• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဒီ(၇)နေရာမှာဘုရားဘုန်းထင်ရှားစေပါ။

ဆရာရဲမင်း

11 月 18, 2024

ဒီ(၇)နေရာမှာဘုရားဘုန်းထင်ရှားစေပါ။

၁။စား‌သောက်ရာမှာဘုရားဘုန်းထင်ရှား‌စေပါ။
၁ကော၁၀:၃၁သင်​တို့​သည် စား​သော်​လည်း​ကောင်း၊ သောက်​သော်​လည်း​ကောင်း၊ မည်​သည့်​အ​မှု​ကို ပြု​သော်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ကို ထောက်၍ ခပ်​သိမ်း​သော​အ​မှု​ကိ​စ္စ​ကို ပြု​ကြ​လော့။

၂။ပြောဆိုရာမှာဘုရားဘုန်းထင်ရှားစေပါ။
ဧဖက်၄:၂-၉ညစ်​ညူး​သော စ​ကား​တစ်​ခွန်း​ကို​မျှ သင်​တို့​နှုတ်​ထဲ​က မ​ထွက်​စေ​နှင့်။ ကြား​နာ​သော သူ​တို့၏​အ​ကျိုး​ကို ပြု​စု​စေ​ခြင်း​ငှာ၊ တည်​ဆောက်​စ​ရာ​ဖို့ ကောင်း​သော​စ​ကား​ကို​သာ သုံး​ဆောင်​ကြ​လော့။(မဿဲ၅:၃၇)

၃။ဝတ်ဆင်ရာမှာဘုရားဘုန်းထင်ရှားစေပါ။
၁တိ၂:၉-၁၀ မိန်း​မ​တို့​သည် ကျစ်​သော​ဆံ​ပင်၊ ရွှေ​တန်​ဆာ၊ ကျောက်​ပု​လဲ​အ​ဖိုး​ထိုက်​သော​အ​ဝတ်​နှင့် ကိုယ်​ကို မ​ဆင်​ဘဲ၊ ရှက်​ကြောက်​ခြင်း၊ ဣ​န္ဒြေ​စောင့်​ခြင်း​အား​ဖြင့်၊ လျောက်​ပတ်​သော အ​ဝတ်​နှင့်​လည်း​ကောင်း၊ဘု​ရား​သ​ခင်​အား ရို​သေ​လေး​မြတ်​ခြင်း​ကို ဝန်​ခံ​ပြု​စု​သော မိန်း​မ​ဆင်​သင့်​သည်​အ​တိုင်း ကောင်း​သော အ​ကျင့်​နှင့်​လည်း​ကောင်း၊ ကိုယ်​ကို တန်​ဆာ​ဆင်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။

‌၄။ကိုယ်ခန္ဓာမှာဘုရားဘုန်းထင်ရှားစေပါ။
၁ကော၆:၂၀သင်​တို့​သည် အ​ဖိုး​နှင့် ဝယ်​တော်​မူ​သော​သူ ဖြစ်​သော​ကြောင့်၊ ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော သင်​တို့၏ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ထင်​ရှား​စေ​ကြ​လော့။(၁သက်၄:၃-၄၊၁ကော၆:၁၃-၁၅၊ရောမ:၂၆-၂၇)

၅။ပေးလှူမှုမှာဘုရားဘုန်းထင်ရှားစေပါ။
၂ကော၉:၁၃သင်​တို့​သည် ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား အ​လို​သို့ ထင်​ရှား​စွာ​လိုက်​ခြင်း အ​လို​ကို​လည်း​ကောင်း၊ ထို​သန့်​ရှင်း​သူ​တို့​မှ​စ​သော လူ​အ​ပေါင်း​တို့​အား ကြည်​ညို​သော စေ​တ​နာ​စိတ်​နှင့် စွန့်​ကြဲ​ပေး​ကမ်း​ခြင်း အ​ရာ​ကို​လည်း​ကောင်း၊ သူ​တို့​သည် အောက်​မေ့​သော​အ​ခါ၊ ဤ​လုပ်​ကျွေး​ခြင်း​အ​မှု၏ လ​က္ခ​ဏာ သက်​သေ​ကို​ထောက်၍ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​တတ်​ကြ၏။

၆။ယုံကြည်မှုမှာဘုရားဘုန်းထင်ရှားစေပါ။
လုကာ၁၇:၁၅ထို​သူ​တို့​တွင် တစ်​ယောက်​သော​သူ​သည် အ​နာ​ရော​ဂါ​ကင်း​လွတ်​သည်​ကို သိ​မြင်​လျှင်၊ ပြန်​လာ၍ ကြီး​သော​အ​သံ​နှင့် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လေ၏။

၇။လုပ်ဆောင်မှုတိုင်းမှာဘုရားဘုန်းထင်ရှားစေပါ။
မဿဲ၅:၁၆သူ​တစ်​ပါး​တို့​သည် သင်​တို့၏ ကောင်း​သော​အ​ကျင့်​ကို မြင်၍၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ ဂုဏ်​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ သူ​တစ်​ပါး​ရှေ့၌ သင်​တို့​အ​လင်း​ကို လင်း​စေ​ကြ​လော့။(၁ပေ:၂:၁၂၊ဧဖက်၄:၁၊ရောမ၁၅:၆-၇)