သမ္မာကျမ်းစာမှတောင်(၃၄)တောင်
၁။အာရရတ်တောင်
ကမ္ဘာဦးကျမ်း၈:၄မှာ ရေလွမ်းမိုးပြီးနောက်၊နောဧသင်္ဘောတင်နေခဲ့တဲ့ တောင်ပါ။ယနေ့ထိတူရဂီမှာရှိနေပါသေးတယ်။
၂။သိနာတောင်
ဟောရပ်တောင်ရဲ့အထိပ်တောင်လေးပါ။သူ့ကိုကျမ်းစာ၂၃နေရာလောက်မှာဖော်ပြပါတယ်။ဒီတောင်ကဘုရားစကားတဆင့်ပြောသောတောင်၊မောရှေကိုမီးချုံကနေခေါ်သောနေရာ၊ပညတ်နဲ့ပဠိညာဉ်ပြုသောနေရာပါ။(ထွ၃:၁-၂၊၁၉:၁၁,၂၀,၂၃၊၂၄:၁၆၊၃၁:၁၈၊၃၄:၂၊၃၄:၄,၂၉,၃၂၊ဝတ်၇:၃၈-၃၉၊၂၅:၁၊၂၆:၄၆၊၂၇:၃၄၊တောလည်၃:၁၊၂၈:၆၊တရားသူကြီး၅:၅၊နေဟမိ၉:၁၃၊ဆာလံ၆၈:၈၊တမန်၇:၃၀၊ဂလာတိ၄:၂၄-၂၅)
၃။ဟောရပ်တောင်
တိနာတောင်နဲ့တခုထဲပါ၊ဘုရားရဲ့တောင်လို့လည်းခေါ်တယ်၊ပရောဖတ်ဧလိယလာရှောင်ပုန်းခဲ့တဲ့တောင်လည်းဖြစ်ပါတယ်။ကျမ်းစာမှာ၁၆နေရာလောက်ဖော်ပြထားပါတယ်။(ထွက်၃:၁၊၃၃:၆၊တရား၁:၂၊၁:၆၊၁:၁၉၊၄:၁၀၊၄:၁၅၊၆:၂၊၉:၈၊၁၈:၁၆၊၂၉:၁၊၃ရာ၈:၉၊၁၉:၈၊၆ရာ၅:၁၀၊ဆာလံ၁၀၆:၁၉၊မာလခိ၄:၄)။
၄။ဟောရတောင်
မောရှေအကိုယစ်ပရောဟိတ်ကြီးအာရုံသေခဲ့တဲ့နေရာပါ။ကျမ်းစာမှာ၁၃ကြိမ်လောက်ဖော်ပြပါတယ်၊ဖော်ပြတဲ့အရာတိုင်းကအာရုံရဲ့သေခြင်းနဲ့ဆက်နွယ်နေပါတယ်။(တောလည်ရာအခန်းကြီး၂၀၊၂၁၊၃၃၊၃၄။တရားဟော၃၂:၅၀)
၅။ရှာဖာတောင်
ဣသရေလလူမျိုးအဲဂုတ္ထုပြည်ကနေထွက်ခွာလာတဲ့အခါလမ်းခရီးမှာတစ်ထောက်နားခဲ့ဖူးတဲ့တောင်ပါ။
(တောလည်ရာကျမ်း၃၃:၂၃-၂၄)
၆။စိရတောင်
ဣဇက်သားကြီးဧသောနေထိုင်ပြီးဧဒုံအမျိုးကိုအစပြုခဲ့တဲ့နေရာပါ၊နောက်ပိုင်းဣသရေလလူမျိုးကိုရန်ပြုခဲ့လို့ဘုရားရဲ့ကျိန်ခြင်းခံခဲ့ရတဲ့နေရာပါ။ကျမ်းစာမှာ၁၇နေရာလောက်ဖော်ပြပါတယ်။(ကမ္ဘာ၁၄:၆၊၃၆:၈,၉၊တရားဟော၁:၂၊၂:၁,၅၊ယေရှု၁၅:၁၀၊၂၄:၄၊၃ရာ၄:၄၂၊၄ရာ၂၀:၁၀,၂၂,၂၃၊ ယေဇကျေလ၃၅:၇,၈,၁၅)
၇။ဟေရမုန်တောင်
ဇိအုန်တောင်သို့မဟုတ်စိယုန်တောင်လို့လည်းခေါ်ပါတယ်။ဣသရေလလူမျိုးတွေခါနန်ပြည်ကိုဝင်တိုက်တဲ့အခါအနိုင်ရခဲ့တဲ့နေရာတခုပါ။အလွန်မြင့်မားပြီးနှင်းကျလို့အမြဲစိုစွတ်စိမ်းလန်းနေတဲ့တောင်ပါ ။(တရားဟော၃:၈-၉၊၄:၄၈၊ယောရှု၁၁:၃,၁၇၊၁၂:၁,၅၊၁၃:၅၊၅ရာ၅:၂၃၊ဆာလံ၁၃၃:၃)
၈။မိဇရတောင်
မြန်မာကျမ်းစာမှာတော့မိဇရကုန်းလို့သာပါပါတယ်။ဟေရမုန်တောင်ရိုးပေါ်ကတောင်ကုန်းကလေးပါ(ဆာလံ၄၂:၆)
၉။ဂေရဇိမ်တောင်
ဘုရားသခင်ရဲ့ကောင်းကြီးခံယူတဲ့နေရာဖြစ်သလို၊ဘုရားကောင်းကြီးပေးတဲ့တောင်ပါ။နောက်ပိုင်းရှမာရိလူမျိုးတွေဗိမာန်တော်တည်ဆောက်ပြီးဝတ်ပြုရာအဖြစ်သတ်မှတ်ခဲ့တဲ့တောင်ပါ။(တရားဟော၁၁:၂၉၊၂၇:၁၂၊ယေရှု၈:၃၃၊တရားသူကြီး၉:၇)။
၁၀။ဧဗလတောင်
ဂေရဇိမ်တောင်နဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ကျိန်ခြင်းခံတောင်ပါ။ဘုရားသခင်ရဲ့ကျိန်ခြင်းခံတဲ့နေရာလည်းဖြစ်ပါတယ်။(တရားဟော၁၁:၂၉၊၂၇:၄,၁၃၊ယေရှု၈:၃၀,၃၃)။
၁၁။ပေရဇေတောင်
ဘုရားသခင်အမှုသစ်ကိုပြုမယ့်နိုးထခြင်းတောင်လို့သက်ရောက်ပါတယ်။(ဟေရှာ၂၈:၂၁)
၁၂။နေဗောတောင်
မောဘပြည်မှာတည်ရှိပြီး၊အာဗရိမ်တောင်ရိုးပေါ်ကတောင်လေးတခုဖြစ်ပါတယ်။မောရှေရဲ့နောက်ဆုံးခရီးဖြစ်ပြီး၊အဲဒီတောင်ကနေဘုရားသခင်ကသူ့ကိုခါနန်ပြည်ကိုပြခဲ့တာပါ။မောရှေသေခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။(တရားဟော၃၂:၄၉၊၄၃:၁)
၁၃။ပါရန်တောင်
ဘုရားသခင်စကားတော်ထွက်ရာနဲ့ဘုန်းတော်ဖြာရာကိုပုံဆောင်တဲ့တောင်ပါ။(တရားဟော၃၃:၂၊ဟဗက္ကုတ် ၃:၃)
၁၄။ဟာလက်တောင်
ဣသရေလလူမျိုးတွေခါနန်ပြည်ကိုဝင်တိုက်တဲ့အခါအနိုင်ရခဲ့တဲ့နေရာတခုပါ။(ယောရှု၁၁:၁၇၊၁၂:၇)
၁၅။ပိသဂါတောင်
ဒီတောင်မှာဗာလမ်ကနေငွေတပ်မက်ပြီးဣသရေလလူတွေကိုကျိန်ဆိုခဲ့တဲ့နေရာမို့ဆီးတားခြင်းလို့အဓိပ္ပာယ်သက်ရောက်ပါတယ်။(တောလည်ရာ၂၃:၁၄၊တရားဟော၃:၁၇,၂၇၊၄:၄၉၊၃၄:၁၊ယောရှု၁၃:၂၀)။
၁၆။ဧဖရုန်တောင်
ခါနန်ပြည်ကိုသိမ်းပိုက်အပြီး၊ယောရှုကနေယုဒမျိုးနွယ်တွေအတွက်ခွဲဝေပေးတဲ့နေရာထဲကတောင်ပါ။(ယောရှု၁၅:၉)။
၁၇။ယာရိမ်တောင်
သူ့ကိုခေသလုန်တောင်လို့လည်းခေါ်ပါတယ်။ခါနန်ပြည်ကိုသိမ်းပိုက်အပြီး၊ယောရှုကနေယုဒမျိုးနွယ်တွေအတွက်ခွဲဝေပေးတဲ့နေရာထဲကတောင်ပါ။(ယောရှု၁၅:၁၀)။
၁၈။ဗာလာတောင်
ဒါလည်းခါနန်ပြည်ကိုသိမ်းပိုက်အပြီး၊ယောရှုကနေယုဒမျိုးနွယ်တွေအတွက်ခွဲဝေပေးတဲ့နေရာထဲကတောင်ပါဘဲ။(ယောရှု၁၅:၁၁)။
၁၉။ဧဖရိန်တောင်
ယောရှုသေပြီးမြုပ်ခံခဲ့တဲ့နေရာပါ။နောက်ပိုင်းဒီနေရာတဝိုက်လူနေများပြီး ယောရှဖက်မင်းခေတ်အထိစည်ကားခဲ့တဲ့နေရာပါ။ကျမ်းစာမှာ၃၂နေရာလောက်ဖော်ပြထားပါတယ်။(ယောရှု၂၄:၃၀၊တရားသူကြီး၂:၉)
၂၀။ဂါရှတောင်
မြန်မာကျမ်းစာမှာတော့ဂါရှကုန်းလို့သာမှတ်သားထားပါတယ်။ဧဖရိန်တောင်ပေါ်မှာရှိတဲ့တောင်ကုန်းလေးတခုပါ။(ယောရှု၂၄:၃၀၊တရားသူကြီး၂:၉)
၂၁။ဟေရက်တောင်
ဣသရေလတွေခါနန်ကိုသိမ်းတဲ့အခါမနှင်ထုတ်ဘဲထားခဲ့တဲ့အာမောရိလူမျိုးနေတဲ့နေရာပါ။(တရားသူကြီး၁:၃၅)
၂၂။တာဗော်တောင်
တရားသူကြီးခေတ်မှာဒေဗောရကနေဗာရက်ကိုတာဗော်တောင်သွားပြီးဗာရက်ကိုတိုက်ဖို့ပြောတဲ့နေရာပါ။(တရားသူကြီး၄:၆,၁၂,၁၄၊၈:၁၈၊ဟောရှေ၅:၁)။
၂၃။ဂိလဒ်တောင်
ယာကုပ်နောက်ကိုလာဗန်လိုက်တဲ့အခါလိုက်မီသွားတဲ့နေရာကဂိလဒ်တောင်နားမှာပါဘဲ။နောက်ပိုင်းရုဗင်အမျိုးနဲ့ဂဒ်အမျိုးဒီတောင်တဝက်ထိအမွေရခဲ့တာပါ။မိဒျန်လူကိုဂိဒေါင်သွားတိုက်တဲ့အခါအဲဒီတောင်နားရောက်ပြီးကြောက်တတ်သူပြန်ပါလို့ပြောခဲ့တဲ့နေရာပါ။(ကမ္ဘာ၃၁:၂၁,၂၃,၂၅၊တရားဟော၃:၁၂၊တရားသူကြီး၇:၃၊ရှောလမုန်သီချင်း၄:၁၊၆:၅)။
၂၄။မောရေတောင်
တရားသူကြီးခေတ်ကတရားသူကြီးဂိဒေါင်နဲ့တိုက်ဖို့မိဒျန်လူတွေအခြေချထားတဲ့နေရာပါ။(တရားသူကြီး၇:၁)
၂၅။ဇလမုန်တောင်
တရားသူကြီးဂိဒေါင်သားအဘိမလတ်ဆိုးသွမ်းတဲ့ခေတ်မှာစစ်တိုက်ဖို့အတွက်သစ်လာခုတ်ခဲ့တဲ့တောင်ပါ။(တရားသူကြီး၉:၄၈)။
၂၆။ဂိလဗောတောင်
ဖိလတ္တိလူမျိုးနဲ့ဣသရေလလူ တွေစစ်ဖြစ်တဲ့နေရာပါ၊ရှင်ဘုရင်ရှောလုနဲ့သားသုံးယောက်စစ်တိုက်သေခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။(၁ရာ၃၁:၈၊၂ရာ၁:၆,၂၁၊၃ရာ၁၀:၁,၈)။
၂၇။ကရမေလတောင်
ပရောဖက်ဧလိယကနေအာရှရပရောဖက်၄၅၀နဲ့ဆုတောင်းပြိုင်ခဲ့ပြီးအနိုင်ရခဲ့တဲ့တောင်ပါ။သုံးနှစ်ခွဲမိုးမရွှာလို့မိုးရွာဖို့ဆုတောင်းခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ရှုနင်မြို့ကမိန်းမဟာသူ့ကလေးသေလို့ပရောဖက်ဧလိရှဲကိုလာအကူညီတောင်းတဲ့နေရာလည်းဖြစ်ပါတယ်။(၃ရာ၁၈:၁၉,၂၀,၄၂၊၄ရာ၂:၂၅၊၄:၂၅၊ရှောလမုန်သီချင်း၇:၅၊အာမုတ်၉:၃၊မိက္ခာ၇:၁၄)။
၂၈။မောရိတောင်(ဇိအုန်တောင်)
အာဗြံဟံကနေသူ့သားဣဇက်ကိုပူဇော်ဖို့ဘုရားစမ်းသပ်ခံရတဲ့နေရာပါ။အာဗြံဟံကနေအဲဒီတောင်ကိုယေဟောဝါယိရေ(ဘုရားပြင်ဆင်လိမ့်မည်)လို့အမည်ပေးခဲ့တာပါ။နောက်ပိုင်းရှင်ဘုရင်ဒါဝိဒ်ကနေကူးစက်ရောဂါပျောက်ဖို့ဘုရားသခင်ကိုပူဇော်ခဲ့တဲ့နေရာပါ။ဒါဝိဒ်သားရှောလုမုန်ကနေပထမဗိမာန်တော်တည်ဆောက်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ဂျေရုစလင်မြို့ထဲကတောင်ကုန်းကလေးပါ။နောက်ဆုံးသောကာလအထိဒီတောင်ပါဝင်နေပါလိမ့်မယ်။(ကမ္ဘာ၂၂:၂၊၂ရာ၂၄:၁၈-၂၅၊၄ရာ၁၉:၃၁၊၆ရာ၃:၁-၂၊ဆာလံ၄၈:၂,၁၁၊၇၄:၂၊၇၈:၆၈၊၁၂၅:၁၊၁၃၃:၃၊ဟေရှာ၈:၁၈၊၁၀:၁၂၊၁၈:၇၊၂၄:၂၃၊၂၉:၈၊၃၁:၄၊၃၇:၃၂၊ရေယမိမြည်တမ်း၅:၁၈၊ယောန၂:၃၂၊ဟဗကုတ်၁:၁၇,၂၁၊မိက္ခာ၄:၇၊ဟေဗြဲ၁၂:၂၂၊ဗျာ၁၄:၁)
၂၉။အာမောရိတောင်
သီးသန့်တောင်တလုံးမဟုတ်ဘဲ၊မူရင်းမှာကအာမောရိလူမျိုးနေထိုင်တဲ့တောတောင်လို့သက်ရောက်ပါတယ်။(တရားဟော၁:၇,၁၉,၂၀)။
၃၀။ဇေမရိမ်တောင်
ဧဖရိန်တောင်ရိုးကြီးထဲကတောင်လေးတစ်တောင်ပါ။ယုဒဘုရင်အဘိယမင်းနဲ့ဣသရေလဘုရင်ယေရောဘောင်မင်းစစ်ဖြစ်တဲ့အခါယုဒဘုရင်အဘိယအခြေချခဲ့တဲ့တောင်ပါ။(၆ရာ၁၃:၄)
၃၁။ရှမာရိတောင်
ဣသရေလရှင်ဘုရင်ဩမရိက တောင်ရှင်ရှမေရလူတွေဆီကနေဝယ်ယူပြီးနောက်၊ဣသရေလမြို့တော်အဖြစ်သတ်မှတ်အသုံးပြုခဲ့တာပါ။ကွဲပြားခြင်းလို့သက်ရောက်ပါတယ်။တချို့ကျမ်းပညာရှင်တွေကဒီတောင်ဟာရှမာရိလူမျိုးကိုးကွယ်ရာနေရာဖြစ်တဲ့ ဂေရဇိမ်တောင်(အချက်၉)ဘဲလို့ခံယူကြပါတယ်။(၃ရာ၁၆:၂၄၊အာမုတ်၄:၁၊၆:၁)
၃၂။လေဗနုန်တောင်
တောင်ပေါ်ကမြေအဖြူရှိတာနဲ့၊နှစ်စဉ်၆လအကြာနှင်းဖြူပြည့်နေတာကြောင့်လေဗနုန်(ဟေဘရူးလို“အဖြူ”)လို့ခေါ်တာပါ( ယေရမိ၁၈:၁၄)။ဒီတောင်မှာဟိဝိလူတွေနေထိုင်ပါတယ်(တရားသူကြီး၃:၃)။အာရဇ်ပင်ပေါက်ကောင်းတာနဲ့အခြားအသီးပင်တွေလည်းပေါများလို့သမ္မာကျမ်းစာမှာဒီတောင်ကိုဥပမာပေးတိုင်းအာရဇ်ပင်ရဲ့ကြီးထွားမြင့်မားမှုနဲ့သဘာဝအသီးပင် ပေါများမှုကိုယူသုံးပါတယ်(ဆာလံ၇၂:၁၆၊၂၉:၅-၆၊ရှောလမုန်သီချင်း၃:၉၊၄:၁၁၊၅:၁၅၊ဟောရှေ၁၄၅-၇၊တရားသူကြီး၉:၁၅၊၃ရာ၄:၃၃၊၄ရာ၁၄:၉၊၆ရာ၂၅:၁၈၊ဆာလံ၉၂:၁၂၊၁၀၄:၁၆၊ဟေရှာ၂:၁၃၊၃၅:၂၊၆၀:၁၃၊ယေရမိ၂၂:၆၊ ယေဇကျေလ၃၁:၃-၁၄၊၂၇:၅၊ဇာခရိ၁၁:၁-၂)
အာရဇ်ပင်ကဆောက်လုပ်ရေးမှာအသုံးပြုပါတယ်၊ဣသရေလဒုတိယဗိမာန်ကိုတောင်ဒီအာရဇ်ပင်နဲ့ဆောက်ထားတာပါ(ဟေရှာ၁၄:၈၊ယေဇကျေလ၂၇:၈၊၃ရာ၅:၆-၉-၁၄၊၇:၂၊၁၀:၁၇၊၁၀:၂၁။၆ရာ၂:၈၊၁၆၊၉:၂၀၊ဧဇရ၃:၇)။
၃၃။သံလွင်တောင်
ဂျေရုစလင်မြို့အရှေ့နားကတောင်ပါ။တောင်အောက်မှာဂေသရှေမန်ဥယျဉ်ရှိပါတယ်။ဒါဝိဒ်မင်းရဲ့သားအဗရှလုံဖောက်ပြန်တဲ့အချိန်ဒါဝိဒ်မင်းခြေဗလာနဲ့ငိုပြီးဒီတောင်တက်ဆုတောင်းခဲ့ပါတယ်။ယေရှုခရစ်တော်အမြဲလာဆုတောင်းတတ်ပြီးတပည့်တော်တွေကိုဆုံးမဩဝါဒပေးတတ်တဲ့နေရာပါ။ယေရှုခရစ်တော်အရှင်လတ်လတ်မိုးတိမ်စီးပြီးကောင်းကင်တက်သွားတဲ့နေရာဖြစ်သလို၊အဲဒီတိုင်းပြန်လာမယ့်နေရာလည်းဖြစ်ပါတယ်။(၂ရာ၁၅:၃၀၊ယေဇကျေလ၁၄:၄၊မဿဲ၂၁:၁၊၂၄:၃၊၂၆:၃၀၊မာကု၁၁:၁၊၁၃:၃၊၁၄:၂၆၊လုကာ၁၉:၂၉,၃၇၊၂၁:၃၇၊၂၂:၃၉၊ယော၈:၁၊တမန်၁:၁၂)
၃၄။ဂေါလဂေါသတောင်
ဦးခေါင်းခွံအရပ်လို့လည်းခေါ်ပါတယ်၊။ရောမခေတ်ကဒုစရိုက်သမားတွေကိုသေဒဏ်ပေးတဲ့တောင်ကုန်းလေးပါ။သခင်ယေရှုခရစ်တော်လူသားအားလုံးအတွက်လက်ဝါးကားတိုင်မှာရိုက်ထားခြင်းခံခဲ့ရတဲ့နေရာလည်းဖြစ်ပါတယ်။(မဿဲ၂၇:၃၃၊မာကု၁၅:၂၂၊ ယော၁၉:၁၇)
နိဂုံး
ဒီတောင်၃၄တောင်ထဲမှာယနေ့ယုံကြည်သူဝိညာဥ်ရေးရာအတွက်တက်ရမယ့်တောင်၁၀တောင်ပါရှိနေပါတယ်။
၁။အာရရတ်တောင်ဟာကယ်တင်ခြင်းကိုပုံဆောင်ပါတယ်။(No.1)
၂။မောရိတောင်ဟာစစ်ဆေးခြင်းကိုပုံဆောင်ပါတယ်။(No.28)
၃။ဟောရပ်တောင်ဟာခေါ်တော်မူခြင်းတာဝန်ပေးခြင်းကိုပုံဆောင်ပါတယ်။(No.3)
၄။တိနာတောင်ဟာပညတ်တော်ခံယူခြင်းကိုပုံဆောင်ပါတယ်။(No.2)
၅။နေဗောတောင်ဟာမျှော်လင့်ခြင်းကိုပုံဆောင်ပါတယ်။(No.12)
၆။ကရမေလတောင်ကသမ္မာတရားပေါ်ရပ်တည်ခြင်းနဲ့မှားယွင်းမှုအားတိုက်လှန်ခြင်းကိုပုံဆောင်ပါတယ်။(No.27)
၇။ဟေရမုန်တောင်ကဘုရားသခင်ရဲ့စီမံထိန်းချုပ်ထားခြင်းကိုပုံဆောင်ပါတယ်(No.7)
၈။ဂေါလဂေါသတောင်ဟာမိမိထမ်းရမယ့်ကားတိုင်ကိုပုံဆောင်ပါတယ်(No.33)
၉။သံလွင်တောင်ဟာခရစ်တော်ပြန်လာမှာကိုပုံဆောင်ပါတယ်(No.32)
၁၀။မောရိတောင်ရဲ့အမည်တခုဖြစ်တဲ့ဇိအုန်တောင်ကတော့ထာဝရကောင်းကြီးခံစားခြင်းကိုပုံဆောင်ထားတာဘဲဖြစ်ပါတယ်။(No.28)
ယနေ့ယုံကြည်သူတွေဒီအစဉ်လိုက်တောင်တက်ဖို့လိုအပ်ပါတယ်။ဖတ်ရှုသူအားလုံးဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။