သမ္မာကျမ်းစာမှပေးသောသတိ(၁၀)ချက်
နိဒါန်း
သတိဆိုတဲ့အဓိပ္ပာယ်ကပြီးခဲ့တဲ့အရာကိုအောက်မေ့မှတ်မိခြင်းဖြစ်ပြီး၊ဖြစ်လာမယ့်အရာကိုအာရုံပြုအဆင်သင့်ဖြစ်ခြင်းပါ။သတိရခြင်းဆိုင်ရာမှာချိုမြိန်ခြင်းနဲ့ခါးသီးခြင်းတွေရှိခဲ့တာကိုသင်ခန်းစာယူရမှာဖြစ်သလို၊သတိထားခြင်းဆိုင်ရာမှာလည်းအကောင်းအဆိုးချင့်ချိန်ပြီးသတိထားဆင်ခြင်နေတတ်ရပါတယ်။သမ္မာကျမ်းစာမှာတော့ဖြစ်လာမယ့်အရာပေါ်သတိပြုဖို့သတိ(၁၀)ချက်ပေးထားပါတယ်။တချက်ချင်းကြည့်ရအောင်ပါ။
၁။လွဲမှားတဲ့သြဝါဒကိုသတိပြုပါ။
ကောလောသဲ၂:၈ခရစ်တော်၏တရားကို မလိုက်၊ လူအဆက်ဆက်ခံသော နည်းဥပဒေသနှင့် လောကီတရားနုကို လိုက်၍၊ လောကီပညာနှင့် အချည်းနှီးသော ပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူမဖျက်ဆီး စေခြင်းငှာ သတိပြုကြလော့။(မဿဲ၁၆:၆၊၂၄:၄၊မာကု၈:၁၅၊၁၃:၅၊လုကာ၂၁:၈)
၂။အချိန်မရွေးသေနိုင်တာသတိပြုပါ။
လုကာ၁၂:၁၅ထိုမှတစ်ပါး လောဘလွန်ကျူးခြင်းကို သတိနှင့် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိသော်လည်း စည်းစိမ်၌ အသက်မတည်ဟု မိန့်တော်မူ၏။
၃။သူတပါးထိမိလဲစရာမဖြစ်ဖို့သတိပြုပါ။
၁ကော၈:၉သို့သော်လည်း၊ သင်တို့အခွင့်ကို အားနည်းသောသူတို့၌ ထိမိ၍လဲစရာအကြောင်း မဖြစ်စေခြင်းငှာ သတိပြုကြလော့။
၄။ရန်ကိုမတုန့်ပြန်ဖို့သတိပြုပါ။
၁သက်၅:၁၅ သူတစ်ပါး၌ အဘယ်သူမျှ ရန်တုံ့မမူစေခြင်းငှာ သတိပြု၍၊ အချင်းချင်းတို့၌လည်းကောင်း၊ ခပ်သိမ်းသောသူတို့၌ လည်းကောင်း၊ ကာလအစဉ်ကြိုးစား၍ ကျေးဇူးပြုကြလေလော့။
ဂလာတိ၅:၁၅အချင်းချင်းကိုက်စားလျှင် အချင်းချင်း ဖျက်ဆီးမည်ဟု စိုးရိမ်၍ သတိရှိကြလော့။(လုကာ၁၇:၃၊
၅။ယုံကြည်သွန်သင်မှုမှာမိမိကိုယ်ကိုဆင်ခြင်သတိပြုပါ။
၁တိ၄:၁၆ကိုယ်ကိုလည်းကောင်း၊ ကိုယ်ဆုံးမဩဝါဒကိုလည်းကောင်း သတိပြု၍ အမြဲတည်နေလော့။ ထိုသို့ပြုလျှင်၊ ကိုယ်ကိုလည်းကောင်း၊ နားထောင်သော သူတို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်။
(၂တိ၄:၅၊တမန်၂၀:၂၈၊၁ကော၃:၁၀၊၁ကော၁၆:၁၃)
၆။ဘုရားတရားမရိုသေသူမဖြစ်ဖို့သတိပြုပါ။
ဟေဗြဲ၁၂:၁၆ မတရားသော မေထုန်၌မှီဝဲသောသူ မရှိစေခြင်းငှာလည်းကောင်း၊ တစ်နပ်စာအဖိုးနှင့် သားဦးအရာကို ရောင်းသော ဧသောကဲ့သို့ ဘုရားတရားကို မရို မသေပြုသောသူ မရှိစေခြင်းငှာလည်းကောင်း၊ သတိနှင့် ကြည့်ရှုကြလော့။
၇။တရားစကားကိုမငြင်းမိဖို့သတိပြုပါ။
ဟေဗြဲ၁၂:၂၅သင်တို့သည် မိန့်တော်မူသောသူ၏ စကားတော်ကို မငြင်းမပယ်မည်အကြောင်း သတိပြုကြလော့။ မြေကြီးပေါ်မှာ ဗျာဒိတ်တော်ကို ဆင့်ဆိုသောသူ၏စကားကို ငြင်းပယ်သောသူတို့သည် အပြစ်မလွတ်ရသည်မှန်လျှင်၊ ထိုမျှမက၊ ကောင်းကင်ဘုံက မိန့်တော်မူသောသူ၏ စကားကို ငါတို့သည် နားမထောင်ဘဲနေလျှင်၊ သာ၍ကြီးစွာသောအပြစ်နှင့် အဘယ်သို့ ကင်းလွတ်နိုင်မည်နည်း။
၈။အမြဲဆုတောင်းတတ်ဖို့သတိရှိပါ။
၁ပေ၄:၇ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည် ဖြစ်သောကြောင့်၊ သမ္မာသတိရှိကြလော့။ ဆုတောင်းခြင်းအလိုငှာ စောင့်နေကြလော့။
၉။စာတန်ရဲ့ဝါးမျိုခြင်းမခံရဖို့သတိရှိပါ။
၁ပေ၅:၈သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။
၁၀။နောက်ဆုံးသောကာလရဲ့မျော်လင့်ခြင်းမှာသတိရှိပါ။
၁ပေ၁:၁၃သို့ဖြစ်၍၊ သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့။ ယေရှုခရစ် ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့ဆီသို့ရောက်လတ္တံ့သော ဆုကျေးဇူးကို အဆုံးတိုင်အောင် မျှော်လင့်ကြလော့။
(မာကု၁၃:၃၃၊လုကာ၂၁:၃၄၊၁ပေ၄:၇၊
နိဂုံး
သမ္မာကျမ်းစာမှပေးသောသတိ(၁၀)ချက်ကတော့…
၁။လွဲမှားတဲ့သြဝါဒကိုသတိပြုပါ။
၂။အချိန်မရွေးသေနိုင်တာသတိပြပါ။
၃။သူတပါးထိမိလဲစရာမဖြစ်ဖို့သတိပြုပါ။
၄။ရန်ကိုမတုန့်ပြန်ဖို့သတိပြုပါ။
၅။ယုံကြည်သွန်သင်မှုမှာမိမိကိုယ်ကိုဆင်ခြင်သတိပြုပါ။
၆။ဘုရားတရားမရိုသေသူကိုသတိပြုပါ။
၇။တရားစကားကိုမငြင်းမိဖို့သတိပြုပါ။
၈။အမြဲဆုတောင်းတတ်ဖို့သတိရှိပါ။
၉။စာတန်ရဲ့ဝါးမျိုခြင်းမခံရဖို့သတိပြုပါ။
၁၀။နောက်ဆုံးသောကာလရဲ့မျော်လင့်ခြင်းမှာသတိရှိပါ။