• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဖြစ်ပြီသို့‌သော်မဖြစ်သေးပါ

ဆရာရဲမင်း

11 月 9, 2024

ဖြစ်ပြီ_သို့‌သော်မဖြစ်သေးပါ

တရုတ်လို「已然 未然」ဆိုပြီးကျမ်းစာကျောင်းတုန်းကသင်ယူဖူးတဲ့ဓမ္မအ‌တွေးအခေါ်ဆိုင်ရာအမြင်(Theological concept)
ပါ။အင်္ဂလိပ်လို‌တော့Already but not yetဖြစ်မယ်ထင်ပါတယ်။မြန်မာလိုအနီးစပ်ဆုံးဘာသာပြန်ရရင်“ဖြစ်ပြီးပြီ၊သို့‌သော်မဖြစ်‌သေး”လို့‌ ပြောရမှာပါ။ဆိုလိုရင်းကယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်း‌ကြောင့်ယနေ့ကျွန်တော်တို့သည်ယုံကြည်ရုံနှင့်အပြစ်လွတ်ခြင်းနဲ့ထာဝရအသက်ရပြီး(Already)ဖြစ်ပါတယ်။ဒါဟာ‌ယေရှုပြုတဲ့ကယ်တင်ခြင်းအမှုပြီးခြင်း(ဖြစ်တည်ပြီး)အရာပါ။အာမင်။

ဒါပေမယ့်တဖက်မှာက
သည်ဒီကယ်တင်ခြင်းဟာစုံလင်ခြင်းကိုမရောက်သေးတဲ့(Not yet)အရာပါ။ဥပမာကယ်တင်ခြင်းရပြီဆိုပေမယ့်အပြစ်နဲ့ပြည့်နက်နေတဲ့လောကထဲမှာရုန်းကန်နေရသေးတယ်၊ကယ်တင်ခြင်းရပြီဆိုပေမယ့်ထာဝရကောင်းကင်မရောက်သေးဘူး၊ကယ်တင်ခြင်းရပြီဆိုပေမယ့်အိုတတ်၊နာတတ်၊သေတတ်တဲ့ခန္ဓာအကန့်သတ်ထဲရှိသေးတယ်၊ဘုန်းကြီးတဲ့မအို၊မနာ၊မသေခန္ဓာမရသေးဘူး။ဒါဟာစုံလင်ခြင်းမရသေးတဲ့(Not yet)အရာတွေပါ။

တနည်းအားဖြင့်ယနေ့ယုံကြည်သူတွေဟာAlready\_but\_not\_yetဆိုတဲ့အတိုင်းအတာတခုမှာအသက်ရှင်နေရတဲ့သဘောပါ။ဥပမာ-ခရစ်တော်ကအုပ်စိုးနေပြီ။သို့သော်ခရစ်တော်ရဲ့အုပ်စိုးခြင်းကအကုန်မပေါ်လွင်လာသေးဘူး(ဟေဗြဲ၂:၈-၉)။
ယုံကြည်သူတိုင်းကယ်တင်ခြင်းရပြီ၊ဖြောင့်မတ်သူဖြစ်ပြီ။သို့သော်ဇာတိသ‌ဘောရှိတဲ့ခန္ဓာနဲ့အပြစ်ပြုမိနေတတ်သေးတယ်(ရောမ၇;၁၈-၂၅)။
ယုံကြည်သူတိုင်းထာဝရအသက်ရပြီ၊သို့သော်ဘုန်းကြီးတဲ့ခန္ဓာမရသေးဘူး(၁ကော၁၅:၄၂-၄၄)။ဒါတွေဟာ“ဖြစ်နေပြီဆိုပေမယ့်မဖြစ်သေးတဲ့”ကာလတခုထဲမှာပါဘဲ။

ဒါကြောင့်လည်းကယ်တင်ခြင်းရပြီဆိုပေမယ့်အခက်ခဲပြဿနာကြုံတွေ့နေရတတ်တာပါ။ဒါကိုနားမလည်ထားရင်“ငါကယ်တင်ခြင်းရပြီဘာလို့ဒုက္ခပြဿနာကြုံ‌နေရသေးလဲ”ဆိုပြီးခံယူမှုလွဲသွားတတ်ပါတယ်။အမှန်ကတော့ယုံကြည်သူတွေဟာအရိုက်အရာပိုင်းမှာအောင်မြင်ပြီးသူ၊ယုံကြည်ခြင်း‌ကြောင့်ထာဝရမှာအပြစ်ပေးခြင်းမခံရတော့တဲ့အရိုက်အရာမျိုးရပြီးသားဖြစ်ပါတယ်။ဒါ‌ပေမယ့်နေ့စဉ်အသက်တာမှာတော့အပြစ်နဲ့တိုက်ပွဲဝင်နေရတုန်းပါ။ဒါ‌ကြောင့်စုံလင်ခြင်းကို‌ မျှော်လင့်စောင့်စားနိုင်ဖို့ယုံကြည်ခြင်းကိုအမြဲအားဖြည့်ထားဖို့‌တော့လိုအပ်ပါပေတယ်။
ဖတ်ရှုသူအားလုံးဝိညာဉ်တော်အလင်းရပါစေ။အာမင်။