• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အတွင်းဂျင်းနဲ့အပြင်ဂျင်းကြားကမေတ္တာတရား

ဆရာရဲမင်း

11 月 8, 2024

အတွင်းဂျင်းနဲ့အပြင်ဂျင်းကြားကမေတ္တာတရား

အတွင်းဂျင်းဆိုတာခရစ်ယာန်လောကထဲ“ကျမ်းမာချမ်းသာဒေသနာ”ကိုပြောချင်တာပါ၊ဥပမာ“ဘုရားသားသမီးမှန်ရင်ရောဂါမရှိရဘူး၊ဘုရားသခင်ကရောဂါပေးပြီးဘုန်းထင်ရှားဖို့မလုပ်ဘူး”ဘာညာ။(ဒီဆရာတွေတကယ်ဖြစ်လာတော့ဘုရားဘုန်းထင်ရှားဖို့ဖြစ်ပြန်ရော)။ဆိုတော့ဒီကျန်းမာချမ်းသာတရားဟာခရစ်ယာန်ထဲကသမ္မာကျမ်းစာနဲ့လုံးဝမကိုက်ညီတဲ့အယူဝါဒဖြစ်‌ကြောင်းအခုသက်သေထူနေပါပြီ။တနည်းအားဖြင့်ဒီလို‌ ဟောတဲ့သူ‌တွေဟာအစွန်းရောက်တဲ့တရားဟောဆရာလို့ပြောရင်မမှားပါဘူး။အကယ်၍ဘုရားဘုန်းထင်ရှားဖို့ဆိုရင်အမြန်အမြင်မှန်ရပြီးစစ်မှန်တဲ့ဧဝံဂေလိကိုဟောဖို့လိုပါမယ်။ဒါကလူကိုပြော‌တာမဟုတ်ဘဲသြသဝါဒအမှားကိုအဓိကထောက်ပြတာပါ၊အတွင်းဂျင်းပေါ့ဗျာ။

အပြင်ဂျင်းဆိုတာကတော့ဘာသာခြားတချို့တွေကနေခရစ်ယာန်ထုတခုလုံးကိုဘုမသိဘမသိဇွက်စွပ်စွဲတာပါ။အ‌ ပေါ်ကပြောလိုက်တဲ့ကျန်းမာချမ်းသာဆရာတွေလဲခရစ်ယာန်ဘဲလို့အလွယ်သတ်မှတ်ပြီး(ခရစ်ယာန်ထဲကအယူလွဲပါလို့အသေးစိတ်မသိကြတော့)ခရစ်ယာန်ထုတခုလုံးကိုအပြစ်ပုံချကြတာပါ။အမှန်ကခုဖြစ်နေတဲ့တရားဟောဆရာတွေကအစိုးရအမိန့်ကိုမနာခံလို့မဟုတ်ပါဘူး၊လူစုလူ‌ဝေးလုပ်တာရပ်နားပြီး၊လူနည်းစုliveလွင့်‌နေလို့ဖြစ်လာတာဆိုတာသူတို့pageကို‌လေ့လာရင်သိမှာပါ။တနည်းအားဖြင့်(ဓမ္မပညာအရခံယူချက်လွဲတာကလွဲလို့)သူတို့လုပ်ပုံထိုင်ပုံနဲ့လှုပ်ရှားပုံတွေကသိပ်ပြောစရာမရှိပါဘူး။‌လုပ်စရာရှိတာကျန်တာအစိုးရမင်း‌ တွေလုပ်သွားပါလိမ့်မယ်။ဒါကိုနားမလည်ဘဲလူတချို့ကအစိုးရအမိန့်ကိုဖီဆန်သလိုလိုပြော‌ပြီးခရစ်ယာန်ထုတခုလုံးကိုအပြစ်ပုံချနေတာကအပြင်ဂျင်းပါ။တယောက်သောသူရဲ့အစွန်းရောက်ဟောကြားမှုကြောင့်ခရစ်ယာန်ထုတခုလုံးကိုအပြစ်ပုံချတာဟာညာဏ်မဲ့သူ‌ တွေလုပ်တဲ့“အပြင်ဂျင်း”ပါ။

ဒီလိုအတွင်းဂျင်း‌ရောအပြင်ဂျင်းရောပလူပျံနေတဲ့အခါမှာခရစ်ယာန်တွေအထူးသဖြင့်ဇွတ်မပြော၊မဆို၊မလုပ်မိဖို့အင်မတန်အရေးကြီးပါတယ်။ဘာကြောင့်လဲဆို‌တော့ခရစ်ယာန်ယုံကြည်မှုရဲ့အကြီးမားဆုံးသက်သေကမေတ္တာတရားမို့ပါ။အယူမှား(အစွန်းရောက်)ဟောပြောခဲ့တဲ့ဆရာတွေအတွက်အမြင်မှန်ရဖို့မေတ္တာနဲ့ဆုတောင်းပေးပါ၊ရောဂါရနေရင်‌ ဘေးကနေလက်ခုပ်တီးနေခြင်းမဟုတ်ဘဲသူတို့အတွက်ဒူးထောက်ဆုတောင်းမေတ္တာပို့ပါ။ဒါပေမယ့်ဒီမေတ္တာဟာသမ္မာတရားပေါ်ရဲရဲတောက်ရပ်တည်ရဲတဲ့မေတ္တာဖြစ်ဖို့လိုပါတယ်။ဒါ‌ကြောင့်အစွန်းရောက်ဆရာတွေကိုချစ်ပါ၊ဆု‌တောင်း‌ပေးပါ၊ဒါ‌ပေမယ့်သူတို့ဟောကြားတာကိုတော့လက်မခံပါနှင့်မယုံကြည်ကြပါနှင့်၊(အရင်ကယုံမှားခဲ့ရင်လဲအခုအမြင်မှန်ရပြီးပြောင်းလဲပါ)။သမ္မာတရားပေါ်မားမားရပ်တည်ထားပါ။ယေရှုကိုယ်တိုင်ဖာရိရှဲကိုချစ်ပါတယ်၊ဒါပေမယ့်သူတို့ရဲ့မှားယွင်းတဲ့လုပ်ရပ်ကိုတော့လက်မခံခဲ့ပါဘူး။ထို့အတူရန်သူကိုချစ်ဖို့မှားကြားထားပေမယ့်လည်းရန်သူရဲ့လုပ်ရပ်ကိုသဘောတူပြီးလက်ခံဖို့တော့မမိန့်ထားပါဘူး။ဒီတိုင်းပါဘဲ၊အစွန်းရောက်ဟောကြားမှုတချို့နဲ့အမြင်မှားပြီးလာစွပ်စွဲနေတဲ့ဘာသာခြားတချို့ကိုချစ်ပါ၊မေတ္တာပြပါ၊ဒါပေမယ့်သူတို့ပြောတာမှန်တယ်လို့တော့လက်မခံစေချင်။‌မေတ္တာနဲ့သေချာရှင်းပြပါ။လက်မခံရင်အတင်းကြီးဆက်မပြောပါနဲ့၊သူတို့အတွက်ဒူးထောက်ဆုတောင်း‌မေတ္တာပို့ပေးလိုက်ပါ။
(ကောရိန္သုဩဝါဒစာပထမစောင်13:13ယ​ခု​တွင် ယုံ​ကြည်​ခြင်း၊ မျှော်​လ​င့်​ခြင်း၊ ချစ်​ခြင်း၊ ဤ​သုံး​ပါး​တည်​လျက် ရှိ၏။ ဤ​သုံး​ပါး​တို့​တွင် ချစ်​ခြင်း မေ​တ္တာ​သည် အ​မြတ်​ဆုံး​ဖြစ်​သ​တည်း။)