• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဘုရားကလူသတ်ခိုင်းသတဲ့လား?

ဆရာရဲမင်း

11 月 18, 2024

ဘုရားကလူသတ်ခိုင်းသတဲ့လား?

ဘုရားသခင်ကဘာလို့“လူ့အသက်မသတ်ရ”ပညတ်ချပေးပြီး၊သူကိုယ်တိုင်ဓမ္မ‌ဟောင်းကျမ်းတချို့မှာလူသတ်ခိုင်းနေရတာလဲ?ဆိုတဲ့မေးခွန်းကိုလိုရင်းဖြေရှင်းပါရစေ။
ဘုရားသခင်ကဓမ္မဟောင်းစစ်ဘုရင်တချို့ကိုလူသတ်ခိုင်းတာဟာလူဆိုးတွေအပေါ်ဘုရားသခင်ရဲ့စီရင်ခြင်းတခုသာဖြစ်ပါတယ်။တနည်းအားဖြင့်အသတ်ခံရတဲ့သူတွေကသေသင့်သေထိုက်တဲ့သူတွေမို့ဘုရားသခင်ကဓမ္မဟောင်းလူတွေလက်နဲ့တရားစီရင်တာပါ။ဒါကိုဒီနေ့ကျွန်တော်တို့အနေနဲ့လူသတ်လို့ရပြီလို့လုံးဝမသက်ရောက်ပါဘူး။
နားလည်လွယ်အောင်ရှင်းပြရရင်…
ဥပမာနိုင်ငံတခုရဲ့တရားတဲ့အစိုးရကလူမသတ်ရ၊သတ်ရင်ဖမ်းခံရမယ်လို့ဥပဒေထုတ်ပြန်ထားပေမယ့်၊တဖက်မှာအပြစ်ရှိတဲ့လူဆိုးတွေကိုတော့အစိုးရကိုယ်တိုင်သေဒဏ်ပေး(သတ်)လို့ရနေတာသတိပြုပါ။လူလူချင်းသတ်ဖြတ်ရင်ဥပဒေအရအရေးယူခြင်းခံရနိုင်ပေမယ့်၊အစိုးရအနေနဲ့လူဆိုးကိုသတ်ရင်(သေဒဏ်ပေးရင်)အမှားလုပ်နေတာမဟုတ်ဘဲဖြောင့်မတ်စွာတရားစီရင်နေတယ်ဆိုတာလူတိုင်းသိမှာပါ။
ဒီအတိုင်းပါဘဲ၊
ဘုရားသခင်ကလူ့အသက်ကိုမသတ်ရဆိုတဲ့ပညတ်ချက်သတ်မှတ်ပေးပြီးတချိန်ထဲမှာဘာလို့ဓမ္မဟောင်းကလူတချို့ကိုကျူးကျော်စစ်(လူသတ်)ခိုင်းနေတာလဲဆိုရင်လူလူချင်းမတရားပြုခြင်းကိုပိတ်ပင်ပြီး၊အပြစ်ပြုသူကိုတော့သူ့အပြစ်အတိုင်းတရားစီရင်(သေဒဏ်ပေး)နေတာဖြစ်ပါတယ်။
နိုင်ငံတခုမှာသေဒဏ်ချမှတ်ခံရတဲ့အကျဉ်းသားကိုသေဒဏ်စီရင်ဖို့“ကြားခံလူတစု”ကသွားလုပ်ရသလို၊ဘုရားနိယာမမှာလည်းသေဒဏ်ချမှတ်ခံလိုက်ရတဲ့သမ္မာကျမ်းစာထဲကလူတချို့ကိုကြားခံ(ဘုရားလူ)ကစီရင်ရတာလေးဘဲဖြစ်ပါတယ်။ဒါဟာ‌ဘုရားသခင်ရဲ့ဖြောင့်မတ်စွာစီရင်ခြင်းတခုသာဖြစ်ပါတယ်။
ဒီလောက်ဆိုရင်နားလည်သွားပြီလို့ယုံကြည်ပါတယ်။ဝိညာဉ်တော်အလင်းပေးပါစေ။
ဆာလံ၇:၁၁ဘု​ရား​သ​ခင်​သည် တ​ရား​သ​ဖြင့်​စီ​ရင်​သော​ဘု​ရား​ဖြစ်၍၊ မ​တ​ရား​သော​သူ​ကို အ​စဉ်​အ​မျက်​ထွက်​တော်​မူ၏။
၁ရာ၂:၆ထာ​ဝ​ရ​ဘု​ရား​သည် သေ​စေ​သော​အ​ခွင့်၊ အ​သက်​ရှင်​စေ​သော​အ​ခွင့်၊ မ​ရ​ဏာ​နိုင်​ငံ​သို့ နှိမ့်​ချ​သော​အ​ခွင့်၊ ထ​မြောက်​စေ​သော​အ​ခွင့် ရှိ​တော်​မူ၏။