• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သင့်အတွက်ဘုရားပြင်ဆင်ထားတဲ့ကောင်းကြီး(၇)မျိုး

ဆရာရဲမင်း

11 月 16, 2024

သင့်အတွက်ဘုရားပြင်ဆင်ထားတဲ့ကောင်းကြီး(၇)မျိုး

၁။အနာရောဂါသက်သာရခြင်းကောင်းကြီး
သုတ္တံကျမ်း ၄:၂၀-၂၃”ငါ့သား၊ ငါ့စကားကိုနားထောင်လော့။ ငါဟောပြောချက် တို့ကို နားသွင်းလော့။သင့်မျက်မှောက်မှ မကွာစေနှင့်။ နှလုံးတွင်း၌ စောင့်ထားလော့။အကြောင်းမူကား၊ ထိုတရားစကားကို တွေ့ရသောသူတို့သည် အသက်ရှင်ခြင်း၊ တစ်ကိုယ်လုံးကျန်းမာခြင်း အကြောင်းကို တွေ့ရပြီ။”

၂။စိတ်၏ငြိမ်သက်ချမ်းသာခြင်းကောင်းကြီး
ဖိလိပ္ပိဩဝါဒစာ ၄:၆-၇”အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ထိုသို့ပြုလျှင် အဘယ်သူမျှကြုံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။”
ရှင်ယောဟန်ခရစ်ဝင် ၁၄:၂၇” ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်။”

၃။မိသားစုစည်းလုံးပျော်ရွင်ခြင်းကောင်းကြီး
ဆာလံကျမ်း ၁၂၈:၃-၄ “သင်၏မယားသည် သင့်အိမ်နားမှာ များစွာ အသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့လည်းကောင်း၊ သားသမီးတို့သည် သင့်စားပွဲပတ်လည်၌ စိုက်ပျိုးသော သံလွင်ပင်များကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။ထာဝရဘုရားကို ကြောက်ရွံ့သောသူသည် ထိုသို့သော မင်္ဂလာရှိရလိမ့်မည်။”

၄။ပြည့်စုံကြွယ်ဝခြင်းကောင်းကြီး
ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၈:၉ “အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကိုခံတော်မူသော ကျေးဇူးတော်ကို သင်တို့ သိကြ၏။”

၅။ရှိသမျှအပြစ်မှလွတ်ခြင်းကောင်းကြီး
ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၁:၉”ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။”

၆။ထာဝရအသက်ရခြင်းကောင်းကြီး
ရှင်ယောဟန်ခရစ်ဝင် ၃:၁၆”ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။”

၇။သန့်ရှင်းသောဝိညာဉ်တော်ကိုရခြင်းကောင်းကြီး
ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၁:၂၂”ထိုဘုရားသခင်သည် ငါတို့ကိုတံဆိပ်ခတ်၍ ငါတို့စိတ်နှလုံးထဲ၌ ဝိညာဉ်တော်တည်းဟူသော စားရန်ကိုသွင်းပေးတော်မူ၏။”
အထက်ပါကောင်းကြီး(၇)မျိုးကိုသင်ရယူလိုပါက
၁။ဘုရားသခင်ရှိကြောင်း၊ဒီဘုရားဟာသင့်ကိုချစ်ကြောင်းအရင်သိပါ။
၂။မိမိဟာအပြစ်သားဖြစ်ကြောင်းဝန်ခံပါ။
၃။ကျွန်ုပ်အပြစ်အတွက်ယေရှုဘုရားလက်ဝါးကားတိုင်မှာပေးဆပ်ခဲ့ပြီးဖြစ်ကြောင်းနားလည်ပါ။
၄။ယေရှုခရစ်တော်ဘုရားကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံပါ။
ယနေ့သင်ဟာကောင်းကြီးခံစားရသောသူဖြစ်သွားပါပြီ၊ဟာလေလုယာ။