ချီဆောင်ခြင်းဆိုင်ရာမတူသောခံယူမှု
သမ္မာကျမ်းစာရဲ့အခြေခံယုံကြည်မှုအများကြီးထဲမှာ“ချီဆောင်ခြင်း”ကတခုအပါအဝင်ဖြစ်ပါတယ်။စစ်မှန်တဲ့ခရစ်ယာန်တိုင်းတနေ့တချိန်ကျရင်ချီဆောင်ခြင်းခံရမယ်ဆိုတာကျမ်းစာအားဖြင့်မုချယုံကြည်ရပါတယ်။ဒါအရင်နှလုံးသွင်းထားပါ။
အကယ်၍ချီဆောင်ခြင်းမရှိဘူးပြောရင်ကျမ်းစာကိုမယုံကြည်သလိုဖြစ်နေပါလိမ့်မယ်။(၁သက်၄:၁၇ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှာ၊ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။)
နောက်ဆုံး သောကာလမှာဖြစ်လာမယ့် ဘေးဒဏ်ကြီးကာလ၊ချီဆောင်ခြင်းသို့မဟုတ်နှစ်တစ်ထောင်ခံယူမှုနဲ့ပတ်သက်ပြီးခရစ်ယာန်များအကြားခံယူမှုမတူညီတာအများကြီးရှိပါတယ်။ဥပမာ
၁။ဘေးဒဏ်ကြီးကာလမတိုင်ခင်ယုံကြည်သူတွေချီဆောင်ခြင်းခံရမယ်(pretribulationism)
၂။ဘေးဒဏ်ကြီးကာလကြားမှာဘဲယုံကြည်သူတွေချီဆောင်ခံရမယ်(midtribulationism)
၃။ဘေးဒဏ်ကြီးကာလပြီးမှတခါထဲချီဆောင်ခြင်းခံရမယ်(posttribulationism)
၄။တချို့သို့မဟုတ်အကြိမ်ကြိမ်ချီဆောင်ခြင်းခံရမယ်(Partial-trip)စသဖြင့်…etc
နောက်ထပ်ခံယူမှူမတူညီတာတွေအများကြီးရှိပါသေးသည်၊ဥပမာချီဆောင်ခြင်းနဲ့ခရစ်တော်ပြန်ကြွလာခြင်းဆိုင်ရာတူညီခြင်းမတူညီခြင်း၊နှစ်တစ်ထောင်ရှေ့၊ကြား၊နောက်၊မရှိခြင်းစသဖြင့်ပါ။
အထူးသဖြင့်နှစ်ရာချီငြင်းခုန်လာတဲ့မတူညီတဲ့ခံယူမှုနှစ်ခုဖြစ်တဲ့
Dispensationalists(ခေတ်ကာလခန့်ခွဲခြင်းအဆို)နဲ့
Covenant theology
(သန့်ရှင်းသောပဠိညာဉ်သီအိုလိုဂျီ)ကိုကလေ့လာလိုက်ရင်နှစ်ခုလုံးကအားနည်းချက်အားသာချက်ကိုယ်စီရှိနေတာတွေ့ရတာမို့တဖက်ကနေပြီးကျန်တဖက်ကလုံးဝအမှားပါလို့ပြောမရပြန်ပါဘူး။
ဒါဆိုရင်ဘယ်ဟာကမှားပြီးဘယ်ဟာကမှန်သလဲ?ဖြေရရင်ဒီလိုခံယူမှုမျိုးကလွတ်လပ်စွာခံယူခွင့်ရှိတယ်လို့ဖြေပါရစေ(ကျမ်းစာနဲ့သိသိသာသာကွဲထွက်နေခြင်းမှအပ)။ဘယ်သူကဘယ်သူကိုမှားတယ်လို့ပြောလို့မရပါဘူး။ဘာလို့လည်းဆိုတော့(သမ္မာကျမ်းစာနဲ့သိသိသာသာလွဲနေတာကလွဲလို့)တချို့အပိုင်းမှာခံယူမှုမတူညီလို့ကယ်တင်ခြင်းမဆုံးရှူံးသလိုအပြစ်လဲဖြစ်မသွားပါ။ကုန်ကုန်ပြောရရင်ဒါတွေ(နောက်ဆုံးသောကာလဆိုင်ရာ)ကိုတခုမှနားမလည်ရင်တောင်သင့်ကယ်တင်ခြင်းကိုလုံးဝ(လုံးဝ)မထိခိုက်သလိုအသက်တာကိုလည်းမထိခိုက်သွားပါဘူး။ဒါကြောင့်ဒီစာကိုဖတ်နေချိန်သင့်ကိုယ်သင်ဒါတွေမသိလို့ဆိုပြီးစိတ်ပူစရာမလိုပါဘူး။ဘာလို့လည်းဆိုတော့ချီ ဆောင်ခြင်းရဲ့“ကာလအပိုင်းအခြား”ကအဓိကမဟုတ်ဘဲချီဆောင်ခြင်းကိုယ်၌ကအဓိကမို့ပါ။ဘယ်အချိန်ကာလမှာချီဆောင်ခံရမယ်ဆိုတာထက်ငါတချိန်ကျရင်မုချချီဆောင်ခံရမယ်ဆိုတာယုံကြည်ထားရင်လုံလောက်ပါပြီ။
ယနေ့အရေးအကြီးဆုံးကဧဝံဂေလိတရားကိုရှင်းရှင်းလင်းလင်းသိထားဖို့နဲ့၊ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံဖို့၊ယေရှုခရစ်သွန်သင်ချက်အတိုင်းအသက်ရှင်နေဖို့သာဖြစ်ပါတယ်။ဒီလိုဆိုရင်ချီ ဆောင်ခြင်းဆိုင်ရာမှာသင်ဘယ်လိုခံယူထားပါစေ သေချာတာတခုကသင်မုချချီဆောင်ခြင်းခံရမှာဆိုတာပါဘဲ။ဟာလေလုယာ။
ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်
၁ကော၁၅:၅၂ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တစ်ခဏချင်းတွင် မျက်စိတစ်မှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန် ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင်သောအဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။
ကျွန်တော်(ဆရာရဲမင်း)ရဲ့ခံယူချက်ကတော့ Dispensationalistsထဲကအထူးသဖြင့်ဘေးဒဏ်ကြီးမတိုင်ခင်ချီဆောင်ခြင်းလာမယ်၊ယေရှုကအာကာသထိကြွလာပြီးအဲမှာဆုံရမယ်လို့ခံယူယုံကြည်သလိုအဲလိုသွန်သင်ပါတယ်။ဒါပေမယ့်ဒီအဆိုထဲကအားနည်းချက်တချို့ကိုလက်မခံတာလဲရှိပါတယ်။ဒါပေမယ့်ကိုယ်ရဲ့ခံယူမှုနဲ့မတူသူကိုမှားတယ်လို့မသတ်မှတ်ပါဘူး၊ဘာလို့လဲဆိုတော့ဒီအပိုင်းမှာကလွတ်လပ်ခွင့်ရှိနေတာမို့ပါ။တခြားကယ်တင်ခြင်းနဲ့အသက်တာအပိုင်းမှားယွင်းနေရင်တော့မှားကြောင်းပြောရပါမယ်။