အသွေးတော်ရဲ့တန်ခိုး(၈)မျိုး
နိဒါန်း
အသွေးတော်ဆိုတာတခြားလူတွေရဲ့အသွေးကိုပြောတာမဟုတ်ရပါဘူး၊လူသားအားလုံးအတွက်ယေရှုခရစ်တော်ကားတိုင်ပေါ်မှာအသေခံအသွေးသွန်းသွားတဲ့အသွေးတော်ကိုဆိုလိုပါတယ်။ဒီအသွေးတော်ဟာဘုရားသခင်ကိုယ်တိုင်ရဲ့အသွေးတော်ဖြစ်တဲ့အတွက်တန်ခိုးရှိ နေပါတယ်။ဒါကြောင့်သမ္မာကျမ်းစာထဲမှာအသွေးတော်ရဲ့တန်ခိုး(၈)မျိုးလောက်ဖော်ပြထားတာကိုအလင်းပေးပါမယ်။
၁။အပြစ်ဆေးကြောစေခြင်း
၁ယော၁:၇ ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့၊ ငါတို့သည် အလင်း၌ကျင်လည်လျှင်၊ အချင်းချင်း မိတ်သဟာယဖွဲ့ခြင်း ရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော် ယေရှုခရစ်၏ အသွေးတော်သည်၊ ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။(ဗျာ၇:၁၄၊ဟေဗြဲ၁၃:၁၂၊ဟေဗြဲ၉:၂၂၊ဧဖက်၁:၇)
၂။ပဋိညာဉ်သစ်တည်စေခြင်း
၁ကော၁၁:၂၅ ထိုနည်းတူ၊ ညစာစာပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား ငါ၏အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။ ဤခွက်ကို သောက်သောအခါခါ၊ ငါ့ကိုအောက်မေ့ဖို့ရာ သောက်ကြလော့ဟု မိန့်တော်မူ၏။(ဟေဗြဲ၁၃:၂၀၊ဟေဗြဲ၉:၂၀
၃။သေခြင်းမှထာဝရလွတ်စေခြင်း
ဟေဗြဲ၉:၁၂ ငါတို့အဖို့ ထာဝရရွေးနုတ်ခြင်း ကျေးဇူးကိုခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့် မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရေးဌာနထဲသို့ တစ်ခါတည်း ဝင်တော်မူ၏။
(ဓမ္မဟောင်းထွက်၁၂:၁-၁၄မှာအရိပ်)
၄။ထာဝရကယ်တင်ခြင်းရစေခြင်း
ရောမ၅:၉ ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မျှော်လင့်စရာရှိ၏။
၅။ဩသ္သပ္ပစိတ်ကြည်လင်စေခြင်း
ဟေဗြဲ၉:၁၄ ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏အသွေးသည်၊ သေခြင်းနှင့် စပ်ဆိုင်သောအကျင့်ကို ပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသော စိတ်ကို စင်ကြယ်စေခြင်းငှာ၊ သာ၍တတ်နိုင်တော်မူသည် မဟုတ်လော။
၆။ဘိုးဘေးကျိန်ခြင်းမှလွတ်ခြင်း
၁ပေ၁:၁၈-၁၉အကြောင်းမူကား သင်တို့သည် ဘိုးဘေးများထံမှဆက်ခံသည့် သင်တို့၏အချည်းနှီးသောအသက်ရှင်နေထိုင်မှုထဲမှ ရွေးနုတ်ကယ်တင်ခြင်းခံရသည်မှာ ရွှေ၊ ငွေ စသောယိုယွင်းပျက်စီးတတ်သည့်အရာများအားဖြင့်မဟုတ်ဘဲ အစွန်းအထင်းကင်းလျက် အပြစ်အနာအဆာမရှိသည့် သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အဖိုးတန်သောသွေးတော်အားဖြင့်ဖြစ်ကြောင်း သင်တို့သိကြ၏။(စံမီ)
၇။ဘုရားသခင်နှင့်နီးစေခြင်း
ဧဖက်၂:၁၃-၁၄ သင်တို့သည် အထက်က ဝေးလျက်ရှိသော်လည်း၊ ယခုမှာ ယေရှုခရစ်၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ ရောက်ကြပြီ။အဘယ်သို့နည်းဟူမူကား၊ ထိုသခင်သည် ငါတို့ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။(ဆက်လေ့လာရန်၁ယော၁:၉၊ဗျာ၅:၉)။
၈။စာတန်ကိုအောင်မြင်စေခြင်း
ဗျာ၁၂:၁၀-၁၁ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင်ရှေ့တော်၌ နေ့ညမပြတ် အပြစ်တင်သောရန်သူကို အောက်သို့ ချလေပြီ။သူတို့သည် သိုးသငယ်၏ အသွေးအားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံချက် နှုတ်ကပတ်တရားအားဖြင့်လည်းကောင်း အောင်မြင်၍၊ အသေခံသည်တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ။
နိဂုံး
ယေရှုခရစ်တော်အသွေးတော်ရဲ့တန်ခိုး(၈)မျိုးကတော့
၁။အပြစ်ဆေးကြောခြင်း
၂။ပဋိညာဉ်သစ်တည်စေခြင်း
၃။သေခြင်းမှထာဝရလွတ်စေခြင်း
၄။ထာဝရကယ်တင်ခြင်းရစေခြင်း
၅။ဩသ္သပ္ပစိတ်ကြည်လင်စေခြင်း
၆။ဘိုးဘေးကျိန်ခြင်းမှလွတ်ခြင်း
၇။ဘုရားသခင်နှင့်နီးစေခြင်း
၈။စာတန်ကိုအောင်မြင်စေခြင်း
ဖြစ်ပါတယ်။