ဧဝံဂေလိကိုယ်တွေ့သတိ
တချို့နေရာတွေမှာ
အစုလိုက်အပြုံလိုက်ပြောင်းလဲလာကြတာ၊ယုံကြည်လာကြတာ၊အစုလိုက်အပြုံလိုက်နှစ်ခြင်းခံကြတယ်ဆိုတာဝမ်းသာစရာပါဘဲ။
ဒါပေမယ့်အတွေ့အကြုံအရပြောရရင်၊တချို့နေရာတွေမှာကဆင်းရဲလို့၊ဧဝံဂေလိုလုပ်သူတွေကငွေပေး၊ဆန်ပေး၊အစားအစာပေးတာကိုလိုချင်ကြလို့အစုလိုက်အပြုံလိုက်လာကြသူတွေရှိသလို၊ ပေးတာမရမှာစိုးလို့၊ယုံကြည်ပါတယ်ဆိုပြီးနှစ်ခြင်းတောင်ခံပြတာတွေကြုံဖူးပါတယ်။
ဒါကိုဧဝံဂေလိဆရာတွေကအများကြီးယုံကြည်ပြီးနှစ်ခြင်းခံကြပါတယ်ဆိုပြီးလိုင်းပေါ်ပုံတင်စာတင်လုပ်တာသတိထားရပါမယ်။အချိန်တခုထိစောင့်ကြည့်ပြီးမှတင်တာမမှားနိုင်ပါ။ကိုယ်ကစိတ်အားထက်တန်ပြီးတင်လိုက်ကာမှတကယ် နောက်ပိုင်းဖြစ်နေတာကတခြားစီဆိုရင်ဘုရားဘုန်းမထင်ရှားရုံမကရှုံ့ချရာရောက်ပါတယ်။ဒါကြောင့်ယုံကြည်ပါတယ်ဆိုတဲ့သူကိုအထူးအချိန်ပေးကြည့်ရှုဖို့အင်မတန်အရေးကြီးလှပါတယ်။(အကယ်၍အလူငွေနဲ့နာမည်သာလိုချင်လို့လုပ်စားပြရင်တော့ဒါဟာအမှုတော်ဆောင်အတုတွေပါဘဲ)
ဧဝံဂေလိလုပ်တဲ့နေရာမှာလဲ
ငွေပေး၊ဆန်ပေး၊အစားအသောက်ပေးတာလည်းမလုပ်တတ်ရင်ဘုရားအမျက်တော်နဲ့တွေ့နိုင်ပါတယ်။လိုနေသူကိုကူညီတာကဘုရားအလိုတော်ပါ။ဒါပေမယ့်ယုံကြည်မှပေးမယ်၊နားထောင်မှပေးမယ်၊အသင်းဝင်မှပေးမယ်ဆိုတာမျိုးကကျမ်းစာနဲ့မကိုက်ညီပါဘူး။အရင်ပေးလိုက်ပါ၊ပြီးမှသတင်းကောင်းဝေငှတာမမှားပါဘူး။ပြီးမှလွတ်လပ်စွာဆုံးဖြတ်ကြပါစေ၊ယုံယုံမယုံယုံလိုအပ်သူကို တော့ကူညီပေးဖို့ပြင်ဆင်လာရင်ကူညီပေးခဲ့ရမှာပါ။ဒါလည်းသတိထားစရာပါ။