ဗျာဒိတ်ကျမ်းမှအသင်းတော်၇ပါး(၂)မုရနအသင်းတော်
၂။စမုရနအသင်းတော်(ဗျာ၂:၈-၁၁)
“စမုရန”ဆိုတာဂရိစကားလုံးΣμύρνα、Smýrnaကနေအသံထွက်ယူထားတာပါ။အဓိပ္ပာယ်က“မုရန်ဆေး၊ခါးသီးသော”လို့သက်ရောက်ပါတယ်။စမုရနမြို့ဟာဧဖက်မြို့ရဲ့ နောက်တဖက်ဆိပ်ကမ်းမြို့ပါ။BC1000လောက်ကဂရိလူမျိုးတွေရဲ့နယ်ချဲ့နယ်မြေဖြစ်ပြီးBC600လောက်မှာLydiaလူမျိုးတွေကဖျက်ဆီးခဲ့ပါတယ်။နှစ်400လောက်ကြာပြီးနောက်BC200လောက်မှာAlexanderမျိုးဆက်တွေကပြန်လည်ထူထောင်ခဲ့ပါတယ်။ဒါကြောင့်လဲခရစ်တော်ကဒီအသင်းတော်ကိုစာရေးပေးတဲ့အခါ“သေပြီးပြန်အသက်ရှင်သူ”လို့သူတို့ပိုနားလည်အောင်မိမိကိုယ်ကိုတင်စားခဲ့တာပါ။စမုရနမြို့ဟာနဂိုကရောမရဲ့မဟာမိတ်ဖြစ်ပြီးနောက်ပိုင်းမှာရောမအင်ပါယာထဲသွင်းခဲ့ပါတယ်။ခရစ် တော်နဲ့တမန်တော်တွေခေတ်မှာတော့စမုရနမြို့ဟာရောမအင်ပါယာထဲကအလှပဆုံးဆိပ်ကမ်းမြို့နဲ့အာရှိပြည်နယ်ရဲ့ပန်းလို့တောင်တင်စားနေကြပါပြီ။ယနေ့ထိစမုရနမြို့ဟာIzmirဆိုတဲ့အမည်နဲ့တူရကီမှာလူပေါင်း3သိန်းခန့်နဲ့လှပစွာတည်ရှိနေစဲပါ။
စမုရနမြို့ဟာကမ္ဘာပေါ်ကအဦးဆုံးရောမနတ်ဘုရားနဲ့ဘုရင်တွေကိုကိုးကွယ်မှုအစပြုခဲ့တဲ့နေရာပါ။နေရာတရကာရောမနတ်ဘုရားတဲနန်းတွေ၊ဘုရင့်ရုပ်တုတွေပြည့်နေတတ်ပါတယ်။ဒီအရာ တွေကိုဆန့်ကျင်ပြီးယေရှုကိုဘုရားသခင်လို့ယုံကြည်နေရတဲ့ခရစ်ယာန် တွေဟာဒီမြို့မှာခရစ်တော်ကြောင့်အများကြီးညင်းဆဲခံခဲ့ရကြပါတယ်။ဒီထဲမှာနာမည်ကြီးအသင်းတော်သမိုင်းတပုဒ်ရှိနေသေးပါတယ်၊အဲဒါကတော့AD155 လေက်မှာစမုရနအသင်းတော်ကဆရာကြီးPolycarpusကိုမြို့ကစစ်သားတွေဖမ်းပြီးလမ်းနှစ်လမ်းရွေးခိုင်းခဲ့တာပါ။ပထမတစ်လမ်းကခရစ် တော်ကိုငြင်းပယ်ပြီးရောမဘုရင်ကိုကိုးကွယ်ပါ၊ဒုတိယတလမ်းကခရစ်တော်ကိုကိုးကွယ်ရင်အရှင်လတ်လတ်မီးရှို့ခံပါ။ဒါကိုဆရာကြီးPolycarpusကဘယ်လို တုန့်ပြန်ခဲ့လည်းဆို တော့“သူ့အသက်၈၆နှစ်လုံးယေရှုကိုယုံကြည်ဆက်ကပ်လာတာ တကြိမ်တခါမှယေရှုကကျနော့ပေါ်သစ္စာမမဲ့ခဲ့ဖူးပါဘူး၊ဒါကြောင့်သူလဲဒီကိစ္စလေးနဲ့တော့ယေရှုကိုငြင်းပယ်မှာမဟုတ်ဘူးဆိုပြီးမာတုရအဖြစ်အသေခံသွားခဲ့တာပါ။(အသေးစိပ်ကိုအသင်းတော်သမိုင်းစာအုပ်တွေမှာလေ့လာနိုင်ပါတယ်)။
ဆိုလိုချင်တာကစမုရနအသင်းတော်သည်ခရစ်တော်ကြောင့်ဖိနှိပ်ခြင်း၊ညင်းဆဲခြင်း၊ထောင်ချခံရခြင်းနဲ့အသေသတ်ခံရခြင်းများစွာခံစားခဲ့ရသလို၊ယုဒလူမျိုးတချို့(အရေဖျားလှီးထားပေမယ့်နှလုံးသားအရေဖျားမလှီးသူ)ဟန်ဆောင်ခရစ်ယာန်တချို့ရဲ့သစ္စာဖောက်ခြင်းကိုခံရခဲ့ကြတာပါ။ဒါကြောင့်လဲခရစ်တော်ကဒီအသင်းတော်ကိုစာရေးပေးတဲ့အခါအထူးသဖြင့်“သင်အကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်း၊ ဆင်းရဲခြင်းကို ငါသိ၏။ သို့သော်လည်း၊ သင်သည် ကြွယ်ဝပြည့်စုံခြင်း ရှိ၏။ ယုဒလူဖြစ်ယောင်ဆောင်၍ ယုဒလူမှန်မဟုတ်၊ စာတန်၏ အပေါင်းအသင်းဖြစ်သော သူတို့၏ ကဲ့ရဲ့ခြင်းကိုလည်း ငါသိ၏။”လို့ဆိုထားတာပါ။ဆက်လက်ပြီးခရစ်တော်ကဒီအရာ တွေကိုသီးခံပြီးအောင်မြင်သောသူကိုအသက်သရဖူနဲ့ဒုတိယသေခြင်းမှလွတ် မြောက်ခွင့်ပေးမှာဖြစ်ကြောင်းနှစ်သိမ့်ကတိပေးထားခဲ့ပါတယ်။
နိဂုံးချုပ်ရရင်
စမုရနအသင်းတော်ဟာခရစ်တော်ရဲ့ပြစ်တင်ခြင်းမခံရတဲ့အသင်းတော်ပါ။
ဒီအသင်းတော်ကိုဧဖက်အသင်းတော်ကနေဧဝံဂေလိစလုပ်တည်ထောင်ခဲ့တာလို့လေ့လာတွေ့ရှိပါတယ်။ယနေ့ထိစမုရမြို့(ယခုအခေါ်Izmirမြို့)မှာအသင်းတော်တည်ရှိနေပါသေးတယ်၊အများစုကအရှေ့ပိုင်းအော်တိုဒေါ့တွေပါ။ဒါပေမယ့်ဒီအသင်းတော်ဟာတချိန်ကကျမ်းစာကပြောတဲ့စမုရနအသင်းတော်လားဆိုတာကတော့အမျိုးမျိုးအဖုံဖုံပြောနေကြဆဲပါ။
ယနေ့အသင်းတော်အတွက်သင်ခန်းစာ
၁။ယုံကြည်ချက်ကြောင့်ဖိနှိပ်မှုအခြေနေဘယ်လောက်ဆိုးရွားနေပါစေ၊အရာအားလုံးကိုဘုရားသခင်ထိန်းချုပ်အုပ်စိုးနေတယ်ဆိုတာယုံပါ(ဗျာ၂:၈)။မကြောက်ပါနှင့်။
၂။ယုံကြည်ခြင်းကြောင့်သေခြင်းကိုမကြောက်ပါနဲ့၊ခရစ်တော်ကိုယ်တိုင်သေဖူးပြီးထာဝရအသက်ရှင်နေပါတယ်၊သင်လဲထာဝရအသက်ရှင်ရပါလိမ့်မည်(ဗျာ၂:၈)။
၃။ခရစ်တော်ကြောင့်အနွံတာခံတာ၊ဆင်းရဲခံရ၊ထောင်ကျဒုက္ခခံတာ၊သစ္စာဖောက်ခံရတာအားလုံးလူသူမသိပေမယ့်ခရစ်တော်သိပါတယ်၊ဒါတွေကိုခရစ်တော်မှတ်သားထားပါတယ်(ဗျာ၂:၉)။လူ့အမြင်မှာဆင်းရဲပေမယ့်ခရစ်တော်အမြင်မှာပြည့်စုံသောသူဖြစ်တယ်၊အာမင်။
၄။စမုရနအသင်းတော်ကယုံကြည်သူတွေလိုသေသည့်တိုင်အောင်သစ္စာစောင့်ပါ။