• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ပေးလှူခြင်းရဲ့ကောင်းကြီး(၇)မျိုး

ဆရာရဲမင်း

11 月 18, 2024

ပေးလှူခြင်းရဲ့ကောင်းကြီး(၇)မျိုး

၁။ကောင်းကြီးအဆများစွာဖြစ်စေတယ်။
ပေးလှူခြင်းဟာအစုရှယ်ရာပါဝင်ခြင်းနဲ့တူပြီး၊‌ကောင်းကြီးအဆပေါင်းမြောက်များစွာပြန်ခံစားရတတ်ပါတယ်။ကောင်းကြီးပြန်ရဖို့ပေးလှူတာမဟုတ်ပေမယ့်၊ပေးလှူသူတိုင်းကိုဘုရားပြန်ကောင်းကြီးပေးတာတော့အမှန်ပါဘဲ။
(၂ကော၉:၆၊၁၀အ​နည်း​ငယ်​သော​မျိုး​စေ့​ကို ကြဲ​သော​သူ​သည် စ​ပါး​အ​နည်း​ငယ်​သာ​ရိတ်​ရ​မည်။များ​စွာ​ကြဲ​သော​သူ​သည် များ​စွာ​ရိတ်​ရ​မည်​ဟု မှတ်​ကြ​လော့။…မျိုး​စေ့​ကြဲ​သော​သူ​အား မျိုး​စေ့​ကို​လည်း​ကောင်း၊ အ​စာ​အာ​ဟာ​ရ​ကို​လည်း​ကောင်း၊ ပေး​တော်​မူ​သော​သူ​သည်၊ သင်​တို့​အား မျိုး​စေ့​ကို ပေး၍ ပွား​များ​စေ​တော်​မူ​မည်။ သင်​တို့၏ ဖြောင့်​မတ်​ခြင်း​ကို​လည်း ကြွယ်​ဝ​စေ​တော်​မူ​မည်။)

၂။ပျော်ရွှင်ကျေနပ်ခြင်းဖြစ်စေတယ်
စေတနာစိတ်ဆိုတာမူရင်းကျမ်းစာထဲမှာ ဘုရားသခင်ကိုကျေးဇူးတင်ချင်လွန်းလို့မထိန်းချုပ်နိုင်ဘဲပေးလှူခြင်းပါ။ဒါဟာပျော်ရွှင်ကြည်နူးပြီးကျေနပ်ခြင်းကိုဖြစ်စေပါတယ်။
(၂ကော၉:၇လူ​တိုင်း ကိုယ်​အ​လို​အ​လျောက် လှူ​ရ၏။ နှ​မြော​သော​စိတ်​နှင့် မ​လှူ​ရ၊ မ​လှူ​ဘဲ​မ​နေ​ရ​ဟု စိတ်​ထင်​နှင့် မ​လှူ​ရ၊ အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​နှင့် လှူ​သော​သူ​ကို​သာ ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ၏။)

၃။ဖြောင့်မတ်ခြင်းသက်သေရစေတယ်။
ပေးလှူလို့ဖြောင့်မတ်တာမဟုတ်ရပါဘူး၊ယေရှုခရစ်ကိုယုံကြည်ပြီးဖြောင့်မတ်သူဖြစ်လာလို့ဖြောင့်မတ်ခြင်းရဲ့သက်သေအဖြစ်ပေးလှူကြတာဖြစ်ပါတယ်။ပေးလှူခြင်းဟာမိမိဖြောင့်မတ်သူဖြစ်ကြောင်းသာ၍သက်သေရစေပါတယ်။
(၂ကော၉:၈ကျမ်း​စာ​လာ​သည်​ကား၊ သူ​သည်​စွန့်​ကြဲ​ပြီ၊ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ကမ်း​ပြီ။သူ၏​ဖြောင့်​မတ်​ခြင်း​သည် အ​စဉ်​အ​မြဲ​တည်​တတ်၏​)

၄။မင်္ဂလာမျိုးစုံနဲ့ပြည့်စုံစေတယ်
ပေးလှူတတ်တဲ့သူတွေကိုဘုရားသခင်ကဥစ္စာအမျိုးမျိုး၊ကောင်းသောအကျင့်အမျိုးမျိုး၊မင်္ဂလာဆုကျေးဇူးမျိုးစုံနဲ့ပြည့်စေနိုင်တယ်လို့ကျမ်းစာကဆိုထားပါတယ်။
(၂ ကော၉:၉သင်​တို့​သည် အ​ရာ​ရာ၌ သုံး​လောက်​သော ဥ​စ္စာ​အ​မျိုး​မျိုး​နှင့် အ​စဉ်​ရှိ၍၊ ကောင်း​သော အ​ကျင့်​အ​မျိုး​မျိုး​နှင့် အ​ထူး​သ​ဖြင့် ပြည့်​စုံ​မည် အ​ကြောင်း၊ အ​မျိုး​စုံ​သော​မင်္ဂ​လာ​ကျေး​ဇူး​နှင့် အ​ထူး​သ​ဖြင့် ပြည့်​စုံ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင် တတ်​နိုင်​တော်​မူ၏။)

၅။အခြားသူတွေဘုရားကိုမြင်လာစေတယ်။
ခရစ်ယာန် တွေရဲ့ပေးလှူခြင်းဟာမိမိကိုယ်ကိုပေါ်လွင်စေခြင်းမဟုတ်ဘဲ၊ဘုရားသခင်ကိုလူတွေမြင်လာစေခြင်းဖြစ်ပါတယ်။မိမိရဲ့ပေးလှူမှုလေးကြောင့်လူတွေအများကြီးကယ်တင်ခြင်းရသွားခြင်းဟာထာဝရကောင်းကြီးဖြစ်ပါတယ်။
(၂ကော၉:၁၁-၁၃ထို​သို့​သင်​တို့​သည် စေ​တ​နာ​စိတ်​နှင့် အ​မျိုး​မျိုး​သော စွန့်​ကြဲ​ပေး​ကမ်း​ခြင်း​အ​လို​ငှာ အ​ရာ​ရာ၌​ကြွယ်​ဝ​ခြင်း ရှိ​သည်​ဖြစ်၍၊ ငါ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​စ​ရာ​အ​ကြောင်း ရှိ​လိမ့်​မည်။… သူ​တို့​သည် အောက်​မေ့​သော​အ​ခါ၊ ဤ​လုပ်​ကျွေး​ခြင်း​အ​မှု၏ လ​က္ခ​ဏာ သက်​သေ​ကို​ထောက်၍ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​တတ်​ကြ၏။)

၆။ယုံကြည်ခြင်းရဲ့သက်သေဖြစ်စေတယ်။
ပေးလှူခြင်းဟာယေရှုခရစ်တော်ကိုယုံကြည်လို့၊ဧဝံဂေလိတရားကိုလိုက်စားတဲ့သက်သေဖြစ်စေပါတယ်။
(၂ ကော၉:၁၃သင်​တို့​သည် ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား အ​လို​သို့ ထင်​ရှား​စွာ​လိုက်​ခြင်း အ​လို​ကို​လည်း​ကောင်း၊ ထို​သန့်​ရှင်း​သူ​တို့​မှ​စ​သော လူ​အ​ပေါင်း​တို့​အား ကြည်​ညို​သော စေ​တ​နာ​စိတ်​နှင့် စွန့်​ကြဲ​ပေး​ကမ်း​ခြင်း အ​ရာ​ကို​လည်း​ကောင်း၊…)

၇။ထပ်ဆင့်ကောင်းကြီးရစေတယ်။
ပေးလှူသူဟာကောင်းကြီးရလို့ဘုရားရဲ့ကျေးဇူးကိုပြန်လည်ချီးမွမ်းရေတွက်တာဖြစ်ပါတယ်။ဒါကိုဘုရားသခင်ကကောင်းကြီးထပ်ဆင့်ပေးမှာဖြစ်သလို၊ပေးလှူခံရသူရဲ့ဆုတောင်းကောင်းကြီးပေးခြင်းကိုလည်းရရှိမှာပါ။
(၂ကော၉:၁၄-၁၅သင်​တို့၌ ထူး​မြတ်​သော​ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို​လည်း သူ​တို့​သည်​ထောက်​လျှင်၊ သင်​တို့​အ​ဖို့ အ​လို​ငှာ ဆု​တောင်း၍၊ အ​လွန်​ချစ်​ခင်​မြတ်​နိုး​ခြင်း​စိတ် ရှိ​ကြ၏။- ပြော၍​မ​ကုန်​နိုင်​သော ဘု​ရား​သ​ခင်၏ ဆု​ကျေး​ဇူး​တော်​ကို အောက်​မေ့၍ ချီး​မွမ်း​ခြင်း​ရှိ​စေ​သ​တည်း။)