• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ကျမ်းစာကပြောတဲ့မိန်းမလျှာဆိုတာ

ဆရာရဲမင်း

11 月 16, 2024

ကျမ်းစာကပြောတဲ့မိန်းမလျှာဆိုတာ

ရှင်မဿဲ၁၉:၁၂မှာပါတဲ့“မိန်းမလျှာ”ဟာအခြောက်မ-လိင်တူ(Gay)ကိုဆိုလိုခြင်းလုံးဝ(လုံးဝ)မဟုတ်ပါ။ကျမ်းစာဘာသာပြန်ခြင်းဆိုင်ရာစကားလုံးသုံးခြင်းမတူတာမို့လိင်တူ‌တွေကိုပြောနေတယ်လို့ထင်ကြရင်မှားပါမယ်။သူ့ရဲဆိုလိုရင်းကိုလိုရင်းတိုရှင်းချပြပါမယ်။

၁။အမိဝမ်းတွင်းကပင်မိန်းမလျှာဖြစ်ကြ၏ဆိုတာ
ကျန်းမာရေးအရလိင်အားချို့တဲ့သူ(အိမ်ထောင်ပြုနိုင်စွမ်းမရှိသူ)ကိုဆိုလိုပါတယ်။ဥပမာမွေးရာပါပန်းသေနေခြင်း၊လိင်မှုပိုင်းဆိုင်ရာ‌မွေးရာပါစွမ်း‌ဆောင်မှုမရှိခြင်း။

၂။သူတစ်ပါးဆုံးမ၍မိန်းမလျှာဖြစ်ကြ၏။ဆိုတာက
လိင်တံဖြတ်ခံထားရတဲ့သူ(သင်းကွပ်ခံထားရသူ)တွေကိုဆိုလိုပါတယ်။ဥပမာတရုတ်နန်းတွင်းဇာတ်ကားထဲကကုန်းကုန်း(မြန်မာလိုမိန်းမစိုး)လိုမျိုးပါ။အရင်ကနန်းတွင်းသမိုင်းမှာတကယ်ရှိခဲ့ကြပါတယ်။သမ္မာဟောင်းကျမ်းစာထဲကဒံယေလနဲ့သူငယ်ချင်းသုံးယောက်လဲမိန်းမစိုးဖြစ်တယ်လို့တချို့ကျမ်းပညာရှင်တွေ‌ဆိုကြပါတယ်။

၃။ကောင်းကင်နိုင်ငံတော်အဖို့အလို့ငှာမိမိကိုယ်ကိုဆုံးမ၍မိန်းမလျှာဖြစ်ကြ၏။ဆိုတာက
ကျန်းမာရေးနဲ့လိင်စိတ်ပုံမှန်ရှိပေမယ့်ဘုရားရဲ့အမူတော်မြတ်အတွက်အိမ်‌ထောင်မပြုဘဲနေကြသူတွေကိုဆိုလိုပါတယ်။ဥပမာရှင်ပေါလုလိုမျိုးပါ။

လိုရင်းဆိုရသော်
မဿဲ၁၉:၁၂ထဲကမိန်းမလျှာဆိုတာ အခြောက်မကိုပြောတာမဟုတ်သလို LGBT တွေကိုပြောနေတာလုံးဝ(လုံးဝ)မဟုတ်ပါ။အိမ်ထောင်မပြုသူ(or)အိမ်ထောင်ပြုနိုင်စွမ်းမရှိသူကိုသာဆိုလိုတာဖြစ်တယ်။နားလည်ပါစေ။
တချို့ဆရာတွေကယနေ့တိုင်အောင်ဒီကျမ်းမှာပြောတဲ့မိန်းမလျှာကို”အခြောက်မ-LGBT”လို့ထင်နေကြတုန်း။

ဆိုတော့ ကျမ်းစာက မိန်းမလျှာ‌ ပြောတိုင်းGayကိုဆိုလိုတာမဟုတ်‌တော့ဘူးလားဆို‌တော့လည်းမဟုတ်ရသေးပါဘူး၊မဿဲ၁၉:၁၂ကလွဲလို့အောက်ပါကျမ်းချက်ထဲကမိန်းမလျှာကတော့Gay(အခြောက်မ)ကိုပြောနေတာပါဘဲ။လေ့လာကြည့်ပါ။တရား၂၃:၁၇၊၃ရာ၁၄:၂၄၊၃ရာ၁၅:၁၂၊၃ရာ၂၂:၄၆၊ယောဘ၃၆:၁၄၊၄ရာ၂၃:၇။

ရှင်မဿဲ၁၉:၁၂လူ​အ​ချို့​တို့​သည် အ​မိ​ဝမ်း​တွင်း​က​ပင် မိန်း​မ​လျှာ​ဖြစ်​ကြ၏။ အ​ချို့​တို့​သည် သူ​တစ်​ပါး​ဆုံး​မ၍ မိန်း​မ​လျှာ ဖြစ်​ကြ၏။ အ​ချို့​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်​အ​ဖို့ အ​လို့​ငှာ မိ​မိ​ကိုယ်​ကို​ဆုံး​မ၍ မိန်း​မ​လျှာ​ဖြစ်​ကြ၏။ ထို​စ​ကား​ကို ခံ​ယူ​နိုင်​သော​သူ​သည် ခံ​ယူ​စေ​ဟု မိန့်​တော်​မူ၏။