• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ယုံကြည်သူမပူမအေးလက္ခဏာ(၁၀)မျိုး

ဆရာရဲမင်း

11 月 11, 2024

ယုံကြည်သူမပူမအေးလက္ခဏာ(၁၀)မျိုး

၁။မပူမ‌အေးတဲ့ယုံကြည်သူ‌တွေကဘုရားကိုယုံကြည်ကြပြီးပုံမှန်ဝတ်ပြုပါဝင်တတ်ကြပေမယ့်၊လက်‌တွေ့မှာဘုရားနဲ့မသွားလာဘဲလောကအရာတွေကိုသာဦးထိပ်ထား‌နေတတ်သူပါ။(ဟေရှာ၂၉:၁၃)

၂။မပူမအေးတဲ့ယုံကြည်သူတွေကလူတွေကိုကိုယ်နှင့်အမျှချစ်တတ်ကြပေမယ့်၊ကိုယ်နဲ့တည့်တဲ့သူ၊ချစ်စရာကောင်းတဲ့သူကိုသာချစ်နေတတ်ကြပြီးမိမိနဲ့မတည့်သူချစ်စရာမကောင်းသူတွေကိုတော့ဥပေက္ခာပြုထားကြသူပါ။(မဿဲ၅:၄၃-၄၄)

၃။မပူမ‌အေးတဲ့ယုံကြည်သူ‌တွေကလုပ်သင့်တဲ့ဘုရားတရားကိစ္စနဲ့လုပ်ချင်တဲ့လောကအရာထပ်နေတဲ့အခါ၊လောကအရာကိုသာဦးစားပေးတတ်သူပါ။ဒီလိုလုပ်တာကိုလည်းအခြားသူတွေမပြောအောင်ဝိညာဉ်လူဆန်ဆန်နေပြတတ်သူပါ။(လုကာ၆:၂၆)

၄။မပူမ‌အေးတဲ့ယုံကြည်သူ‌တွေကတရားဟောချက်ကိုနား‌ထောင်ရတာအင်မတန်နှစ်သက်‌ကြပေမယ့်၊နားထောင်ထားတဲ့အတိုင်းမလိုက်လျှောက်သူပါ။(ယာကုပ်၁:၂၂)

၅။မပူမ‌အေးတဲ့ယုံကြည်သူ‌တွေကမိမိခင်မင်ရင်းနှီးတဲ့သူငယ်ချင်းနဲ့ဘေးပတ်ဝန်းကျင်ကိုဧဝံဂေလိမပြောချင်ကြပါဘူး၊ဧဝံဂေလိပြောလိုက်လို့ခင်မင်မှုပျက်မှာပိုစိုးရိမ်ကြသူပါ။(မဿဲ၁၀:၃၂-၃၃)

၆။မပူမ‌အေးတဲ့ယုံကြည်သူ‌တွေကလောကစံချိန်နဲ့လိုက်ပြီးမှန်မှန်ကန်ကန်အသက်ရှင်တတ်ကြပေမယ့်၊သမ္မာတရားစံချိန်မှာတော့မသိမသာကျရှုံးနေကြသူပါ။(လုကာ၁၀:၃၁-၃၂)

၇။မပူမ‌အေးတဲ့ယုံကြည်သူ‌တွေကခရစ်တော်ကိုနှလုံးသားထဲနေရာပေးထားကြပေမယ့်၊ဘုရင်နေရာမပေးဘဲဧည့်သည်နေရာပေးထားပြီးအစစအရာရာမိမိကိုယ်တိုင်စီမံခန့်ခွဲနေကြသူပါ။(လုကာ၉:၅၇-၆၂)

၈။မပူမ‌အေးတဲ့ယုံကြည်သူ‌တွေကခရစ်တော်နောက်လိုက်ကြပြီးသူတပါးကိုလည်းလိုက်ဖို့‌ခေါ်တတ်ကြပေမယ့်၊ရည်ရွယ်ချက်ကကျမ်းမာချမ်းသာဖို့အတွက်နဲ့ငွေချမ်းသာသူတွေကိုသာတွဲခေါ်တတ်ကြသူပါ။(မဿဲ၂၅:၄၀)

၉။မပူမ‌အေးတဲ့ယုံကြည်သူ‌တွေကစီးပွား‌ရေးအဆင်ပြေ‌ဝင်‌ငွေပိုရင်အင်မတန်‌ပေးလှူတတ်ပေမယ့်၊‌‌ဝင်ငွေအပိုမရှိရင်မပေးလှူဘဲနေတတ်သူပါ။(လုကာ၂၁:၁-၄)

၁၀။မပူမ‌အေးတဲ့ယုံကြည်သူ‌တွေကမိမိရဲ့ချမ်းသာကြွယ်ဝနေမှုအ‌ပေါ်အမြဲကျေးဇူးတော်ချီးမွမ်းနေတတ်ကြပေမယ့်၊ဆင်းရဲသားတွေကိုကြည့်ရှုကြွေးမွေးဖို့တော့မေ့နေကြသူပါ။(သုတ္တံ၁၉:၁၇)

အဓိကကျမ်းချက်
(သင်၏​အ​ကျင့်​ကို ငါ​သိ၏။ သင်​သည် အ​ဧ​မ​ဟုတ်၊ အ​ပူ​မ​ဟုတ်​သည်​ကို ငါ​သိ၏။ ဧ​ခြင်း​ဖြစ်​စေ၊ ပူ​ခြင်း​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ငါ​အ​လို​ရှိ၏။ထို​သို့ အ​ဧ​မ​ဟုတ်၊ အ​ပူ​မ​ဟုတ်၊ နွေး​ရုံ​ရှိ​သော​ကြောင့် ငါ၏​ခံ​တွင်း​သည် သင့်​ကို​ထွေး​လု​ပြီ။ဗျာ3:15‭-‬16 )