• 周日. 4 月 19th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဒေါသကိုထိန်းချုပ်ပါ။

ဆရာရဲမင်း

11 月 11, 2024

ဒေါသကိုထိန်းချုပ်ပါ။

ဖခင်ဖြစ်သူမှကားရေဆေးနေစဉ်၊ကားတဖက်ကသမီးလေးမှ‌ သံကျောက်လှည့်ကိုင်ပြီးကားဘောင်တွင်လာခြစ်နေသည်။ဒါကိုဖခင်က တွေ့တော့ချက်ချင်းအမျက်ထွက်ပြီးတွေ့ရာတုတ်နဲ့ကောက်ကိုင်ရိုက်လိုက်သည်။
ဒေါသနှင့်ရိုက်လိုက်ပြီးမှ သေချာကြည့်တော့သမီးလေးရဲ့လက်ကလှုပ်မရတော့‌ပေ။ချက်ချင်းဆေးခန်းပို့မှလက်ကကျိုးသွားမှန်းသိလိုက်ရပါသည်။ဒီချိန်မှဖခင်ဖြစ်သူအလွန်နောင်တရမဆုံး…
ပိုပြီးဖခင်ကိုစိတ်နာနောင်တရစေတာက သူ့ကားဘောင်မှာသမီးလေးခြစ်ခဲ့တဲ့စာသား“အဖေ့ကိုချစ်တယ်”ဟုပင်။
…………………………….
ချစ်သောမိတ်ဆွေ
အမျက်ဒေါသကိုထိန်းနိုင်ခြင်းဟာ
အကျိုးတပါးပါဘဲ။စိတ်တိုပြီး‌ဒေါသထွက်နေရင်ဘာမှမပြောမလုပ်ဘဲခေတ္တငြိမ်နေပါ။ဒါဟာသင့်အတွက်ဆိုးကျိုးဖြစ်လာခြင်းကိုကြိုတင်ကာကွယ်ရာရောက်ပါပေတယ်။(ဒီစာကိုဒေါသထွက်လွယ်တဲ့မိဘတွေဆီပို့ပေးလိုက်ပါ)

(သုတ္တံကျမ်း ၁၂:၁၆)မိုက်သောသူ၏ အမျက်ဒေါသသည် ချက်ခြင်း ထင်ရှားတတ်၏။ ပညာသတိရှိသောသူမူကား၊ ရှက်စရာအမှုကို ဖုံးတတ်၏။