သင့်အတွက်မစိုးရိမ်နှင့်ကတိတော်(၁၀)ချက်
၁။ကြောက်နေသူများ“မစိုးရိမ်နှင့်”
ဟေရှာ41:10 မစိုးရိမ်နှင့်။ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ယာလက်ဖြင့် ထောက်ပင့်မည်။
၂။အပြစ်ပြုလို့ခံနေရသူများ“မစိုးရိမ်နှင့်”
ရှင်မဿဲခရစ်ဝင်9:2လက်ခြေသေ၍ အိပ်ရာပေါ်မှာ တုံးလုံးနေသော သူတစ်ယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင် လက်ခြေသေသောသူအား၊ ငါ့သား၊ မစိုးရိမ်နှင့်။ သင်၏အပြစ်ကို လွတ်စေပြီဟု မိန့်တော်မူ၏။
၃။နှစ်ရှည်ရောဂါသည်များ“မစိုးရိမ်နှင့်”
ရှင်မဿဲခရစ်ဝင် 9:22ယေရှုသည် လှည့်၍ ထိုမိန်းမကို မြင်တော်မူလျှင်၊ ငါ့သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီဟု မိန့်တော်မူ၏။ ထိုခဏမှစ၍ ထိုမိန်းမသည် အနာကင်းပျောက်လေ၏။
၄။သရဲတစ္ဆေကြောက်သူများ“မစိုးရိမ်နှင့်”
ရှင်မဿဲခရစ်ဝင် 14:27သို့သော် ယေရှုက “မစိုးရိမ်ကြနှင့်။ ငါပင်ဖြစ်၏။ မကြောက်ကြနှင့်” ဟု သူတို့အား ချက်ချင်းမိန့်တော်မူ၏။ ‘
၅။ဒုက္ခိတလူကန်းများ“မစိုးရိမ်နှင့်”
ရှင်မာကုခရစ်ဝင်10:49ယေရှုသည် ရပ်တော်မူလျက်၊ ထိုသူကိုခေါ်ခဲ့ဟု အမိန့်တော်ရှိ၏။ သူတစ်ပါးတို့သည် လူကန်း(ဗာတိမဲ)ကိုခေါ်၍ မစိုးရိမ်နှင့်၊ ထလော့။ သင့်ကို ခေါ်တော်မူသည်ဟု ဆိုကြ၏။
၆။ဆင်းရဲဒုက္ခခံနေရသူများ“မစိုးရိမ်နှင့်”
ရှင်ယောဟန်ခရစ်ဝင် 16:33သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှာ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီဟု မိန့်တော်မူ၏။(ယော၁၄း၂၇)
၇။ဧဝံဂေလိလုပ်နေသူများ“မစိုးရိမ်နှင့်”
တမန်၂၃:၁၁နက်ဖြန့်နေ့ညတွင် သခင်ဘုရားသည် ပေါလုအနား၌ ပေါ်လာတော်မူလျက်၊ ပေါလု မစိုးရိမ်နှင့်။ ငါ၏အကြောင်းအရာကို သင်သည် ယေရုရှလင်မြို့၌ သက်သေခံပြီးသည်နည်းတူ၊ ရောမမြို့၌လည်း ခံရလေဦးမည်ဟု မိန့်တော်မူ၏။
(မဿဲ၁၀း၁၉၊မာကု၁၃း၁၀။လုကာ၁၂း၁၁)
၈။စားဝတ်နေရေးအတွက်“မစိုးရိမ်နှင့်”
ရှင်မဿဲ6:31-34ထိုကြောင့် အဘယ်သို့ စားသောက်ရအံ့နည်း။ အဘယ်သို့ ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ်ကြနှင့်။ ထိုအရာများကို သာသနာပလူတို့သည် ရှာဖွေတတ်ကြ၏။- ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။- ဘုရားသခင် ၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့။- ထိုကြောင့် နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဖို့ စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သော အရာသည် ယခုနေ့ဖို့ လောက်ပေ၏။(လုကာ၁၂း၂၂)
၉။စစ်မှုကြောင့်“မစိုးရိမ်နှင့်”
ရှင်မာကု 13:7သင်တို့သည် စစ်တိုက်ကြောင်းကိုလည်းကောင်း၊ စစ်တိုက်အံ့သော သတင်းစကားကိုလည်းကောင်း ကြားရသောအခါ စိုးရိမ်တုန်လှုပ်ခြင်း မရှိကြနှင့်၊ ထိုသို့ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် မဖြစ်သေး။
၁၀။အရာရာစိတ်ပူပန်နေသူအတွက်“မစိုးရိမ်နှင့်”
ဖိလိပ္ပိ4:6-7အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍ မမီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။