• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အသင်းတော်၇ပါး(၁)ဧဖက်အသင်းတော်

ဆရာရဲမင်း

11 月 8, 2024

ဗျာဒိတ်ကျမ်းမှအသင်းတော်၇ပါး(၁)ဧဖက်အသင်းတော်

နိဒါန်း
ဗျာဒိတ်ကျမ်းအခန်းကြီး၂-၃မှာတချိန်က‌ရောမအင်ပါယာအာရှိပြည်(ယနေ့တူရဂီ)တဝိုက်မှာတည်ရှိခဲ့တဲ့အသင်းတော်၇ပါးဆီစာရေးပေးတဲ့အကြောင်းဖော်ပြထားပါတယ်။ဒီအသင်းတော်၇ပါးအားဖြင့်မျက်မှောက်ခေတ်အသင်းတော်ကိုဘယ်လိုထင်ဟပ်ပြီး၊ဘယ်လိုသင်ခန်းစာယူရမလဲဆိုတာအကျဉ်းချုပ်လေ့လာတင်ပြမှာဖြစ်ပါတယ်။

၁။ဧဖက်အသင်းတော်(ဗျာ၂:၁-၇)
“ဧဖက်”ဆိုတဲ့စကားလုံးဟာမူရင်းဂရိစကားလုံး Eφεσοςကိုမြန်မာလိုအသံထွက်ယူထားတာပါ။အဓိပ္ပာယ်က“နှစ်လိုဖွယ်‌ကောင်းသော”လို့သက်‌ရောက်ပါတယ်။ဧဖက်မြို့ဆိုတာရောမအင်ပါယာအာရှိပြည်နယ်တဝိုက်အကြီးဆုံးဆိပ်ကမ်းနဲ့အ‌တော်စည်ကားခဲ့တဲ့မြို့ပါ။ယုဒလူမျိုးအချို့အပါအဝင်လူဦးရေသုံးသိန်းခန့်နေထိုင်ခဲ့တယ်လို့ဆိုပါတယ်။မြို့ထဲမှာလူ‌ ပေါင်း၂၅၀၀၀လောက်ဆံ့တဲ့ကဇာတ်ရုံနဲ့အာတေမိနတ်ဘုရားရုပ်တုကြီး(ကမ္ဘာ့အံ့ဖွယ်အဆောက်ဦး၇မျိုးထဲအပါ)တည်ရှိပါတယ်။ဒီနတ်ဘုရားမရုပ်တုဟာကောင်းကင်ကကျလာတယ်ဆိုပြီးမြို့သူမြို့သားများယုံကြည်ကြပါတယ်(တမန်၁၉:၃၅)။
ဧဖက်အသင်းတော်ကိုရှင်ပေါလုမှအေဒီ၅၂နှစ်လောက်မှာဧဝံဂေလိလုပ်ရင်းတည်‌ထောင်ခဲ့ပြီး၊အာကုလနဲ့ပြစ်ကိလကိုဆက်လုပ်ခိုင်းခဲ့တာပါ။နောက်ပိုင်းအာပေါလုပါဝင်လာရင်းရှင်ပေါလုလည်းသုံးနှစ်လောက်ပြန်လာဦးဆောင်ခဲ့ပါသေးတယ်။နောက်ပိုင်းမှာလူငယ်သင်းအုပ်ဆရာဖြစ်တဲ့တိမောတေကိုတာဝန်ပေးခဲ့ပါတယ်။
ဗျာဒိတ်ကျမ်းထဲမှာသခင်ယေရှုကဒီအသင်းတော်ရဲ့ကြိုးစားခြင်း၊သီးခံခြင်းနဲ့တမန်တော်အတုတွေကိုရဲရဲတောက်ဖော်ထုတ်ဆန့်ကျင်ခြင်း၊မတရားသူကိုလက်မခံခြင်းနဲ့ခရစ်‌ တော်ကြောင့်ဆင်းရဲဒုက္ခခံခဲ့တာကိုအတည်ပြု‌ ပေးခဲ့ပါတယ်။ဒါ‌ပေမယ့်သူတို့မှာပျောက်နေတဲ့ ရှေးဦးမေတ္တာကို‌တော့ထောက်ပြပြစ်တင်ခဲ့ပါတယ်။ဒါကိုအမြန်ပြောင်းလဲဖို့မှာကြားခဲ့ပြီးမပြောင်းလဲပါကခရစ်တော်ကိုယ်တိုင်လာဆုံးမမှာဖြစ်သလို၊ဝိညာဉ်တော်စကားနားထောင်ပြီးလိုနေတဲ့မေတ္တာကိုပြန်ရအောင်‌နောင်တနဲ့လုပ်ဆောင်ခဲ့ရင်အောင်မြင်စေမှာဖြစ်ပြီးအသက်ပင်ရဲ့အသီးကိုစားစေမယ်လို့ကတိ‌တော်‌ပေးခဲ့ပါတယ်။

ယနေ့ကျွန်တော်တို့ဒီဧဖက်အသင်းတော်အားဖြင့်မျက်‌မှောက်‌ခေတ်အသင်းတော်ကို‌ဆင်ခြင်ရရင်‌တော့…
၁။ကြိုးစားသီးခံပြီးလုပ်ဆောင်နေပြီလား?သို့မဟုတ်ခရစ်တော်အတွက်ကြောင့်နဲနဲ‌လေးဘဲပေးဆပ်ရ‌သေးတာငြီးညူနေလား?
၂။မတရားသူကိုအသင်းတော်မှာတိတ်တိတ်လေးလက်ခံထားပြီလား?တမန်တော်အတုယောင်တွေကိုနေရာပေးနေပြီလား?
၃။တချိန်က(ယုံကြည်ခါစက)အမှုတော်မှာစိတ်အားထက်သန်ခြင်းမျိုး၊တချိန်ကချစ်ခြင်းမေတ္တာမျိုးယနေ့ပျောက်‌နေပြီလား?ခရစ်တော်မုန်းတာကိုတော့မုန်းတတ်ပြီးခရစ်တော်ချစ်တဲ့အချစ်မျိုးပျောက်နေပြီလား?
၄။သမ္မာတရားတော့အပြည့်ဝလုပ်ဆောင်နေပြီးမေတ္တာတရားပျောက်ကင်းနေသလားဆိုတာယ‌နေ့အသင်း‌တော်တွေဆင်ခြင်ခွန်အားယူစရာပါ။