ဘုရားစကားမကြားရတဲ့ကာလ
တခါမှမစဉ်းစားမိကြဘူးထင်ပါတယ်၊မဖြစ်လာနိုင်ပါဘူးကွာလို့ထင်ခဲ့ကောင်းထင်ခဲ့မယ်။အစကကိုဗစ် ကြောင့်ဝတ်ပြုခွင့်မရတာကနေအစပြုလာတယ်၊ဒါပေမယ့်အွန်လိုင်းပေါ်ကနေဝတ်ပြုလာခဲ့လို့ရခဲ့သေးတယ်။ဒါကိုတချို့ကတန်ဖိုးမထားကြသေးဘူး။ခုတနှစ်လောက်အကြာမှာ…
ကယ်
အခုတော့
မြန်မာပြည်မှာအွန်လိုင်းတွေပါပိတ်ဖို့အခြေနေကြုံလာရပြီ၊ခုစာရေးတင်နေတာတောင်ဖိုင်ဘာအင်တာနက်နဲ့(ဒါတောင်ဘယ်ချိန်ပိတ်သွားမလဲမသိ)။ နောက်ဆိုကျမ်းစာပါမဖတ်ရဘဲဖြစ်သွားမယ်။ဒါကြောင့်ဘုရားစကားကြားရတဲ့အချိန်ဘုရားစကားကိုတန်ဖိုးထားခံယူပါမိတ်ဆွေ၊နောက်ဆုံးသောကာလမှာသမ္မာသတိရှိပါစေ။
အာမုတ်အနာဂတ္တိကျမ်း8:11 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မွတ်သိပ်ခြင်းဘေးကို တစ်ပြည်လုံး၌ ငါဖြစ်စေသောကာလ ရောက်လိမ့်မည်။ အစာခေါင်းပါး၍ မွတ်သိပ်ခြင်းဘေး မဟုတ်၊ ရေငတ်ခြင်းဘေးလည်း မဟုတ်၊ ထာဝရဘုရား၏ အမိန့်တော်ကို မကြားရသော မွတ်သိပ်ခြင်းဘေး ဖြစ်လိမ့်မည်။
ထပ်ဆင့်ပြုပြင်ခြင်း-ခုတော့လိုင်းပွင့်လာပါပြီ။ဘုရားစကားကိုတန်ဖိုးထားပါ။