• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဘုရားရဲ့လောင်သောမီး(၇)မျိုး

ဆရာရဲမင်း

11 月 9, 2024

ဘုရားရဲ့လောင်သောမီး(၇)မျိုး

၁။လောင်ကျွမ်းစေသောဘုရား
(ငါတို့ဘုရားသခင်သည် လောင်​သော​မီး ဖြစ်​တော်​မူ၏။ဟေဗြဲဩဝါဒစာ 12:29 )မူရင်းစကားလုံးအဓိပ္ပာယ်ကဖျက်ဆီးပစ်ခြင်းပါ။ဘုရားသခင်ဟာသန့်ရှင်းတဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်၊မသန့်ရှင်းသောအရာများကိုဖျက်ဆီးလောင်ကျွမ်းစေခြင်းဖြစ်ပါတယ်။

၂။ဖြောင့်မတ်စွာစီရင်တဲ့ဘုရား
(ထို​အ​ခါ ငါ​ကြည့်​ရှု​စဉ်၊ ရာ​ဇ​ပ​လ္လင်​များ​ကို တည်​ထား​လျက်​ရှိ၍၊ အ​သက်​ကြီး​သော သူ​တစ်​ဦး​သည် ထိုင်​တော်​မူ၏။ အ​ဝတ်​တော်​သည် မိုး​ပွင့်​ကဲ့​သို့​ဖြူ၏။ ဆံ​ပင်​တော်​သည် ဖြူ​သော သိုး​မွေး​နှင့်​တူ၏။ ပ​လ္လင်​တော်​သည် မီး​လျှံ​ဖြစ်၏။ ပ​လ္လင်​တော်​အောက်၌ မီး​စက်​လှည်း​ဘီး ရှိ၏။ မျက်​နှာ​တော်​မှာ မီး​ရောင်​ခြည်​ထွက်​လေ၏။ အ​တိုင်း​မ​သိ များ​စွာ​သော​သူ​တို့​သည် အ​မှု​တော်​ကို ဆောင်​ရွက်၍၊ ကု​ဋေ​သင်္ချေ​မ​က ရှေ့​တော်၌ ခ​စား၍​နေ​ကြ၏။ တ​ရား​စီ​ရင်​ခြင်း​ငှာ​ပြင်​ဆင်၍ စာ​စောင်​များ​ကို ဖွင့်​ထား​ကြ၏။
ဒံယေလအနာဂတ္တိကျမ်း7:9‭-‬10 )ဒီကျမ်းချက်ထဲကမီးလျှံနဲ့မီးစက်လှည်းဘီးရဲ့ဆိုလိုရင်းကဖြောင့်မတ်မှန်ကန်ပြီး၊တရားမျှတစွာစီရင်တဲ့ဘုရားသခင်ကိုရည်ညွန်းပုံဆောင်တာဖြစ်ပါတယ်။

၃။ကယ်တင်သောဘုရား
(ထို​အ​ခါ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​သည် ချုံ​ထဲ​က​ထွက်​သော မီး​လျှံ၌​ထင်​ရှား၏။ မော​ရှေ​သည်​ကြည့်​သော​အ​ခါ၊ မီး​လောင်၍ ချုံ​မ​ကျွမ်း​ဘဲ​ရှိ​သည်​ကို မြင်​လျှင်၊ အ​ဘယ်​ကြောင့် ချုံ​မ​ကျွမ်း​ဘဲ​ရှိ​သ​နည်း။ ဤ​ထူး​ဆန်း​သော​ရူ​ပါ​ရုံ​ကို ငါ​သွား၍ ကြည့်​ရှု​မည်​ဟု​ဆို၏။ထွက်မြောက်ရာကျမ်း3:2‭-‬3 )ဒီကျမ်းချက်ထဲကမီလျှံဟာဘုရားသခင်ကိုပုံဆောင်ပြီးချုံ(ဆူးပင်)ကိုလောင်နေပေမယ့်ချုံမကျွမ်းသွားခြင်းဟာဘုရားသခင်ကိုယ်တိုင်လူတွေဆီလာပြီးကယ်တင်ခြင်းအမှုကိုပြုမှာဖြစ်ကြောင်းပုံဆောင်ပါတယ်။

၄။စကားဖြင့်ပြုပြင်‌ပေးသောဘုရား
(ငါ၏ နှုတ်​က​ပတ်​တော်​သည် မီး​ကဲ့​သို့​လည်း​ကောင်း၊ ကျောက်​ကို​ထု​ချေ​သော သံ​တူ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​သည်​မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။ယေရမိအနာဂတ္တိကျမ်း23:29 )
ဘုရားနူတ်တော်ထွက်စကား(သမ္မာကျမ်းစာ)ဟာယနေ့တိုင်ဖတ်ရှုသူတိုင်းကိုစကားပြောနေခြင်းဖြစ်ပြီး၊ဒီစကားနဲ့ဖတ်ရှုသူတွေကိုခုထိတိုင်ပြုပြင်ပေးနေတုန်းပါ။

၅။တဆူတည်းသောဘုရား
(အကြောင်းမူကား၊ သင်​တို့၏ ဘု​ရား​သခင်ထာဝရဘုရားသည် လောင်​သော​မီး၊ အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။တရားဟောရာကျမ်း4:24 )ဒီကျမ်းချက်ထဲက“အပြစ်ရှိသည်ဟုယုံလွယ်‌သော”ဆိုတာနားလည်မှုမမှားဖို့လိုပါတယ်။ဘုရားသခင်ကအပြစ်ရှိမရှိမသိသေးဘဲအပြစ်ရှိတယ်လို့ခန့်မှန်းယုံလွယ်ခြင်းမျိုးမဟုတ်ပါ။သူ့ကိုဘဲကိုးကွယ်စေချင်တဲ့ဘုရား၊သူသာလျှင်တဆူတည်းသောဘုရားဖြစ်ကြောင်းလူသားတွေကိုသတိပေးနေခြင်းပါ။တနည်းအားဖြင့်ဒီနေရာမှာပြောတဲ့လောင်သောမီးဟာအခြားဘုရားတွေအားလုံးသူ့ရှေ့မှာရပ်တည်လို့မရနိုင်ခြင်း၊သူသာလျှင်ဘုရားသခင်ဖြစ်ခြင်းကိုဆိုလိုပါတယ်။

၆။ချက်ချင်းအပြစ်စီရင်သောဘုရား
(ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မိုး​ချုန်း​ခြင်း၊ မြေ​လှုပ်​ခြင်း၊ အ​သံ​ဗ​လံ​မြည်​ခြင်း​နှင့်​တ​ကွ မိုး​သက်​မုန်​တိုင်း၊ လောင်​တတ်​သော မီး​လျှံ​အား​ဖြင့် အ​ပြစ်​ပေး​တော်​မူ​မည်။
ဟေရှာယအနာဂတ္တိကျမ်း29:6 )ဒီကျမ်းချက်ထဲမှာပြောတဲ့မီးလျှံဆိုတာ၊မျက်မှောက်ခေတ်အသက်ရှင်နေတုန်းကာလမှာလူသား‌တွေအ‌ပေါ်ဘုရားသခင်ပြုတဲ့အပြစ်စီရင်ခြင်းဖြစ်ပါတယ်။(ဟေရှာ၃၀:၂၇-၃၀)

၇။လမ်းပြကွယ်ကာသောဘုရား
(သို့​ဖြစ်၍ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ​ကြွ​သ​ဖြင့်၊ လောင်​သော​မီး​ကဲ့​သို့​ဖြစ်​လျက် သူ​တို့​ကို​ဖျက်​ဆီး၍၊ သင့်​မျက်​မှောက်၌ နှိမ့်​ချ​တော်​မူ​မည်​အ​ကြောင်း​ကို ယ​ခု​သ​ဘော​ကျ​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ သင်​သည် သူ​တို့​ကို​နှင်​ထုတ်၍ အ​လျင်​အ​မြန် ဖျက်​ဆီး​ရ​လိမ့်​မည်။တရားဟောရာကျမ်း9:3 )ဒီကျမ်းချက်ထဲကလောင်သောမီးဆိုတာယ‌နေ့ယုံကြည်သူကိုအဓိကကွယ်ကာစောင့်မခြင်း၊လမ်းပြထွန်းလင်းပေးခြင်းဖြစ်ပါတယ်။

သတိ
ဘုရားသခင်ဟာချစ်ခြင်းမေတ္တာဖြစ်တယ်၊‌တောင်းပန်ရင်ခွင့်လွတ်မှာပါဆိုပြီးအခွင့်ကောင်းယူအပြစ်လုပ်နေရင်သတိထားပါ။ဘုရားရဲ့မေတ္တာနဲ့ဖြောင့်မတ်ခြင်းကအတူတူဖြစ်တည်နေတာမမေ့ပါနဲ့။သင်လုပ်နေတဲ့အရာအားလုံးမီးနဲ့စစ်ကြောခံရမှာပါ(၁
ကော 3:12-15)၊အခွင့် ရေးပေးတုန်း‌ နောင်တမရ၊လက်မခံဘဲငြင်းပယ်ခဲ့သူအားလုံးမီးနဲ့ဒဏ်ခတ်ခံရပါမယ်(၂သက်1:6‭-‬8)၊စာတန်မာနတ်နဲ့သူ့အပေါင်းအပါအားလုံးကန့်မီးအိုင်ထဲပစ်ချခံရမယ်(ဗျာ20:10)။