်မြတ်မှာပေးလှူနိုင်ဖို့ပါ။
(ရာဇဝင်ချုပ်ပထမစောင် ၂၉:၁၄ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်ကြောင့် ဖြစ်ပါ၏။အကျွန်ုပ်တို့သည်ကိုယ်တော်၏ဥစ္စာထဲကသာကိုယ်တော်အားပူဇော်ပါ၏။)
(၁ကော၁၆:၂ငါရောက်လာသောအခါ လှူဒါန်း၍ စုထားစရာ မရှိစေခြင်းငှာ၊ ခုနစ်ရက်တွင် ပထမနေ့ရက်၌ အသီးအသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ဥစ္စာတစ်ဖို့ကို ထုတ်၍ စုထားကြလော့။)
၄။ကောင်းမှုပြုပေးကမ်းနိုင်ဖို့ပါ။
( ဧဖက်၄:၂၈ဆင်းရဲသောသူအား ပေးကမ်းဝေငှရန် ရှိစေခြင်းငှာ၊မိမိလက်နှင့်ကောင်းသောအလုပ်ကို လုပ်ဆောင်အားထုတ်စေ။)
၅။ပုံသက်သေဖြင့်ဘုရားဘုန်းထင်ရှားစေဖို့ပါ။
(မဿဲ၅:၁၄-၁၆သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ …သူတစ်ပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။)
၆။အများအကျိုးအဖို့ပါ။
(ဂလာတိ၆:၁၀ထိုကြောင့်ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏ အိမ်သူအိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။)
၇။ကောင်းကြီးခံစားရဖို့လမ်းမို့ပါ။
(သုတ္တံကျမ်း ၁၃:၄ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့်တ၍မရတတ်။ လုံ့လဝိရိယပြုသောသူမူကား၊ မိမိအလိုဆန္ဒ ပြည့်စုံရ၏။)
(ယာကုပ်၁:၁၆ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။)