• 周六. 4 月 25th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သားရဲတံဆိပ်၆၆၆

ဆရာရဲမင်း

10 月 24, 2024

သားရဲတံဆိပ်၆၆၆

၆၆၆ဆိုတာအန္တိခရစ်(Antichrist)ပါ။အဓိပ္ပာယ်ကခရစ်တော်ကိုပုန်ကန်သူ၊ယောင်ဆောင်သူဖြစ်ပါတယ်။သမ္မာကျမ်းစာထဲမှာ”သားရဲ၏တံဆိပ်၆၆၆”နဲ့ပတ်သတ်ပြီးအဓိကကျမ်းချက်ကဗျာဒိတ်ကျမ်း၁၃:၁၅-၁၈ထိဖြစ်ပါတယ်။(တချို့မူရင်းကျမ်းတွေမှာက၆၁၆ဖြစ်ပါတယ်။)အခြားကျမ်းချက်တွေကတော့ဗျာဒိတ်ကျမ်း၁၄:၉၊၁၁။၁၅:၂။၁၆:၂။၁၉:၂၀။၂၀:၄တို့ဖြစ်တယ်။ဒီတံဆိပ်ကိုခံမယ့်သူတွေကတော့ဟန်ဆောင်ခရစ်ယာန်တွေနဲ့ မိစ္ဆာပရောဖက်တွေပါ။မိစ္ဆာပရောဖက်(ဒုတိယသားရဲ)ကတော့လူတွေကိုဒီတံဆိပ်ခံယူစေတဲ့သူပါ။ဒီတံဆိပ်ကိုလက်ထဲကိုင်ထားခြင်းမျိုးသာမဟုတ်ဘဲအသားထဲသို့မဟုတ်နဖူးပေါ်ရိုက်နှိပ်ထားရမယ့်သဘောပါ။

၆၆၆ကိုသေချာလေ့လာမယ်ဆိုရင်သမိုင်းတလျှောက်မှာ၆၆၆ပါလို့ပြောဆိုခံခဲ့ရသူတွေအများကြီးတွေ့ရမှာပါ။ဥပမာရောမဘုရင်တွေ၊ပြီးနောက်နာဇီကဟစ်သလာ၊အင်္ဂလန်ဘုရင်တွေ၊အမေရိကန်သမ္မတ၊ပုပ်ရဟန်းမင်း…စသဖြင့်၆၆၆အန္တိခရစ်ပါလို့ပြောခံခဲ့ရကြပါတယ်။နောက်ဆုံး၆၆၆ပုံစံနဲ့တူတဲ့အပြုမူလေးတွေ၊ဖုန်းလက်ဗွေတွေ၊ဂဏန်း၆၆၆နဲ့တိုက်ဆိုင်နေတဲ့အရာတွေစသဖြင့်…ကိုလည်းစာတန်တံဆိပ်ပါလို့ပြောတတ်ကြပြန်ပါတယ်။ခုနောက်ဆုံးအနေနဲ့အားလုံးလိုလိုထင်ကြေးပေးကြတာကတော့နောက်ဆုံးပေါ်chipပြားလေးသို့မဟုတ်ကုဒ်နံပတ်တွေလူ့ခန္ဓာထဲထည့်သွင်းခြင်းပါ၊ဒါကိုသားရဲတံဆိပ်၆၆၆ပါဘဲလို့ပြောကြပြန်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒါဟာဗျာဒိတ်ကျမ်းကတံဆိပ်ခက်ခြင်းနဲ့အတော်နီးစပ်နေလို့ဖြစ်မယ်ထင်ပါတယ်။

ပြီးခဲ့တဲ့အရာတွေ၊လူတွေထင်ကြေးပေးခဲ့တဲ့အရာတွေဟာသမ္မာကျမ်းစာမှာပြောတဲ့တကယ့်၆၆၆မဟုတ်ဘူးဆိုတာတော့သေချာပါပြီ၊ဘာလို့လဲဆိုတော့တကယ့်ဗျာဒိတ်ကျမ်းထဲက၆၆၆ဆိုတာခရစ်တော်ကိုပုန်ကန်တဲ့သားရဲကိုကိုးကွယ်တဲ့လူတွေမှရိုက်နှိပ်တဲ့တံဆိပ်ပါ။အဲဒီတံဆိပ်မပါရင်အရောင်းအဝယ်အလုပ်အကိုင်မလုပ်ရပါ၊ခုထိဘယ်အရာကမှလူတွေကိုဒါမပါရင်မလုပ်ရဘူးဆိုပြီးမကန့်သတ်သေးပါ။

ဒါဆိုသားရဲတံဆိပ်၆၆၆ကဘာဖြစ်မလဲ?လက်ရှိပြောနေတဲ့ကုဒ်နံပတ်နဲ့chipဖြစ်မလား?
ယနေ့ယုံကြည်သူတွေနားလည်ထားရမဲ့အရာဟာ၆၆၆ဆိုတာခရစ်တော်ကိုပုံကန်ခြင်းဆိုတာနှလုံးသွင်းထားပါ၊၆၆၆ထွက်လာတဲ့အခါသူရှိမှအရောင်းအဝယ်လုပ်ရမဲ့သဘောပါ၊ကိုယ်မလုပ်ရင်မရတဲ့သဘောပါ။ဆိုတော့၆၆၆ဆိုတာသည်တနည်းအားဖြင့်သူကိုခံယူမှရောင်းဝယ်လုပ်လို့ရမယ်၊သူ့တံဆိပ်ရှိမှအသက်ရှင်နိုင်မယ့်သဘော၊သူ့အမှတ်သားရှိထားမှလူ့ဘောင်ဝင်မယ့်သဘောပါ၊ဒါတွေကိုသတိထားကြပါ။

ဘာမှမဟုတ်တဲ့အပြုမူလေးတခုကို၆၆၆လို့မသတ်မှတ်စေချင်ပါ၊ခရစ်တော်ကိုပုန်ကန်ပြီး၊သူ့ကိုသာ ကိုးကွယ်ဖို့အမိန့်ပေးခြင်းသဘောမသက်ရောက်တဲ့အရာမှန်သမျှဟာ၆၆၆လုံးဝမဖြစ်နိုင်ပေ။ဥပမာ၆၆၆ဂဏန်းတူနေတာနဲ့စာတန်တံဆိပ်မဟုတ်သလိုကိုယ်ဟန်အမူရာလေးတခုက၆၆၆နဲ့တူနေလို့စာတန်တံဆိပ်ဖြစ်မသွားပါ။Chipပြားကအစကုဒ်တွေအဆုံး၆၆၆ဖြစ်လာနိုင်ချေရှိပေမဲ့၆၆၆ပါလို့အတည်ပြုမရသေးပါ။တနေ့သောအခါမှာအရာဝတ္တုတခုခုကလူသားအားလုံးကိုထိန်းချုပ်လိုက်တဲ့အခါ၊သူရှိမှအရာရာလုပ်နိုင်တော့တဲ့အခါ၊ခရစ်တော်ဟန်ဆောင်ပြီးခရစ်တော်ကိုပုန်ကန်တဲ့အခါ၊ဒီအခြေနေကိုအထူးသတိပြုနှလုံးတွင်းထားကြပါတော့ယုံကြည်သူတို့။ဒါကြောင့်ရှေ့ဖြစ်လာမဲ့သားရဲတံဆိပ်၆၆၆သည်လူသားတစုလုံးကိုမဖြစ်မနေထိန်းချုပ်မယ့်အရာတခုသာဖြစ်ပါတယ်၊ခရစ်တော်ကိုပုန်ကန်တဲ့သူတိုင်းလိုလိုတော့၆၆၆မဟုတ်သေးပါ၊တနည်းအားဖြင့်လူသားတစုလုံးကသူထိန်းချုပ်မှုအောက်မရှိရင်သားရဲတံဆိပ်မဟုတ်သေးပါ။ဒါကြောင့်သူများ၆၆၆ပါလို့ယောင်တိုင်းလိူက်မယောင်မိပါစေနဲ့၊ကိုယ်တိုင်သမ္မာသတိနဲ့သာအသက်ရှင်ပါ။