သာသနာမှာပါဝင်ဖို့မေ့နေပြီလား?
၁၉ရာစုမှာသာသနာပြုသူရဲကောင်း၄ဦးပေါ်ထွက်ခဲ့ဘူးပါတယ်။သူတို့ဟာမိမိတို့သာယာနေတဲ့ဘဝကိုထားခဲ့ပြီးရေမြေရပ်ခြားသာသနာပြုပေးဆပ်ခဲ့သူတွေပါ။
၁။ဝီလီယံကယ်ရီ(William Carey, 1761-1834)
အင်္ဂလန်နိုင်ငံသားဖြစ်ပြီး၊အိန္ဒိယမှာနှစ်ပေါင်း၅၀ လောက်သာသနာပြုခဲ့သူပါ။အစိုးရဖိနှိပ်မှု၊ငွေကြေးမလုံလောက်မှု၊သားကိုဆုံးရှုံးရခြင်းနဲ့သူဘာသာပြန်ထားတဲ့ကျမ်းစာကိုခဏခဏမီးရှို့ခံရခြင်းနဲ့ကြုံခဲ့ရသူပါ။ဒါပေမယ့်သူ့ကိုဘုရားအသုံးပြုခဲ့လို့အိန္ဒိယကလူပေါင်းမြောက်များစွာကိုကယ်တင်ခြင်းဝေဌပြီးပြောင်နိုင်ခဲ့ပါတယ်။
သူ့အမြဲလက်ဆွဲစကားက“ကြီးမားတဲ့အရာဘုရားဆီတောင်းမယ်၊ဘုရားအတွက်ကြီးမားတဲ့အရာဖြစ်စေမယ်”(Expect great things from God; attempt great things for God)ဆိုပြီးဖြစ်ပါတယ်။သူ့အကြောင်းအသေးစိပ်လေ့လာရန်
https://en.m.wikipedia.org/wiki/William\_Carey\_(missionary)
၂။ယုဒဿန်(Adoniram Judson, 1788-1850)
အမေရီကန်ကဖြစ်ပြီးရေမြေရပ်ခြားဖြစ်တဲ့မြန်မာနိုင်ငံကိုသာသနာလာပြုခဲ့တာပါ။ဧဝံဂေလိကြောင့်အကျဉ်းထောင်ကျခံခြင်း၊ရင်သွေးလေးနဲ့ကြင်ဖော်ကိုဆုံးရှုံးခဲ့ရခြင်း၊ပြဿနာဖိအားအမျိုးမျိုးကြားကကျမ်းစာဘာသာပြန်ပေးခဲ့ခြင်း၊အဘိဓာန်ပြုစုခြင်း၊နောက်ဆုံးမြန်မာပြည်အတွက်အသက်ပါပေးသွားတဲ့သာသနာပြုသူရဲကောင်းပါ။သူ့အကြောင်းမြန်မာလိုအသေးစိပ်ဖတ်လိုရင်
https://my.wikipedia.org/…/%E1%80%9A%E1%80%AF%E1%80%92…
၃။ရောဘတ်မော်ရစ်စန်(Robert Morrison, 1782-1834)
အင်္ဂလန်နိုင်ငံကဖြစ်ပြီး၊ ရေမြေရပ်ခြားတရုတ်ပြည်မကြီးမှာသာသနာပြုခဲ့တဲ့သူရဲကောင်းပါ။ကျမ်းစာကိုတရုတ်ဘာသာပြန်ပေးခဲ့ပြီးအဘိဓာန်ပါပြုစုပေးခဲ့သူပါ။သူ့အမြဲစွဲကိုင်ထားတဲ့စကားက“ငါမတတ်နိုင်ဘူး၊ဒါ ပေမယ့်ဘုရားတတ်နိုင်တယ်”ဆိုတာပါဘဲ။သူ့အကြောင်းအသေးစိပ်
https://en.m.wikipedia.org/wiki/Robert\_Morrison\_(missionary)
၄။ဒေးဗစ်လစ်ဗင်းစတုန်း(David Livingstone, 1813-1873)
စကော့တလန်နိုင်ငံသားဖြစ်ပြီးဘယ်သူမှမသွားချင်တဲ့အာဖရိကကိုသွားပြီးသာသနာပြုခဲ့တာပါ။မိမိရဲ့သာယာနေမှုဘဝကိုထားရစ်ခဲ့ပြီးဘုရားအမှုတော်အတွက်သေသည့်တိုင်အောင်ပေးဆပ်ခဲ့တာပါ၊သေတဲ့အချိန်မှာတောင်ဒူးထောက်ဆုတောင်းနေခဲ့တယ်လို့ဆိုပါတယ်။သူ့အကြောင်းအသေးစိပ်မြန်မာလိုဖတ်ရန်
https://my.wikipedia.org/…/%E1%80%92%E1%80%B1%E1%80%B8…
ချစ်သောညီကိုမောင်နှမတို့
ကယ်တင်ခြင်းမရသေးတဲ့လူတွေယနေ့အများကြီးရှိနေပါသေးတယ်၊သင့်ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါ၊သင်ဒါကိုမမြင်ယောင်ဆောင်ပြီးအသက်ရှင်နေပြီလား?သာသနာပြုသူအဖြစ်ဘုရားသင့်ကိုရေရှည်ခေါ်မခေါ်မသေချာပေမယ့်၊သာသနာမှာတထောင့်တနေရာပါဝင်ဖို့တော့သင့်ကိုဘုရားအလိုတော်ရှိတာသေချာပါတယ်။အချိန်မရဘူးဆိုရင်တောင်ငွေကြေးခွန်အားနဲ့ပါဝင်လို့ရနေပါတယ်၊မသေခင်ဒီအရေးကြီးတဲ့တာဝန်ကျေခဲ့ကြပါ။ယနေ့သင့်ကိုဘုရားခေါ်နေပါတယ်။သာသနာမှာပါဝင်ဖို့မမေ့ပါနှင့်။