• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

နောက်ဆုံးသောကာလနိမိတ်(၁၅)ချက်

ဆရာရဲမင်း

11 月 11, 2024

နောက်ဆုံးသောကာလနိမိတ်(၁၅)ချက်

၁။စစ်တိုက်ခြင်းများဖြစ်ခြင်း
ရှင်မာကုခရစ်ဝင် ၁၃:၇-၈သင်တို့သည် စစ်တိုက်ကြောင်းကို၎င်း၊ စစ်တိုက်ခံသောသိတင်းစကားကို၎င်း ကြားရသောအခါ စိုးရိမ်တုန်လှုပ်ခြင်းမရှိကြနှင့်၊ ထိုသို့ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့် တနိုင်ငံရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ မြေကြီးလှုပ်ခြင်းဖြစ်လိမ့်မည်။ အစာခေါင်းပါးခြင်းနှင့် မငြိမ်းမသက်ခြင်းတို့သည်လည်း ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။

၂။ကူးစက်ရောဂါပေါများလာခြင်း
ရှင်မဿဲခရစ်ဝင် ၂၄:၇လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။

၃။မိစ္ဆာပရောဖက်နှင့်ခရစ်တော်အတုပေါ်လာခြင်း
ရှင်မဿဲခရစ်ဝင် ၂၄:၅အများသောသူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏ဟု ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာ သဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။
ရှင်မာကုခရစ်ဝင် ၁၃:၂၂အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍၊ ရွေးချယ်သောသူတို့ကို ပြကြလိမ့်မည်။

၄။ယုံကြည်သူများဖိနှိပ်ခံရခြင်း
ရှင်လုကာခရစ်ဝင် ၂၁:၁၂ထိုအမှုအရာများမဖြစ်မှီ လူများတို့သည် ငါ၏နာမကြောင့် သင်တို့ကို ဘမ်းဆီးညှဉ်းဆဲ၍ တရားစရပ်၌၎င်း၊ ထောင်ထဲ၌၎င်း အပ်နှံကြလိမ့်မည်။

၅။ငလျင်ပိုမိုလှုပ်ခြင်း
ရှင်လုကာခရစ်ဝင် ၂၁:၁၁အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်။

၆။ကောင်းကင်နိမိတ်ဖြစ်ပေါ်ခြင်း
ရှင်လုကာခရစ်ဝင် ၂၁:၁၁(ခ)မိုဃ်းကောင်းကင်၌လည်း ကြောက်မက်ဘွယ်သောအရာနှင့် ကြီးစွာသောပုပ္ပနိမိတ်တို့သည် ပေါ်ထွန်း ကြလိမ့်မည်။

၇။အစာခေါင်းပါးခြင်း
ရှင်လုကာခရစ်ဝင် ၂၁:၁၁အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်။

၈။ချစ်ခြင်းမေတ္တာခေါင်းပါးလာခြင်း
ရှင်မဿဲ၂၄:၁၂မ​တ​ရား​သော​အ​မှု​တို့​သည် များ​ပြား​သ​ဖြင့် အ​များ​သော​သူ​တို့၏ ချစ်​ခြင်း​မေ​တ္တာ​သည် ခေါင်း​ပါး​လိမ့်​မည်။

၉။နေထိုင်မှုဘဝပိုပြီးခက်ခဲလာခြင်း
၂တိ၃:၁-၅နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။

၁၀။လွဲမှားသောတရားကိုပိုနှစ်သက်လာခြင်း
၂တိ၄:၃-၄အ​ကြောင်း​မူ​ကား၊ နောင်​ကာ​လ၌ လူ​တို့​သည် စင်​ကြယ်​သော​ဩ​ဝါ​ဒ​ကို နား​မ​ခံ​နိုင်​ဘဲ၊ ယား​တတ်​သော နား​ရှိ​လျှင်၊ မိ​မိ​တပ်​မက်​ခြင်း​အ​တိုင်း များ​ပြား​သော ဆ​ရာ​တို့​နောက်​သို့ လိုက်​ကြ​လိမ့်​မည်။- သ​မ္မာ​တ​ရား​ကို နား​မ​ထောင်​ဘဲ၊ ဒ​ဏ္ဏာ​ရီ​စ​ကား​ကို နား​ထောင်၍ လွဲ​သွား​ကြ​လိမ့်​မည်။

၁၁။သမ္မာတရားကိုပျက်ရယ်သူများလာခြင်း
၂ပေ၃:၃-၄ရှေ့​ဦး​စွာ သိ​မှတ်​အပ်​သော​အ​ရာ ဟူ​မူ​ကား၊ နောက်​ဆုံး​သော​ကာ​လ၌ ပြက်​ရယ်​ပြု​တတ်​သော သူ​တို့​သည်၊ မိ​မိ​တို့​တပ်​မက်​ခြင်း​အ​တိုင်း ကျင့်​နေ၍၊- သ​ခင်​ဘု​ရား ကြွ​လာ​မည်​ဟူ​သော က​တိ​တော်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ ဘိုး​ဘေး​များ အိပ်​ပျော်​သည်​နောက်၊ ခပ်​သိမ်း​သော အ​ရာ​တို့​သည် ဖန်​ဆင်း​စ​က ဖြစ်​သ​ကဲ့​သို့၊ ဖြစ်​မြဲ​ဖြစ်​ကြ၏​ဟု​ဆို​လျက်၊ ကဲ့​ရဲ့​ခြင်း​နှ​င့်​တ​ကွ ပေါ်​လာ​ကြ​လိ​မ့်​မည်။

၁၂။ကိုယ့်ကျင့်တရားပျက်ဆီးလာခြင်း
တိမောသေဩဝါဒစာ ဒုတိယစောင် ၃:၁-၅နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊ပကတိကြင်နာ စုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သူ၊ သူတော်ကောင်းကို မုန်းသောသူ၊သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။

၁၃။ခေတ္တအရာကိုသာ၍နှစ်သက်လာခြင်း
၂တိ၃:၁-၅နောင်​ကာ​လ​သည် ခဲ​ယဉ်း​သော ကာ​လ​ဖြစ်​မည်​ဟု သိ​မှတ်​လော့။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊- သ​စ္စာ​ကို​ဖျက်​တတ်​သော​သူ၊ သ​တိ​ပေး​ခြင်း​ကို မ​ခံ​သော​သူ၊ မာန်​မ​န​နှင့်​ယစ်​မူး​သော​သူ၊ ဘု​ရား​သ​ခင်​ကို နှစ်​သက်​သည်​ထက် ကာ​မ​ဂုဏ်​ခံ​စား​ခြင်း​ကို​သာ၍ နှစ်​သက်​သော​သူ၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ယောင်​ဆောင်၍၊- မွေ့​လျော်​ခြင်း​တန်​ခိုး​ကို ငြင်း​ပယ်​သော​သူ ဖြစ်​ကြ​လိမ့်​မည်။ ထို​သူ​တို့​ကို ရှောင်​လော့။

၁၄။ဖောက်ပြန်သင်းခွဲခြင်း(မိသားစု၊အသင်းတော်)
သက်သာလောနိတ်ဩဝါဒစာ ဒုတိယစောင် ၂:၃အဘယ်သူမျှသင်တို့ကို အဘယ်သို့သောအားဖြင့် မလှည့်ဖြားစေနှင့်၊ ထိုနေ့ရက်မရောက်မှီ ဖောက်ပြန်သင်းခွဲသည့် အရင်ဖြစ်၍၊ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏ သားသည်ပေါ်လာရလိမ့်မည်။

၁၅။ဧဝံဂေလိပြန့်နှံ့သွားခြင်း
ရှင်မဿဲခရစ်ဝင် ၂၄:၁၄လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတံ့။

သေချာသမ္မာသတိနဲ့အသက်ရှင်ကြပါ။အချိန်သိပ်မရှိတော့ဘူး။