ဝိညာဉ်တော်ဘုရားရဲ့အလုပ်(၁၀)မျိုး
နိဒါန်း
သန့်ရှင်းသောဝိညာဉ်တော်ဆိုတာဘုရားသခင်ဖြစ်ပါတယ်။သုံးပါးတဆူ(တလုံးတဝ)ဖြစ်တဲ့-ခမည်းတော်ဘုရား၊သားတော်ဘုရား၊သန့်ရှင်းသောဝိညာဉ်တော်ဘုရားထဲကတပါးပါ။ဝိညာဉ်တော်ဘုရားကိုကျွန်တော်တို့နားလည်အောင်ကျမ်းစာကဖော်ပြတဲ့သူ့ရဲ့လုပ်ဆောင်ချက်(၁၀)ချက်နဲ့ဖော်ပြအလင်းပေးပါမယ်။
၁။ခရစ်တော်ရဲ့သက်သေကိုခံခြင်း
ယော၁၅:၂၆ခမည်းတော်ထံမှထွက်လာ၍ သမ္မာတရားနှင့်ပြည့်စုံသော ဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါစေလွှတ်လတ္တံ့သော ဥပဇ္ဈာယ်ဆရာသည် ရောက်လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။
၂။လူတွေရဲ့အပြစ်ကိုဖော်ပြခြင်း
ယော၁၆:၈ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကိုလည်းကောင်း၊ အပြစ်ကင်းခြင်းကိုလည်းကောင်း၊ အပြစ်စီရင်ခြင်းကိုလည်းကောင်း၊ လောကီသားတို့အား ထင်ရှားစွာဖော်ပြမည်။
၃။လူကိုဒုတိယမွေးဖွားစေခြင်း
ယော၃:၆-၇ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိဖြစ်၏။ ဝိညာဉ်တော်မွေးသောအရာသည် ဝိညာဉ်ဖြစ်၏။- ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည်ကို အံ့ဩခြင်းမရှိနှင့်။
၄။လူကိုအသစ်ပြုပြင်ပေးခြင်း
တိတု၃:၅ သန့်ရှင်းသောဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်း အားဖြင့်လည်းကောင်း၊ ငါတို့ကို ကယ်တင်တော်မူ၏။
၁ကော၆:၁၁ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း၊ ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ ရောက်ကြပြီ။
၅။ယုံကြည်သူတွေနဲ့အတူရှိပေးခြင်း
ယော၁၄:၁၆ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တစ်ပါးသောဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှာ သင်တို့အားပေးတော်မူမည်။
၆။ယုံကြည်သူကိုယေရှုစကားမှတ်မိစေခြင်း
ယော၁၄:၂၆ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္ဈာယ်ဆရာတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အား ပေးတော်မူမည်။
၇။သမ္မာတရားကိုနားလည်စေခြင်း
ယော၁၆:၁၃သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။
၈။ဝိညာဉ်ဆုကျေးဇူးများဝေပေးခြင်း
၁ကော၁၂:၁၁ဤအခွင့်ရှိသမျှတို့ကို တစ်ပါးတည်းသော ဝိညာဉ်တော်သည် ပြုပြင်၍ လူအသီးအသီးတို့အား အသီးအသီး ခံရသောအခွင့်ကို အလိုတော်ရှိသည်အတိုင်း ဝေငှ၍ ပေးတော်မူ၏။
၉။ယုံကြည်သူတိုင်းကိုတံဆိပ်ခတ်ခြင်း
ဧဖက်၄:၃၀ရွေးနုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်။
၁၀။ယုံကြည်သူတိုင်းကိုဆုတောင်းပေးခြင်း
ရော၈:၂၆ထိုမှတစ်ပါး၊ ငါတို့ မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။
နိဂုံး
ဝိညာဉ်တော်အလုပ်(၁၀)မျိုးကတော့
၁။ခရစ်တော်ရဲ့သက်သေကိုခံခြင်း
၂။လူတွေရဲ့အပြစ်ကိုဖော်ပြခြင်း
၃။လူကိုဒုတိယမွေးဖွားစေခြင်း
၄။လူကိုအသစ်ပြုပြင်ပေးခြင်း
၅။ယုံကြည်သူတွေနဲ့အတူရှိပေးခြင်း
၆။ယုံကြည်သူကိုယေရှုစကားမှတ်မိစေခြင်း
၇။သမ္မာတရားကိုနားလည်စေခြင်း
၈။ဝိညာဉ်ဆုကျေးဇူးများဝေပေးခြင်း
၉။ယုံကြည်သူတိုင်းကိုတံဆိပ်ခတ်ခြင်း
၁၀။ယုံကြည်သူတိုင်းကိုဆုတောင်းပေးခြင်း
ဖြစ်ပါတယ်။